ရွှေပြည်သာမြို့နယ်ရှိ ဒေသခံများကို ဥပဒေအထောက်အကူပြုအသိပညာပေးသင်တန်းပေး

ရွှေပြည်သာမြို့နယ်၊(၂၀)ရပ်ကွက်ရှိ ရပ်ရွာအခြေပြု ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးရုံးမှာ ဥပဒေ အထောက်အကူပြု အသိပညာပေးသင်တန်းကို Colors Rainbow က ဇွန်လ(၁၄)ရက်မှ(၁၅)ရက်နေ့အထိ ပို့ချခဲ့ပါတယ်။

အဆိုပါ သင်တန်းပထမရက်မှာ စာရင်းပေးသွားထားတဲ့ ဒေသခံသင်တန်းသား(၂၀)ဦးသာ တက်ရောက်ခဲ့ပေမယ့်လည်း သင်တန်း ဒုတိယနေ့မှာတော့ ဒေသခံများကပါ ဥပဒေပိုင်းဆိုင်ရာ ဗဟုသုတရလိုတဲ့အတွက် သင်တန်းသား (၂၈) ဦးအထိ တိုးမြှင့်လက်ခံခဲ့ရတယ်လို့ သိရပါတယ်။

“သင်တန်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ ရပ်ကွက်ထဲမှာရှိတဲ့ လူတွေကို ဥပဒေနဲ့ပတ်သက်တဲ့ ဗဟုသုတတွေ နားလည်လာစေဖို့အတွက်ပေါ့နော်။ ဥပဒေဆိုင်ရာအမှုကိစ္စ၊ ပြဿနာတစ်ခုခုဖြစ်လာရင် ဥပဒေကြောင်းအရ သူတို့ကိုယ်တိုင် ဖြေရှင်းတတ်စေဖို့ပါ” ဟု သင်တန်းနည်းပြဖြစ်သူ ဒေါ်ဟေမာန်ဦးက ပြောပါတယ်။

နှစ်ရက်တာ ကျင်းပပြုလုပ်ခဲ့တဲ့ အဆိုပါ ဥပဒေအထောက်အကူပြု အသိပညာပေးသင်တန်းမှာ ရာဇသတ်ကြီးဥပဒေ၊ မြန်မာဓလေ့ထုံးထမ်းဥပဒေ၊ ရန်ကုန်ရဲအက်ဥပဒေနှင့် ရဲလက်စွဲစသည်တို့ထဲမှ ပြည်သူတွေအတွက် အခြေခံသိထားသင့်တဲ့ ပုဒ်မတွေ၊ ဥပဒေဆိုင်ရာအချက်အလက်တွေကို ထုတ်နုတ်သင်ကြားပေးခဲ့ပါတယ်။

ဒီသင်တန်းကို LGBT တွေချည်းပဲ သီးသန့်သတ်မှတ်မထားဘဲ LGBT မဟုတ်တဲ့ အခြားပြည်သူတွေလည်း တက်ရောက်နိုင်အောင် စီစဉ်ထားတယ်လို့လည်း ဒေါ်ဟေမာန်ဦးက ပြောကြားခဲ့ပါတယ်။

One thought on “ရွှေပြည်သာမြို့နယ်ရှိ ဒေသခံများကို ဥပဒေအထောက်အကူပြုအသိပညာပေးသင်တန်းပေး

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.