သက်တံရောင် အလင်းတန်းများ

“ဟေ့ကောင်… မင်းတော်တော့ ငါ့ အလှည့်”

အသံတချို့ကို ဝိုးတဝါးကြားနေရပေမယ့် ကျွန်တော့်မျက်လုံးတွေကိုတော့ ဖွင့်လို့မရဘူး။ မျက်တောင်တွေက ဒီလောက်တောင် လေးနေရသလားဗျာ။ ယောက်ျားတစ်ယောက်ဖယ်ခွာပြီး နောက်ထပ်အမျိုးသားတစ်ယောက် ကျွန်တော့်အောက်ဘက်ပိုင်းကို ထိကိုင်နေတာကိုတော့ သိတယ်။

“အား…”

အောက်ဘက်ပိုင်းဆီက နာကျင်မှုကြောင့် ကျွန်တော် ညည်းညူမိလိုက်တယ်။ ခပ်ကြမ်းကြမ်း ထိခိုက်တွန်းထိုးမှုကြောင့် ကျွန်တော်အလွန်တရာမှ ကိုက်ခဲနာကျင်သွားတယ်။ တစ်ချက်တစ်ချက် ယောက်ျားကိုယ်လုံးရဲ့ ဖိထားမှုကြောင့် အသက်ရှူကျပ်မလောက် လေးလံမွန်းကျပ်မှုကို ခံစားနေရတယ်။

ကျွန်တော် ဘာဖြစ်နေတယ်ဆိုတာကို နားလည်လိုက်ချိန်မှာတော့ ခန္ဓာကိုယ်က နာကျင်မှုထက် စိတ်နှလုံးကနာကျင်မှုက ပိုမိုကြီးထွားလာနေတယ်။ ကျွန်တော်လက်မခံချင်တဲ့ ဘဝကို သူတို့ အတင်းအကျပ် သွတ်သွင်းလက်ခံခိုင်းနေပြီ။ ဒါကျွန်တော့်ဘဝကို ဖျက်ဆီးရုံမက ကျွန်တော့်စိတ်ဓာတ်ကိုပါ ရိုက်ချိုးလိုက်တာ ဖြစ်တယ်။ ကျွန်တော် ကျရှုံးသွားပြီ။ ကျွန်တော့်ဘဝတော့…

အခန်း ( ၁ )

“လှလိုက်တာ။ သာယာလိုက်တာ။ ဆည်းဆာက လှလိုက်တာ။ ဒါကြောင့် တစ်နေ့တာရဲ့ အလှဆုံးအချိန်ကို နေဝင်ဆည်းဆာလို့ ပြောကြတာပေါ့။ ကို့ရဲ့ မျက်နှာလိုပဲ ကြည့်လို့ကို မဝဘူး”

ကျွန်တော့်ချစ်သူ ငွေစင်ကြယ်ကတော့ အင်းလျားကန်ရဲ့ ဆည်းဆာအလှကို တအံ့တဩ မှင်သက်နေတယ်။ အင်းလေ သူမက ဒီအချိန်တွေမှာ ဒီလိုနေရာကို ရောက်ဖူးမှာ မဟုတ်တာပဲလေ။

“တကယ်တွေးကြည့်တော့ လောကကြီးကို အမှောင်ဝတ်ရုံလွှမ်းပြီး အမှောင်ကမ္ဘာသားတွေ လွှမ်းမိုးကြတော့မယ်လေ။ ပျောက်ကွယ်တော့မယ့် နေမင်းက နှစ်သိမ့်တဲ့အနေနဲ့ အလှဆုံးပြုံးပြနေတာကိုး။ ဒါခွဲကာနီးနေနဲ့ အဆုံးသတ်ခါနီးနေ့ရဲ့ နိဂုံးလို့တွေးမိတော့ ကိုယ့်အတွက် သိပ်ကြည်နူးစရာ မကောင်းတော့ပါဘူး ငွေ”

အုတ်ဘောင်လေးကိုကိုင်ပြီး ကန်ကြီးကိုကြည့်နေရင်းက ကျွန်တော့်စကားကြောင့် ငွေက ကျွန်တော့်ကို အထူးအဆန်းလို ကြည့်နေတယ်။ သူမ တစ်ခုခုကို စတင်ရိပ်စားမိနေတာလား။ ကိုယ်ကတော့ နေမင်းကြီးလို ငွေ့ကို အလှဆုံးနှုတ်ဆက်ပြုံးပြဖို့ မသေချာဘူးငွေ။ ကို ပြောမထွက်ဘူး ငွေရယ်။ ဘယ်လိုလုပ်ကြမလဲ။ ဒါပေမဲ့ကို ပြောမှဖြစ်မယ် ငွေ။

ငွေ ကိုတို့ လမ်းခွဲကြရအောင်”

