အင်္ဂလန်က တော်ဝင် မိသားစုဝင်တစ်ဦး ကိုယ့်ကိုယ့်ကို Bisexual အဖြစ် လူသိရှင်ကြား ထုတ်ဖော်ပြောဆို

အင်္ဂလန်နိုင်ငံရဲ့ ဘုရင့်တော်ဝင် မိသားစုဝင်တစ်ဦးဖြစ်တဲ့ လော့ဒ် အီဗာမောင့်ဘက်တန် Lord Ivar Mountbatten က ကိုယ့်ကိုယ်ကို Bisexual (လိင်တူ လိင်ကွဲ နှစ်မျိုးလုံးကို ချစ်ခင်စုံမက်သူ) အဖြစ် တရားဝင် ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဒေးလီးမေးလ် သတင်းဌာနရဲ့ ဝဘ်ဆိုက်ဒ်စာမျက်နှာမှာ ရေးသားဖော်ပြထားချက်အရ လော့ဒ် အီဗာ မောင့်ဘက်တန်ဟာ သူ့ရဲ့ လိင်စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ ရုန်းကန်ခဲ့ရပြီး ဒီအခြေအနေရောက်အောင် တကယ့် ခရီးရှည်ကြီးတစ်ခုလို ဖြတ်သန်းခဲ့ရတယ်လို့ ဆိုပါတယ်။

“အခုတော့ ကျွနိုပ်အနေနဲ့ ဒါကို မြေမြှပ်ပစ်လိုက်ပြီ” လို့ လော့ဒ် အီဗာ မောင့်ဘက်တန်က ပြောဆိုခဲ့ပါတယ်။

လော့ဒ် အီဗာ မောင့်ဘက်တန်အနေနဲ့ ကိုယ့်ကိုယ်ကို Bisexual (လိင်တူလိင်ကွဲ နှစ်မျိုးလုံးကို ချစ်ခင် စုံမက်သူ) အဖြစ် ပွင့်ပွင့်လင်းလင်းလိုက်တာကြောင့် သူဟာ ဗြိတိန် တော်ဝင်မိသားစုထဲမှာ ပထမဦးဆုံး ပွင့်ပွင့်လင်းလင်း LGBT တစ်ဦးအဖြစ် သတ်မှတ်ရမှာ ဖြစ်ပါတယ်။

 

LORD & LADY IVAR MOUNTBATTEN and their children, left to right, LULI, ELLA and ALIX, at a polo match in West Sussex on 17th July 2005.QHB 331 NON EXCLUSIVE - WORLD RIGHTS
LORD & LADY IVAR MOUNTBATTEN and their children, left to right, LULI, ELLA and ALIX

လော့ဒ် အီဗာ မောင့်ဘက်တန်ဟာ အရင်က အိမ်ထောင်ကျခဲ့ဖူးပြီး အခုအခါမှာ ကလေး (၃) ယောက် ဖခင်လည်း ဖြစ်ပါတယ်။ သူဟာ ၁၉၉၄ ခုနှစ်မှာ Penny ဆိုသူ အမျိုးသမီးနဲ့ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ တစ်ကယ်တော့ သူ Bisexual တစ်ယောက် ဖြစ်တယ်ဆိုတာကို သူ ငယ်စဉ် ဆယ်ကျော်သက် အရွယ်ကတည်းက ကိုယ့်ကိုယ်ကို သိရှိထားတယ်လို့ လော့ဒ် အီဗာ မောင့်ဘက်တန်က ပြောပါတယ်။ ထိုစဉ်က သူ့အနေနဲ့ အိမ်ထောင်ပြုဖြစ်လိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးလို့ ဆိုပါတယ်။

လက်ထပ်ခါနီးမှာ သူ Bisexual တစ်ယောက် ဖြစ်တယ်ဆိုတာကို ဇနီးလောင်းဖြစ်သူ Penny ကို အသိပေးခဲ့ပြီး ဇနီးဖြစ်သူရဲ့ နားလည်ပေးမှုကို ရရှိခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း လောဒ် အီဗာ မောင့်ဘက်တန်က ပြောကြားခဲ့ပါတယ်။

“ကျွနိုပ်ရဲ့ လိင်စိတ်ခံယူမှုကို ပြောပြလိုက်ပေမယ့်လည်း Penny က လက်ထပ်ဖို့ လက်ခံခဲ့တဲ့အတွက် အတော်လေး အံ့အောသင့်သွားမိခဲ့တယ်။ တစ်ကယ့်ကို ရဲရင့်ခဲ့ပါတယ်။ ဒါပေမဲ့ သူမအနေနဲ့ ကျွနိုပ်ကို ပြောင်းလဲအောင် လုပ်နိုင်လိမ့်မယ်လို့ တွေးမိလို့လည်း ဖြစ်ကောင်းဖြစ်မှာပေါ့။ ဒါပေမဲ့ သူမ မလုပ်နိုင်ခဲ့ပါဘူး” လို့ လောဒ် အီဗာ မောင့်ဘက်တန်က ပြောပြပါတယ်။

