အမေရိကန်နိုင်ငံ ဘာတီမိုးမြို့မှာ Transgender အမျိုးသမီးတစ်ဦး သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံရ

အမေရိကန်နိုင်ငံ မာရီလန်းပြည်နယ် ဘာတီမိုးမြို့မှာ Transgender အမျိုးသမီးတစ်ဦး ဦးခေါင်းနောက်စေ့ကို သေနတ်နဲ့ ပစ်ခတ်ခံရတဲ့အတွက် သေဆုံးသွားခဲ့ပါတယ်။ ဒီသေမှုသေခင်းဟာ ဘာတီမိုးမြို့မှာ ၂၀၁၆ ခုနှစ်အတွင်း (၂၁) ယောက်မြောက် သေဆုံးမှု ဖြစ်ပါတယ်။

Crystal Edmonds လို့ အမည်ရတဲ့ သေဆုံးသူ Transgender အမျိုးသမီးကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်၊ သောကြာနေ့ မနက် (၃) နာရီခန့်က ဘာတီမိုးမြို့ အနောက်မြောက်ဖက် လမ်းဘေးတစ်နေရာမှာ သေနတ်ဒဏ်ရာနဲ့ လဲကျလျက် ရှိနေတာကို ရဲတွေက တွေ့ရှိခဲ့ပါတယ်။ ရဲတွေဟာ Crystal Edmonds ကို ဆေးရုံကို အမြန်တင်ပို့ခဲ့ပေမယ့်လည်း မနက် (၁၁) နာရီမှာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

သေဆုံးစဉ်မှာ အသက် (၃၂) နှစ်ရှိပြီဖြစ်တဲ့ လူမဲ Transgender အမျိုးသမီးဟာ ရဲတွေ စတင်တွေ့ရှိတဲ့အချိန်မှာ သူမရဲ့ ဦးခေါက်နောက်က ရရှိထားတဲ့ သေနတ်ဒဏ်ရာကနေ သွေးတွေ ထွက်ကျနေခဲ့တယ်လို့ ဆိုပါတယ်။

Crystal Edmonds သေဆုံးမှုဟာ သွေးရိုးသားရိုး မဟုတ်ဘဲ အသတ်ခံရတာ ဖြစ်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။

bat

ဘာတီမိုးမြို့မှာ ဒီသေဆုံးမှုအပါအဝင် Transgender တွေ သတ်ဖြတ်ခံရတဲ့ အရေအတွက်ဟာ အခုအချိန်မှာ (၂၁) မှုအထိ ရှိသွားခဲ့ပြီဖြစ်တဲ့အတွက် ဒီစံချိန်ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် တစ်နှစ်လုံးစာ ဖြစ်ပွားခဲ့တဲ့ အမှုတွေနဲ့ အရေအတွက် တူသွားပြီလို့ ဆိုပါတယ်။

အထူးသဖြင့် အသတ်ခံရတဲ့သူတွေထဲမှာ လူမဲ Transgender အမျိုးသမီးတွေဟာ အများစု ဖြစ်တယ်လို့ သိရပါတယ်။

ဘာတီမိုးမြို့ရဲ့ ရဲမှူးဖြစ်သူ T.J Smith ကတော့ Crystal Edmonds ရဲ့ သေဆုံးမှုဟာ Transgender ဖြစ်လို့ အသတ်ခံရတာမျိုး ဖြစ်နိုင်မဖြစ်နိုင်ဆိုတာ တပ်အပ်မပြောနိုင်ဘူးလို့ သုံးသပ်ပြောဆိုပါတယ်။

ဒါပေမဲ့ ရဲတပ်ဖွဲ့အကြီးအကဲဖြစ်သူရဲ့ သုံးသပ်မှုဟာ Transgender တွေရဲ့ အသတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး လက်ခံနိုင်စရာ မရှိဘူးလို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ ရဲတပ်ဖွဲ့ဌာနတွေက Transgender တွေအပေါ် လိင်အသွင်အပြင် ခံယူဖော်ပြမှု မှားယွင်းနေတဲ့သူတွေ (Misgendered) အဖြစ် ရှုမြင်နေခြင်းကလည်း ဒီလို ရာဇဝတ်မှုတွေကို ကိုင်တွယ်ရာမှာ အဟန့်အတားဖြစ်နေပြီး Transgender တွေအပေါ် သတ်ဖြတ်ခံရမှုတွေ ပိုမိုများပြားလာစေတယ်လို့ ဝေဖန်ထောက်ပြနေကြပါတယ်။

Crystal Edmonds သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး သဲလွန်စ တစ်စုံတစ်ရာ မရရှိသေးဘူးလို့ ရဲတွေက ပြောပါတယ်။ လောလောဆယ်တော့ လူသတ်မှုနဲ့ ပတ်သက်ပြီး သတင်းပေးနိုင်သူကို ဆုငွေအဖြစ် ဒေါ်လာ (၂၀၀၀) ပေးဖို့ ထုတ်ပြန်ကြေငြာထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.