မြန်မာ့ရုပ်ရှင် တခေတ်ဆန်းချိန် ရောက်ပြီလား DVB Debate အစီအစဉ်မှာ LGBT အကြောင်း ဆွေးနွေးခွင့်ရလိုက်

မြန်မာ့ရုပ်ရှင် တခေတ်ဆန်းချိန် ရောက်ပြီလား ခေါင်းစဉ်နဲ့ ပြုလုပ်ခဲ့တဲ့ DVB Debate အစီအစဉ်မှာ LGBT တွေကို ဟာသနေရာမှာထားပြီး ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးတာတွေရဲ့ မကောင်းတဲ့သက်ရောက်မှုကို ဆွေးနွေးခွင့် ရလိုက်တယ်လို့ ယင်းပွဲသို့ တက်ရောက်ခဲ့တဲ့ Transgender အမျိုးသမီးဖြစ်သူ မရှင်းသန့်က ပြောပါတယ်။

“ထင်မထားဘူး။ ရုပ်ရှင်လောကသားအချင်းချင်း ပြောမယ့်ဆွေးနွေးမယ့့်ပွဲလို့ ဆိုပေမယ့် LGBT တွေက စုစုစည်းစည်းနဲ့ သွားပြောတဲ့အခါမှာ သူတို့မမြင်နိုင်တဲ့ ရှုထောင့်ကနေ Awareness ပေးပြီးသား ဖြစ်သွားတယ်။ ဒါရိုက်တာတွေကိုလည်း စည်းရုံးပြီးသားဖြစ်သွားသလို ကတိကဝတ်ကိုပါ တောင်းပြီးသား ဖြစ်သွားတယ်” လို့ သူမက ပြောပါတယ်။

အဲဒီအစီအစဉ်မှာ LGBT တွေကို ဟာသနေရာမှထားပြီး ရုပ်ရှင်၊ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးခြင်းက လူ့ဂုဏ်သိက္ခာကို ထိခိုက်စေသလို ပြည်သူ့လူထုကို အဆိပ်အတောက် ထည့်တာဖြစ်တဲ့အတွက် အဲလိုကားမျိုးတွေ မရိုက်ကူးတော့ဘူးလို့ ဒါရိုက်တာ (၄) ဦးက ကတိပြုခဲ့ကြတယ်လို့ ဆိုပါတယ်။

“တကယ်တမ်းအားဖြင့် ဝတဲ့သူကို နှိမ့်ချတာမျိုး၊ မသန်စွမ်းသူ၊ Gender အားဖြင့် ကွာခြားနေတဲ့ လူတွေကို ရယ်စရာအဖြစ် မသုံးဖို့ ဇာတ်ညွန်းရေးဆရာ၊ ဒါရိုက်တာတွေမှာ တာဝန်ရှိပြီး ကျင့်ဝတ်နဲ့အညီ ထိန်းသိမ်းနိုင်မယ်ဆိုရင် ဒါတွေ ဖြစ်မလာဘူး”လို့ အကယ်ဒမီဆွေဇင်ထိုက်ကလည်း ပြောကြားခဲ့ပါတယ်။

ဒီအစီအစဉ်ကို အကယ်ဒမီဆွေဇင်ထိုက်၊ ဒါရိုက်တာ အကယ်ဒမီ ကြည်စိုးထွန်း၊ ဒါရိုက်တာ ဇေပါ၊ ဒါရိုက်တာ အာကာတို့ ပါဝင်ခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.