မိန်းမကိုယ် ယားယံခြင်း (Pruritus Vulvae)

၁။ သမီး အိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က ၃၆ နှစ်ပါ။ ပြည်ပမှာနေပါတယ်။ သမီးရဲ့မေးခွန်းတွေကို မအားလပ်တဲ့ကြားက ဖြေပေးလို့ အထူးကျေးဇူးတင်ရှိပါတယ်။ ဆရာ ကန်တော့ပါရှင့်။ သမီး အဖြူဆင်းပြီး ယားနေလို့ပါ ဆရာ။ ဘားဆေးသောက်ရမလဲဆရာ။ ပြီးတော့ သမီးအခု မျိုူးဥ ကြွေ မကြွေ စမ်းရတဲ့ရက်ပါ ဆရာ။ OG က ဒီဇူလိုင်လ ၂-၃-၄-၅-၆ ရက်တွေ စစ်ခိုင်းထားပါတယ်ဆရာ။ ဆရာရဲ့ကျန်းမာရေးနှင့်ပတ်သက်တဲ့စာအုပ် ထုတ်တော့မယ်ဆိုလို့လည်း အတိုင်းမသိဝမ်းသာလျက်ပါဆရာ။

၂။ ဆရာရှင့် ကန်တော့နော်။ မိန်းမကိုယ်က မခံနိုင်အောင် ယားနေလို့။ တချိန်လုံး ရေဆေးနေရတယ်။ ကိုယ်ဝန်ရှိနေရင် သက်သာမယ့် ဆေးသောက်ဖို့ လိုပါသလား။ ဘယ်လို သက်သာအောင် လုပ်လို့ရပါသလဲ။ ကလေးကို ထိခိုက်မှာ စိုးရိမ်လို့ပါ။

Vagilan itchess ကို ဘာသာပြန်ရင် “(ဗဂျိုင်းနား) ယားခြင်း” ဖြစ်တယ်။ မြန်မာလိုဆိုရင် မွေးလမ်းကြောင်း ယားတာ ခေါ်တယ်။ တကယ်တော့ “မိန်းမကိုယ်” ဆိုတာကို Vulva ဖြစ်ပါတယ်။ မိန်းမကိုယ် ယားယံတဲ့ ရောဂါကို Pruritus vulvae လို့ ခေါ်တယ်။ အဖြစ်မနည်းပါ။ အပျိုတွေမှာလည်း ဖြစ်တယ်။

Vagilan itchess ကို ဘာသာပြန်ရင် “(ဗဂျိုင်းနား) ယားခြင်း” ဖြစ်တယ်။ မြန်မာလိုဆိုရင် မွေးလမ်းကြောင်း ယားတာ ခေါ်တယ်။ တကယ်တော့ “မိန်းမကိုယ်” ဆိုတာကို Vulva ဖြစ်ပါတယ်။ မိန်းမကိုယ် ယားယံတဲ့ ရောဂါကို Pruritus vulvae လို့ ခေါ်တယ်။ အဖြစ်မနည်းပါ။ အပျိုတွေမှာလည်း ဖြစ်တယ်။ တချို့မှာ ခဏဖြစ်ပြီး တချို့မှာ တာရှည်ဖြစ်တယ်။ ဖြစ်ဖန်များရင် နောင်မှာ ကင်ဆာအထိ ဖြစ်မလာဘူးလို့ မပြောနိုင်ပါ။ ရှားလွန်းပါတယ်။

အောက်ခံရောဂါ တစ်ခုခုရှိနေလို့ ဖြစ်တာ များတယ်။ ရောဂါရယ်လို့ မဟုတ်ဘဲ အစိုဓါတ်ကနေလည်း ဖြစ်စေနိုင်တယ်။ Moisture အစိုဓါတ်ဆိုတာ ဆီးစိုနေတာ၊ ဝမ်းသွားတာ နည်းနည်း ပေကျန်တာ၊ ချွေးထွက် များတာ။ အစားအသောက်ထဲမှာ ကိုယ်နဲ့ အဆင်မပြေတာ ဥပမာ ကေဖင်း၊ ခရမ်းချဉ်သီး နဲ့ မြေပဲ ပါနေတာတွေကနေ ဖြစ်စေနိုင်တယ်။