သူတို့ နှစ်ယောက်ဟာ ၂၀၁၁ ခုနှစ်မှာ ကွာရှင်းပြတ်စဲခဲ့ကြပါတယ်။

၂၀၁၄ ခုနှစ်မှာ လောဒ် အီဗာမောင့်ဘက်တန်ဟာ ဂေးတစ်ဦးနဲ့ တိတ်တဆိတ် တွဲနေခဲ့တယ်လို့ သိုးသိုးသန့်သန့် သတင်းထွက်ခဲ့သေးပေမဲ့ သူ့အနေနဲ့ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့တာမျိုး မရှိခဲ့ပါဘူး။ လက်ရှိ သူ လက်တွဲနေတဲ့ James နဲ့ မတွေ့ခင်အထိ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်မှာ လောဒ် အီဗာမောင့်ဘက်တန်ဟာ ဂေးတစ်ဦးနဲ့ တိတ်တဆိတ် တွဲနေခဲ့တယ်လို့ သိုးသိုးသန့်သန့် သတင်းထွက်ခဲ့သေးပေမဲ့ သူ့အနေနဲ့ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့တာမျိုး မရှိခဲ့ပါဘူး။ လက်ရှိ သူ လက်တွဲနေတဲ့ James နဲ့ မတွေ့ခင်အထိ ဖြစ်ပါတယ်။

လောဒ် အီဗာမောင့်ဘက်တန်ဟာ သူ့အသက် ၅၃ နှစ် ရောက်တဲ့အခါမှာ အချစ်သစ်နဲ့ တွေ့ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် မတ်လအတွင်း ဆွစ်ဇာလန်နိုင်ငံကို လောဒ် အီဗာမောင့်ဘက်တန် ရောက်သွားတော့ James Coyle နဲ့ တွေ့ခဲ့ရာကစပြီး အချစ်သစ်ကို စတင်တွေ့ရှိခဲ့ပြီး ဘဝသစ်တစ်ခု စတင်ဖို့ ဖြစ်လာခဲ့ပါတယ်။

James Coyle ဟာ လေကြောင်းလိုင်းတစ်ခုရဲ့ ဒါရိုက်တာတစ်ဦးဖြစ်ပြီး လောဒ် အီဗာ မောင့်ဘက်တန်ကို လူမှားပြီး ဟယ်လိုလို့ မှားယွင်း နှုတ်ဆက်ခဲ့တာကနေ အစပြုပါတယ်။ သူတို့နှစ်ယောက် တွေ့ဆုံမှုဟာ မတော်တဆ အမှတ်မထင် ဆိုပေမဲ့ သူတို့နှစ်ဦးရဲ့ အချစ်တွေဟာ ရုတ်ချည်းပဲ အပြန်အလှန် ဖြစ်ပေါ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

lord-ivar-mountbatten-and-james-coyle

James Coyle နဲ့ တွေ့တဲ့အချိန်အထိ လော့ အီဗာ မောင့်ဘက်တန်ဟာ ခပ်ပုန်းပုန်းသာ ရှိပါသေးတယ်။ နောက်ပိုင်း ပွင့်လင်းမြင်သာစွာ နေထိုင်လိုမှုကို ကြိုက်နှစ်သက်တဲ့ James Coyle နောက်ကို လိုက်ပြီး လောဒ် အီဗာ မောင့်ဘက်တန်ဟာ သူ့ရဲ့ လိင်စိတ်ခံယူမှုကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အဲဒီနောက် သူတို့နှစ်ဦးဟာ ဒီဗွန်မှာရှိတဲ့ ဧက ၁၂၀ ရှိတဲ့ Bridwell ဥယျာဉ် အိမ်တော်ကို ပြောင်းရွှေ့ နေထိုင်ခဲ့ကြပြီး ဘဝအသစ်တစ်ခုကို ရဲဝံ့စွာ ထူထောင်ခဲ့ကြပါတယ်။

လောဒ် အီဗာ မောင့်ဘက်တန်ရဲ့ ဇနီးဟောင်းဟာ အခုအခါမှာ သူ့အိမ်တော်ကနေ ကိုက် ၂၀၀ လောက် ဝေးတဲ့နေရာမှာ နေထိုင်နေပြီး ခင်ပွန်းဟောင်းဆီကို ဝင်ထွက်သွားလာမှု ပုံမှန်ပြုလုပ်လျက် ရှိနေဆဲ ဖြစ်ပါတယ်။ သူ့ရဲ့ သမီး (၃) ယောက်ကလည်း ဖခင်ဖြစ်သူရဲ့ အစီအမံကို နားလည်လက်ခံပေးမှု အပြည့်ရှိတယ်လို့ ဆိုပါတယ်။

“ကျွနိုပ်ရဲ့ အရင် အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ပျော်ရွှင်မှုတွေ အများကြီး ရရှိခဲ့ပါတယ်။ သမီး (၃) ယောက် ရရှိခဲ့ပြီး ပျော်ရွှင်ကြည်နူးခဲ့ရပါတယ်။ ကျွနိုပ်ရဲ့ ဘဝနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ နောင်တ ရတာမျိုး မရှိပါဘူး” လို့ လောဒ် အီဗာ မောင့်ဘက်တန်က ပြောဆိုခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.