ကလေးမြို့တွင် လိင်စိတ်ကိုင်းညွတ်မှု ကွဲပြားသူတို့၏ အိမ်တွင်းအကြမ်းဖက်မှုနှင့် ခွဲခြားဆက်ဆံမှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် လိင်စိတ်ကိုင်းညွတ်မှု ကွဲပြားသူတို့၏ အိမ်တွင်းအကြမ်းဖက်မှုနှင့် ခွဲခြားဆက်ဆံခံရမှုတို့အပေါ် အသိပညာမြှင့်တင်ခြင်း ပထမဦးဆုံး အလုပ်ရုံဆွေးနွေးပွဲကို မေလ (၂၄) ရက်၌ ပြုလုပ်ခဲ့ကြောင်း ကလေးမြို့၊ Diversity for Love (DFL) အဖွဲ့မှ သိရသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ကလေးမြို့ရှိ သိမ့်ဟိုတယ်တွင် ပြုလုပ်ခဲ့ပြီး နယ်သာလန်နိုင်ငံအခြေစိုက် CoC အဖွဲ့၊ C.A.N Myanmar အဖွဲ့နှင့် Diversity for Love (DFL) အဖွဲ့တို့က ပူးပေါင်းပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“အဓိက အိမ်တွင်းအကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး သူတို့ခံစားရတဲ့ ခံစားချက်တွေ၊ သူတို့ဘဝတစ်လျှောက်မှာ ကြုံတွေ့ခဲ့ရတာတွေကို ဘယ်လိုမျိုးကျော်ဖြတ်ခဲ့ရတယ်၊ အခုလက်ရှိ ဘယ်လိုနေထိုင်နေရလဲ စသဖြင့်ပေါ့။ အထူးသဖြင့် နောက်ပိုင်းမှာ LGBT Rights တွေကို ပိုမိုကျယ်ပြန့်ပြီး လုပ်ဆောင်စေချင်တယ်ပေါ့။ ဒါတွေ ဆွေးနွေးကြတယ်။ ကလေးမြို့မှတော့ အိမ်တွင်းအကြမ်းဖက်မှုဆိုတာက အားလုံး ရှိနေကြတာပဲ။ LGBT ကိုယ်တိုင်ကလည်း ဒါက အကြမ်းဖက်ခံရတာ မဟုတ်ဘူးလို့ လက်ခံထားကြတာ များပါတယ်။ မြို့ကလည်း တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်တဲ့ မြို့ ဖြစ်တယ်။ သူတို့ဘက်ကတော့ ရိုးနေပြီပေါ့။ အခုတော့ ဒီဆွေးနွေးပွဲကတဆင့် သူတို့ခွဲခြားဆက်ဆံခံနေရပါလားဆိုပြီး သိသွားတယ်” ဟု Diversity for Love (DFL) အဖွဲ့မှ Program Director စစ်ရိပ်က ပြောသည်။

အဆိုပါ ကလေးမြို့ အလုပ်ရုံဆွေးနွေးပွဲသို့ မော်လိုက်မြို့၊ ကလေးဝမြို့နှင့် တမူးမြို့အတွင်းမှ LGBT (၂၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.