• ဗဂျိုင်းနားကနေ တစ်ခုခုဆင်းနေတာ၊ (ဗဂျိုင်းနား) ပိုးဝင်တာ၊ မိန်းမကိုယ်ရောင်တာ၊ လိင်လမ်း-ကြွက်နို့၊ သားအိမ်-ကင်ဆာတွေနဲ့ ပတ်သက်တယ်။
• ဝမ်းမလုံတဲ့ရောဂါ၊ (ဘိုဝင်) ရောဂါ၊
• ပိုးသေဆေး သောက်နေရရင်လည်း မွေးလမ်းမှာ မှိုပိုး ဝင်လာစေနိုင်တယ်။
• ဆီးချို နဲ့ HIV ရှိနေသူတွေမှာလည်း မှိုပိုး ဝင်လွယ်စေတယ်။ ဆီးချိုကိုယ်နှိုက်ကနေလည်း ယားတတ်တယ်။
• မှို၊ Threadworms သန်ကောင်၊ ဝဲ နဲ့ STDs လိင်ကတဆင့် ကူးစက်ရောဂါတွေ ဖြစ်နိုင်တယ်။
• Eczema, Psoriasis, Lichen simplex, Lichen planus, Lichen sclerosus အရေပြားနာ အမျိုးမျိုးကနေ ဖြစ်နိုင်တယ်။ ကြည့်ရင် သိသာပါတယ်။ တော်တော်နဲ့ မပျောက်နိုင်ဘဲ၊ ဖြစ်တဲ့နေရာမှာ သိသာတဲ့ အရောင်၊ အထူအပါး မတူတာ၊ အနာလို ဖြစ်တာတွေ ရှိနေမယ်။
• ဆပ်ပြာ၊ ရေမွှေး၊ ချွေးနံ့ပျောက်ဆေး၊ (ကွန်ဒွမ်)၊ အဝတ်အထည်ဆိုးဆေး၊ ဆပ်ပြာမှုန့်၊ အဝတ်အထည် (ကွန်ဒီရှင်နာ)၊ စတဲ့ သန့်ရှင်းရေးနဲ့ အလှအပ အမွှေးအကြိုင်တွေနဲ့ ကိုယ်နဲ့ မတည့်သူတွေမှာလည်း ယားနိုင်တယ်။
• သွေးဆုံးသူတွေမှာလည်း အဖြစ်မနည်းကြပါ။
• ကိုယ်ဝန်ဆောင်နေချိန်၊ ကလေးနို့တိုက်ချိန်တွေမှာလည်း တစ်ချို့ မိန်းမကိုယ် ယားတယ်။
• Cancer of the vulval skin ကင်ဆာကိုလည်း စာရင်းထဲ ထည့်ရတယ်။ အဖြစ် အလွန်နည်းပါတယ်။

ဘယ်လို ဆင်ခြင်ကုသမလဲ –

– Antibiotics ပိုးဝင်တာတွေ လိင်ကတဆင့် ကူးစက်ရောဂါတွေ ရှိရင် ပဋိဇီဝဆေးပေးမယ်။

– Antifungal drugs မှိုပိုးဆိုရင် ပေးမယ်။

– Antihistamine = Benzodiazepines (အင်တီ-ဟစ်တမင်း) ဆေး ညအချိန်သောက်နိုင်တယ်။

– Hormones ointments သွေးဆုံးသူတွေအတွက် ပေးမယ်။

– Steroid creams or lotions ယောင်ယမ်းတာ သက်သာအောင်ပေးမယ်။ (စတီရွိုက်) လိမ်းဆေး သတိထားသုံးပါ။ တချို့အခြေအနေတွေကို ပိုဆိုးစေနိုင်တယ်။

– Moisturisers (Emollients) ဆေးကို Cream ခရင် Ointment လိမ်းဆေးအနေနဲ့ လာတယ်။ ဘာလို့ ယားတာ ဖြစ်ဖြစ်နေနေ သက်သာစေမယ်။ ဆေးများသွားလို့လည်း ကိစ္စမရှိဘူး။

– ယားလို့ ကုပ်ရင် ပိုဆိုးစေတယ်။ အတတ်နိုင်ဆုံး မကုပ်မိအောင် ထိန်းပါ။ (ကော်တွန်) လက်အိတ်သုံးပါ။ လက်သည်း အတိုဖြတ်ပါ။ လက်သည်းနီဆိုးတာ သတိထားပါ။

– (ကော်တွန်) ၁ဝဝ% ခပ်ချောင်ချောင်ကိုသာ ဝတ်ဆင်ပါ။ အကြပ်တွေ မဝတ်ပါနဲ့။

– အတွင်းခံကို နေ့တိုင်း လဲလှယ်ပါ။ စိုထိုင်းတာများရင် တစ်နေ့ တစ်ခါမက လဲပါ။

– နေလို့ရတဲ့ နေရာ-အချိန်တွေမှာ အတွင်းခံ မဝတ်ဘဲ နေပါ။ လေသလပ် ခံပါ။

– ရေနဲ့ နေ့တိုင်း မိန်းမကိုယ်ကို အသာအယာ ဆေးကြောပါ။ Feminine hygiene sprays and douches ကရိယာတွေ၊ အသုံးအဆောင်တွေ မသုံးဘဲသာ ဆေးပါ။

