ဆန္ဒတို့ရဲ့ စတေးခံ

သူ့ခြေလှမ်းတို့က လုပ်လီလုပ်လဲ့။ မကြွချင်ကြွချင် လှမ်းနေရတဲ့ ခြေလှမ်းတွေကို မနိုင်မနင်း လှမ်းနေရသည်။ နောက်ကိုတစ်ချက် ငဲ့စောင်းကြည့်လိုက်ချိန်မှာ သူ့ရင်ထဲ ခါးသက်သွားသလို ခံစားလိုက်ရသည်။ သူ့ခြေလှမ်းတွေက အလိုလို ခပ်စိတ်စိတ်လေး လှမ်းဖြစ်သွားရသည်။ ရုတ်တရက် မိုးက သည်းထန်စွာရွာချလိုက်ချိန်မှာတော့ စူးရှတစ်ကိုယ်လုံး

Read more

ဇော

“အလကားပါကွာ၊ ကိုယ်တိုင်က ဝါသနာပါလို့ ဒီလိုမိန်းမလျာကြီးဖြစ်နေတာပါ” “ကြည့်ပါဦး…ရွံစရာကွာ။ ပြေးပြီး ကန်ပစ်လိုက်ချင်တယ်…” “ငါ့ညီသာဆို မလွယ်ဘူး။ မိသားစုတွေ ညီအစ်ကိုမောင်နှမတွေရဲ့ မျက်နှာကိုမှမထောက်… ဒီအလုပ်ကြီးနဲ့ ငွေရှာနေတာ” “ခြေလက်အင်္ဂါလည်း အစုံပါရဲ့သား နဲ့…ထွီ” မိန်းမလျာတဲ့။ ကျူးကျော်တွေနေတဲ့ ရပ်ကွက်လမ်းထိပ်ကအဖြတ်

Read more

စိတ်ကူးအချစ်

ဘေးနံရံနဲ့ မျက်နှာကြက်တွေအားလုံး အဖြူရောင်ဆေးသုတ်ထားတဲ့ အခန်းကျဉ်းထဲက ကုတင်တစ်ခုပေါ်မှာ ကျွန်တော်နေလာရတာ လနဲ့ချီနေပြီ။ အပြာရောင်ခန်းဆီးတွေက မှန်ရဲ့အပြင်ဘက် ပတ်ဝန်းကျင်ကို ထိန်းချုပ်ထားလေတော့ အချိန်တိုင်းဟာ အဖြူရောင်နဲ့ အပြာရောင်တွေသာ လွှမ်းမိုးလို့နေတယ်။ ခေါင်းစဉ်တပ်မရတဲ့ ကျွန်တော့်ရောဂါကို မိသားစုနဲ့ပတ်ဝန်းကျင်က သတ်မှတ်ပေးခဲ့တာက စိတ်ရောဂါတဲ့လေ။

Read more

သခင်

ဒီနေ့ သူ့ဘဝက အချုပ်အနှောင်တွေက လွတ်မြောက်တော့မယ့်နေ့။ သခင်က အားလုံးထဲမှာ သူ့ကိုမှရွေးချယ်လိုက်တယ်။ ပျော်လိုက်တဲ့ အပျော်တွေ။ သခင်ရဲ့ တယုတယလေးကြည့်နေတဲ့ မျက်ဝန်းလေးတွေကို ဘောင်ထဲက ထွက်လာလာချင်း ရင်ဆိုင်တွေ့လိုက်တဲ့အချိန်မှာပဲ သိပ်ကိုကြင်နာပြီး ငါ့ကိုတယုတယနဲ့ မြတ်နိုးမယ့်လူပါလားဆိုတာ ကျိန်းသေနေစေမိတယ်။ သခင့်လက်လေးနဲ့

Read more

သက်တံရောင် အလင်းတန်းများ

“ဟေ့ကောင်… မင်းတော်တော့ ငါ့ အလှည့်” အသံတချို့ကို ဝိုးတဝါးကြားနေရပေမယ့် ကျွန်တော့်မျက်လုံးတွေကိုတော့ ဖွင့်လို့မရဘူး။ မျက်တောင်တွေက ဒီလောက်တောင် လေးနေရသလားဗျာ။ ယောက်ျားတစ်ယောက်ဖယ်ခွာပြီး နောက်ထပ်အမျိုးသားတစ်ယောက် ကျွန်တော့်အောက်ဘက်ပိုင်းကို ထိကိုင်နေတာကိုတော့သိတယ်။ “အား…” အောက်ဘက်ပိုင်းဆီက နာကျင်မှုကြောင့် ကျွန်တော်ညည်းညူမိလိုက်တယ်။ ခပ်ကြမ်းကြမ်း

