အနာဂတ်မှာ SOGIE ၊ LGBT နည်းပြကောင်းတွေပေါ်ထွက်ဖို့ Colors Rainbow မှ (TOT) ဆရာဖြစ်သင်တန်းဖွင့်လှစ်

Colors Rainbow မှ အနာဂတ်မှာ SOGIE နဲ့ LGBT နည်းပြကောင်းတွေ ပေါ်ထွက်လာစေရန်အတွက် တိုင်းနှင့် ပြည်နယ်အသီးသီးက LGBT (၂၅)ဦးကို LGBT အခွင့်အရေးဆိုင်ရာ ဆရာဖြစ်သင်တန်း (Training of Trainer-TOT) ကို ရန်ကုန်မြို့မှာ မတ်လ(၁၂)ရက်ကစပြီး သင်တန်း ပို့ချပေးနေပါတယ်။

သင်တန်းကာလမှာ တစ်ပတ်ကြာမြင့်မှာဖြစ်ပြီး အခြေခံအဆင့် တက်ရောက်ပြီးသူတွေကိုသာ ရွေးချယ်သင်ကြားပေးတာ ဖြစ်ပါတယ်။

သင်တန်းပြုလုပ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်တွေကတော့ အနာဂတ်မှာ မြန်မာနိုင်ငံတစ်ဝှမ်း SOGIE နဲ့ LGBT အခွင့်အရေးတွေနဲ့ သက်ဆိုင်တဲ့ အသိပညာ၊ ဗဟုသုတတွေနဲ့ အတွေးအခေါ်အယူအဆ ခံယူချက်တွေ တိုးတက်လာစေရန်၊ လူနေမှုဘဝပုံစံတွေကို မြန်မာပြည်သူလူထုများကြားမှာ ပညာပေးလုပ်ဆောင်နိုင်မယ့် နည်းပြကောင်းတွေ ပေါ်ထွက်လာစေဖို့ ဖြစ်ပါတယ်။

“SOGIE နှင့် LGBT အခွင့်အရေးတွေကို ကိုယ့်ပတ်ဝန်းကျင်က လူတွေကို နားလည်လာအောင် ပြောပြချင်တာ။ သင်ပြချင်တယ်။ ကိုယ်လည်း LGBT တစ်ယောက်မို့ ကိုယ့်အခွင့်အရေး ကိုယ်ကိုယ်တိုင်လည်း နားလည်သလို သူများတွေကိုလည်း နားလည်စေချင်တယ်။ ဒါကြောင့် ဒီသင်တန်းကို လာတက်ဖြစ်တာပါ။သင်တန်းက ဆရာတွေသင်တာ အရမ်းပညာရပါတယ်” ဟု သင်တန်းသားတစ်ဦးဖြစ်သူ Z က ပြောသည်။

သင်တန်းမှာ Human Rights and Group Rights ၊Sexual Orientation and Gender Identity, Expression၊ Effective Communication ၊ Use of Educational / Training Materials ၊ Different communication approaches (pear / counseling)၊ Art of Presentation၊ Facilitation Skills ၊ Trainee friendly environment ၊ Use of creativity and innovation ၊ Games နဲ့ Practical session သင်ခန်းစာများကို သင်ကြားပေးနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.