– ရေကို အပေါ်ကနေ လောင်းချနည်းက စည်ပိုင်းထဲ စိမ်ချိုးတာထက် ကောင်းတယ်။

– ရေမခြောက်သေးခင် အတွင်းခံ မဝတ်ပါနဲ့။

– ဆံပင် ခေါင်းလျှော်တာကို သီးသန့်လုပ်ပါ။ တစ်ချို့ ခေါင်းလျှော်ရည်က ကိုယ်နဲ့မသင့်တာ ဖြစ်နိုင်တယ်။

– ဆပ်ပြာ၊ ရေမွှေး၊ ချွေးနံ့ပျောက်ဆေးတွေက ကိုယ်နဲ့ သင့်-မသင့် သတိထားပါ။ လိုမယ်ထင်ရင် ပြောင်းသုံးပါ။ မသုံးဘဲ နေလို့ရရင် မသုံးပါနဲ့။

– (ကွန်ဒွမ်) မှာ သုက်ပိုးသတ်ဆေးလည်း တွဲထားတာဆိုရင် ကိုယ်နဲ့ သင့်-မသင့် ကြည့်ပါ။

– ဆီးစပ်မွှေး မရိတ်ပါနဲ့။

– စိတ်ဖိအား များနေရင် လျှော့ချပါ။

– သန့်ရှင်းရေး လုပ်တာမှာ (ထိုင်နေတဲ့ အနေအထားမှာ) လက်ကို ရှေ့ကနေ နောက်ဖက်ဆီသာ တလမ်းသွား လှုပ်ရှားပါ။

– Yogurt (ရောဂတ်) ဒိန်ချဉ် စားသင့်တယ်။

– ကိုယ်အလေးချိန် များနေရင် ပိန်အောင်လုပ်ပါ။

၁။ Metronidazole (မက်ထရိုနိုက်ဒဇိုး) 500 mg တနေ့ ၂ ကြိမ် ၅-၇ ရက်သောက်ပါ။ လိင်ဆက်ဆံဘက်ကပါ သောက်သင့်တယ်။ (ကွန်ဒွမ်) သုံးပါ။ မဆက်ဆံမီ ရေဆေးပါ။ ရေကူးကန်မှာ ရေမကူးပါနဲ့။ အတွင်းခံ သူများနဲ့ လဲမဝတ်ပါနဲ့။ ပျို့-အန်တတ်တယ်။ အစားပျက်တယ်။ ဆေးကို အရက်နဲ့ တွဲမသောက်ရပါ။

၂။ Clotrimazole (Gyne-Lotrimin, Mycelex-7) vaginal tablet မွေးလမ်းထည့်ဆေး ညတိုင်း ၆-၇ ရက် ထည့်ပါ။

၃။ Antihistamines (အင်တီ-ဟစ်တမင်း) လိမ်းဆေး၊ Topical anesthetics ထုံဆေးလိမ်းရင် နာတာ၊ ယားတာ သက်သာစေမယ်။ Vinegar douches ဆိုတဲ့ (ဗဂျိုင်းနား) သန့်အောင်ဆေးကြောနည်း မသင့်ပါ။ မ-အင်္ဂါနေရာ သန့်ရှင်းရေးကို လိုတာထက် မပိုစေနဲ့။ (ဗဂျိုင်းနား) ဟာ သူ့အလိုလို သန့်အောင်ကြိုးစားနိုင်တယ်။ မှိုတွေက စိုထိုင်းပြီး ပူနွေးတာကိုကြိုက်တယ်။ အတွင်းခံ (ကော်တွန်) သာသုံးပါ။ အတွင်းနေရာတွေကို လေသလပ်ချိန် လုပ်ယူပါ။ လိင်ဆက်ဆံတာမှာ အထူးသတိထားပါ။ ပဋိဇီဝဆေးကို လိုမှသာ သုံးပါ။ လိင်ကတဆင့် ကူးစက်တာတွေအတွက် ဆေးသပ်သပ် လိုပါမယ်။

ဒေါက်တာတင့်ဆွေ

မှတ်ချက်။ ။ http://dts-medicaleducation.blogspot.com/, https://tintswe.wordpress.com/ တို့မှ ကူးယူဖော်ပြသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.