Read more

ကျမျက်ရည် ကျန်ရစ်လေတော့

မှတ်မှတ်ရရ … စခဲ့တဲ့ထိုနေ့က မိုးတွေရွာနေခဲ့သလို အဆုံးသတ်ကြရမယ့် ဒီနေ့မှာလည်း မိုးတွေသည်းအောင် ရွာလေတယ်။ ♥ ♥ ♥ ♥ ♥ သူနဲ့တွေ့ဆုံခဲ့တာက ဘာမှသိပ်တော့ ထူးဆန်းလွန်းတာမျိုးမဟုတ်။ တစ်ဆယ့်ခြောက်နှစ် ဆယ်တန်းအောင်ပြီးချိန် စာမေးပွဲအောင်လို့ ပျော်လို့ပျော်ရတဲ့

Read more

ကျောင်းပုံပြင်

(၁) ကျောက်သင်ပုံးပေါ်သို့ ရိုက်လိုက်သော ဆရာ၏ ကြိမ်လုံးသံကြောင့် တစ်တန်းလုံးတိတ်ဆိတ်သွားသည်။ မကြာသေးမီက ဆူညံနေခဲ့သော စာသင်ခန်းလေးသည် ရုတ်တရက်တိတ်ဆိတ်သွားသည်။ တစ်တန်းလုံး၏အကြည့်က ဆရာ့ဆီကို ရောက်သွားကြသည်။ ဆရာသည် တစ်တန်းလုံးကို ဒေါသဖြစ်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ တစ်ခုခုကို စိတ်ဆိုးလာသည့်

Read more

နီလာရောင် ထီးတစ်လက်

“ဟဲ့ မိသီ…..ဒီမှာ မင်းသမီးရောက်ပြီ။ လာပြင်တော့…. ဟဲ့ မလာသေးဘူးလား၊ ဒီမှာ မင်းသမီးကိုအားနာစရာ….”ဟု အခန်းအပြင်ဘက်သို့လှမ်းအော်လိုက်ပြီး ဒေါ်လှတင့်သည် ကျွန်မဘက်လှည့်ကာ ပြုံးပြလေသည်။ “လာပြီ တင့်တင့်ရေ” ဟု မာသော၊ နွဲ့သော၊ ယောက်ျားသံမကျ၊ မိန်းမသံမကျ အသံနှင့်အတူ ဆံပင်ရှည်ရှည်

Read more

ထောင်စုနှစ်သားပျို

အမေသည် ပဲလေး (မြေပဲ (ပင်ထောင်)) စိုက်အပြီး နောက်ပဲ ပဲကြီး (ပင်ပြန့်) စိုက်ရန်အတွက် မြေပဲများကို ကြိုတင်ပြာရာတွင် စိတ်မပါဖြစ်နေသည်။ မကောင်းသော ပဲစေ့များကိုသာ ပြာရမည် ဖြစ်သော်လည်း ကောင်းသော ပဲစေ့များကိုပါ ပြာမိကုန်သည်။ ဤသည်ကို

Read more

သေသပ်လှပသော အမှန်တရားတစ်ခုအကြောင်း

သူ ဖုန်းဆက်လာတဲ့အချိန်မှာ ကျွန်မ အင်းလျားကန်ဘောင်ဘေးကို ရောက်လို့နေပါပြီ။ “အင်း… မောင်လေး… ချယ်မလာနိုင်တော့ဘူးကွာ။ ဆောရီးနော်… ချယ့်အန်တီတစ်ယောက် မန္တလေးကနေ ဒီမနက်ပဲ ရောက်လာတာနဲ့ သူနဲ့အတူ ညစာထွက်စားရမယ်လို့ ကြပ်နေတယ်ကွာ။ ချယ် အခုမှ ကပ်ပြီး ပြောရတာ

Read more
Page 1 of 11