LGBT တွေကို အားပေးတဲ့ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေပါ ပါဝင်ဆင်နွဲမယ့် မန္တလေးမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှု LGBT မိသားစုလမ်းလျှောက်သင်္ကြန်

၂၀၁၈ခုနှစ် မန္တလေးမြို့ မဟာသင်္ကြန်ပွဲကြီးမှာ ကျင်းပပြုလုပ်မယ့် မြန်မာ့ရိုးရာယဉ်ကျေးမှု LGBT မိသားစုလမ်းလျှောက်သင်္ကြန်ပွဲမှာ LGBT တွေကို အားပေးတဲ့ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေပါ ပါဝင်ဆင်နွဲသွားမှာဖြစ်ပါတယ်။

ဒီပွဲကို ကုန်းဘောင်ခေတ်ရဲ့ ရိုးရာယဉ်ကျေးမှု ၊ LGBT မိသားစုဝင်တွေရဲ့ စည်းလုံးမှု၊ ပြည်သူလူထုအနေနဲ့ LGBT များဟာ မြန်မာနိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုတွေ၊ နိုင်ငံရေး၊ လူမှုရေးကိစ္စတွေမှာပါ လူသားဆန်စွာ ပါဝင်အားဖြည့်ကြတယ်ဆိုတာကို သိစေလိုတဲ့ရည်ရွယ်ချက်(၃)ခုနဲ့ ပြုလုပ်တာဖြစ်တယ်လို့ မစူးရှရှင်းသန့်က ပြောပါတယ်။

“ဒီနှစ် လူအင်အားက အနည်းဆုံး အမာခံသုံးလေးဆယ်တော့ရှိမယ်။များရင်လည်း များသွားနိုင်ပါတယ်။ဒီနှစ်ရဲ့ ထူးခြားမှုကတော့ မနှစ်က ကျုံးကိုပဲ အဖွင့်အပိတ်ပုံစံနဲ့ သွားတယ်ပေါ့။ဒီနှစ်တော့ အကြိုနေ့မှာ ကျုံးကိုပဲ တိုက်ရိုက်ဦးမတည်ဘဲနဲ့ ကျုံးနောက်ဘက် (၇၈)လမ်းဒေါင့်ကနေ အစီအစဉ်တိုင်းပဲ ဘုရားကြီးထိ လမ်းလျောက်မယ်။သစ်သီး၊ ဆွမ်းပွဲ ၊ ပန်းပွဲလှူတဲ့ သရုပ်ဖော်ပုံစံတွေ လုပ်ပါ့မယ်။မနှစ်က ပါဝင်တဲ့လူဦးရေမှာ ဝတ်စုံအပြည့်က (၅)တွဲလောက်ပဲပါတယ်။ ဒီနှစ်တော့ (၁ဝ)တွဲနဲ့ အထက်ပါမယ်။နောက်ဆုံး အတက်နေ့ကျ ကျုံးကိုဝင်မယ်။အပြန်လမ်းမှာ ကျွန်မတို့ တတ်နိုင်သလောက် လမ်းပေါ်က အမှိုက်တွေအကုန်ကောက် မယ်”လို့ မြန်မာ့ရိုးရာယဉ်ကျေးမှု LGBT မိသားစုလမ်း လျှောက်သင်္ကြန်ပွဲမှာ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ မစူးရှရှင်းသန့်က ပြောပါတယ်။

မြန်မာ့ရိုးရာယဉ်ကျေးမှု LGBT မိသားစုလမ်းလျှောက်သင်္ကြန်ပွဲကို သင်္ကြန်အကြိုနေ့ နံနက်ပိုင်းနဲ့ သင်္ကြန်အတက်နေ့ မွန်းလွဲပိုင်းမှာ ကျင်းပသွားမှာဖြစ်သလို နောက်ဆုံနေ့မှာလည်း ပါဝင်ကြတဲ့ LGBT မိသားစုတွေက လမ်းပေါ်ရှိ အမှိုက်မှန်သမျှကို ကောက်သွားမှာဖြစ်ပါတယ်။

“ အမှန်ပြောရမယ်ဆိုရင် မြန်မာနိုင်ငံမှာ ရိုးရာသင်္ကြန်ကသာလျှင် လူအများရဲ့ စိတ်ဝင်စားအသိမှတ်ပြုမှုကိုရယူဖို့ အကောင်ဆုံးအချိန်အခါ တစ်ခုဖြစ်ပါတယ်။ဒါကြောင့် လမ်းလျှောက်သင်္ကြန်မှာ LGBT များ၊ မိသားစုဝင်များ၊ LGBTကို ချစ်ခင်မြတ်နိုးကြတဲ့ မိတ်ဆွေတွေအကုန် ပူးပေါင်းပါဝင် အင်အားပြပေးကြပါလို့မေတ္တာရပ်ခံအပ်ပါတယ်” လို့ မြန်မာ့ရိုးရာယဉ်ကျေးမှု LGBT မိသားစုလမ်း လျှောက်သင်္ကြန်ပွဲမှာ တာဝန်ရှိသူ ကိုပြည့်ဖြိုးအောင်က ဆိုပါတယ်။

ထိုကဲ့သို့ မြန်မာ့ရိုးရာယဉ်ကျေးမှု LGBT မိသားစုလမ်းလျှောက်သင်္ကြန်ပွဲတော်ကို မန္တလေးမြို့မှာ ၂၀၁ရခုနှစ်ကလည်း ကျင်းပခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.