ဖြူဝင်းတဲ့ ချိုင်းသားလေးတွေ ရရှိစေဖို့

ချိုင်းမည်းနေရင် အင်္ကျီလက်ပြတ် လှလှလေးတွေ ဝတ်လို့အဆင်မပြေဘူးနော်။ ကိုယ့်ကိုယ်လည်း ယုံကြည်မှု မရှိတော့ဘူးလေ။ အဲဒီတော့ ချိုင်းသားတွေ မဖြူလို့ အခက်တွေ့နေရတဲ့ သူငယ်ချင်းတွေအတွက် ချိုင်းဖြူအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြမယ်နော်။

 

Good Hygiene

ခန္ဓာကိုယ်ကို သေချာမသန့်စင်ပေးရင် ဂျီးအထပ်ထပ်နဲ့ ညစ်လာတတ်တယ်လေ။ ချိုင်းလည်း အဲဒီလိုပဲပေါ့။ အဲဒီတော့ ရေချိုးတိုင်း ချိုင်း တွေကို ဆပ်ပြာနဲ့ သေချာသန့်စင်ပြီး ရေစင်အောင် ဆေးပေးရမယ်နော်။

Exfoliation

ချိုင်းတွေ မည်းညစ်နေတယ်ဆိုတာ ဆဲလ်အသေတွေ အထပ်ထပ်ဖြစ်နေလို့ပါ။ အဲဒီတော့ တစ်ပတ်ကို (၂) ကြိမ်လောက် ဆဲလ်အသေတွေကို ဖယ်ရှားပေးပါ။ ဘာမှ ထူးထူးခြားခြား မဟုတ်ပါဘူး။ ချိုင်းအောက်တွေကို သပွတ်အူတို့ ရေမြုပ်တို့နဲ့ သေချာပွတ်တိုက်ပေးရင် ရပြီနော်။ ဆဲလပ်အသေတွေအစား ဖြစ်ပေါ်လာတဲ့ ဆဲလ်အသစ်လေးတွေကြောင့် ချိုင်းသား မည်းတာတွေ တဖြည်းဖြည်း သက်သာသွားမှာပါ။

Removing Hair

ချိုင်းမွှေးတွေကို သေချာမရိတ်မိရင်လည်း ကျန်နေတဲ့ အမွှေးလေးတွေက ချွေးပေါက်တွေကို ပိတ်စေပြီး အရေပြားကို မည်းညစ်စေပါတယ်။ အဲဒီတော့ အမွှေးတွေကို ရိတ်မယ်ဆိုရင်လည်း ရိတ်ဓားကောင်းကောင်း သုံးပါ။ အကောင်းဆုံးနည်းကတော့ နှုတ်ပစ်တာပါပဲ။ အဲဒီအတွက် အမွှေးအမျှင်တွေကို သဘာဝနည်းနဲ့ ဖယ်ရှားမယ်ဆိုတဲ့ ပို့စ်ကိုလည်း ဖတ်ကြည့်ပါအုံးနော်။

အရမ်းဝလို့ လက်မောင်းသားတွေကြီးပြီး တွဲကျနေတဲ့အခါမှာလည်း အရေပြားအချင်းချင်း ပွတ်တိုက်ရာကနေ ချိုင်းတွေ မည်းလာနိုင်ပါတယ်။ ဒါကြောင့် မမဝဝတွေ ကိုကိုဝဝတွေ ဝိတ်လျှော့သင့်တယ်နော်။

Chossing a Deodorant

ချိုင်းမွှေးနံ့ ပျောက်အောင် Roll on တွေ သုံးတာကိုလည်း သတိထားသင့်ပါတယ်။ တချိူ့ Roll on တွေမှာပါတဲ့ ဓာတုဗေဒပစ္စည်းတွေက အရေပြားနဲ့ ဓာတ်မတည့်တော့ ချိုင်းမည်းတာမျိူးလည်း ဖြစ်တတ်တယ်လေ။ အဲဒီတော့ Roll on သုံးပြီးမှ ဖြစ်လာတာဆိုရင်တော့ အဲ့ Roll on ကိုဆက်မသုံးပါနဲ့တော့။ ချွေးနံ့တွေပျောက်အောင် ရေချိုးပြီးချိန်မှာ ကျောက်ချဉ်ရေ လိမ်းပေးနိုင်ပါတယ်။
ချွေးနံ့တွေ ခံတွင်းနံ့ဆိုးတွေအတွက် ဖြေဆေးဆိုတဲ့ ပို့စ်မှာ ချွေးနံ့နံရင် ဘယ်လိုလုပ်ရမယ်ဆိုတာကို ပြောပြထားတယ်နော်။

Lossen up

အရမ်းကျပ်တဲ့ အင်္ကျီတွေကို မဝတ်ပါနဲ့။ ချိုင်းနေရာအရမ်းကျပ်နေရင် အရေပြားနဲ့ ပွတ်တိုက်မိပြီး ချိုင်းသားတွေ မည်းသွားနိုင်လို့ပါ။

Reduce weight

အရမ်းဝလို့ လက်မောင်းသားတွေကြီးပြီး တွဲကျနေတဲ့အခါမှာလည်း အရေပြားအချင်းချင်း ပွတ်တိုက်ရာကနေ ချိုင်းတွေ မည်းလာနိုင်ပါတယ်။ ဒါကြောင့် မမဝဝတွေ ကိုကိုဝဝတွေ ဝိတ်လျှော့သင့်တယ်နော်။

Natural Ways

– သံပုရာသီးကို တခြမ်းခြမ်းလိုက်ပြီး မည်းနေတဲ့ ချိုင်းသားတွေကို ပွတ်ပေးပါ။ မိနစ် (၂၀) လောက်နေရင် ရေနွေးမှာစိမ်ထားတဲ့ အဝတ်လေးနဲ့ ပွတ်ပေးပါ။
– Vit E ကို နေ့တိုင်းမှန်မှန်လိမ်းပေးရင်လည်း ချိုင်းတွေ ဖြူဖွေးလာနိုင်တယ်နော်။
– သံပုရာရည်နဲ့ ပျားရည် စားပွဲတင်ဇွန်း (၁) ဇွန်းစီကို သမအောင် ရောမွှေပြီး ချိုင်းအောက်မှာ လိမ်းပေးပါ။ နာရီဝက်ကြာတဲ့အခါ ရေနွေးလေးနဲ့ ဆေးလိုက်ပါ။
အပေါ်က နည်းလေးတွေအတိုင်း သေချာလုပ်ပေးသွားရင် ချိုင်းသားဖြူဖြူလေးတွေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိနိုင်ပြီပေါ့။

Pi Xell

မှတ်ချက်။ ။ http://maesaionline.blogspot.com/ စာမျက်နှာမှ ကူးယူဖော်ပြခြင်း ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.