ဘုရားရေ ကျွန်တော် ပျို့တက်လာပြီး လေတွေပဲ အန်နေတယ်။ ကျွန်တော်တစ်ခုခုကို သတိရလိုက်ပြီး ဗိုက်ကလေးကို စမ်းသပ်လိုက်မိတယ်။ မဟုတ်ဘူး။ မဟုတ်ရဘူး။ မဖြစ်ရဘူး။ ယောက်ျားလို့ ခံယူထားတဲ့ ကိုယ်ခန္ဓာကို ဆုံးရှုံးရပြီးပြီ။ ယောက်ျားတစ်ယောက်အနေနဲ့ ထားခဲ့တဲ့ မိန်းကလေးချစ်သူကိုလည်း ဆုံးရှုံးခဲ့ပြီးပြီ။ အခုတစ်ခါ တစ်သက်လုံးထိန်းလာတဲ့ သိက္ခာကိုပါ ဆုံးရှုံးရတော့မယ်။ လူတွေရဲ့ လှောင်ပြောင်မှုကိုပါ ခံရတော့မယ်။

ငွေ ရပ်နေရင်းက ဒူးတွေဆတ်ခနဲ ညွတ်ကျသွားတယ်။ မျက်နှာတစ်ခုလုံး နီရဲနာကျင်နေရင်း တစ်ခုခုပြောဖို့ ပြင်လိုက်ပေမယ့် ဘာပြောရမှန်းမသိဘဲ ဆွံအနေတယ်ဆိုတာ ကျွန်တော် ကြည့်ကတည်းကသိတယ်။ ငွေနဲ့ပတ်သက်ရင် ကျွန်တော်က အဲလောက်သိတတ်အောင် ငွေကို ချစ်တဲ့သူပါ ငွေ။ ငွေတစ်ခုခုမပြောနိုင်ခင် ကျွန်တော် ဦးအောင်ပြောရမယ်။

ငွေ လောကမှာ အချစ်ထက်အရေးကြီးတာ အများကြီးပါ ငွေ။ ကို့ကို ဘာမှမမေးပါနဲ့။ အချစ်ထက် အရေးကြီးတဲ့အရာတွေကြောင့် လမ်းခွဲရတယ်လို့ပဲ သိထားပေးပါ ငွေ”

သူမ နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်ရီလာတာကိုထိန်းဖို့ အောက်နှုတ်ခမ်းကို ဖိကိုက်ထားလိုက်တယ်။ မျက်ရည်တွေကတော့ အတားအဆီးမဲ့ ကျလို့လာတယ်။ ကိုယ့်လိုလူအတွက် မငိုလိုက်ပါနဲ့ ငွေရယ်။ မထိုက်တန်လို့ပါ။

“ကို အရမ်းရက်စက်တယ်။ ဒီလောက်နားလည်ပြီး ချစ်ခဲ့တာတောင်ကို လုပ်ရက်တယ်။ အခုတော့ ကျွန်မရဲ့ ဘဝက ဘာဖြစ်သွားပြီလဲ”

“ဘာမှ မဖြစ်ပါဘူး ငွေ။ အချစ်ရှုံးတာဟာ ဘဝရှုံးတာ မဟုတ်ပါဘူး။ ငွေလည်း တစ်နေ့မှာ အချစ်သစ်ကိုတွေ့နိုင်မှာပါ။ လောကမှာ အရှက်သိက္ခာတို့၊ အသက်တို့ဆိုတာ အချစ်ထက်တန်ဖိုးကြီးပါတယ် ငွေ”

သူမ ကိုက်ထားတဲ့ နှုတ်ခမ်းသားတွေ နာကျင်မှာ စိုးလှတယ်။ ကို သွားပါရစေတော့ ငွေ။ နေမင်းလိုတော့ လှပစွာပြုံး မပြနိုင်ခဲ့ဘူးပေါ့။ ကျွန်တော့်ကို မချစ်ပါနဲ့ ငွေ။ ကျွန်တော့်ကိုယ်တောင် ကျွန်တော် မချစ်နိုင်တော့ဘူး။ ကျွန်တော့်ကို မုန်းလိုက်ပါ ငွေ။ ကျွန်တော်လည်း ကျွန်တော့်ကိုယ် ကျွန်တော် ရွံ့မုန်းနေသူပါ။

ကျွန်တော် အိမ်ပြန်ရောက်တော့ ရေချိုးခန်းထဲဝင်ပြီး ရေကိုအကြာကြီး စိမ်ချိုးနေမိတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကို မသတီစွာနဲ့ ဆပ်ပြာအထပ်ထပ်တိုက်နေမိတယ်။ အရေပြားတွေသာ နီရဲလာတယ်။ စိတ်ကတော့ သန့်ရှင်းမလာခဲ့ပါ။ မုန်းတယ်။ လောကကြီးကိုရော ကိုယ့်ကိုယ်ကိုပါ။

အခန်း ( ၂ )

“ဝေါ့…ဝေါ့”

ဘုရားရေ ကျွန်တော် ပျို့တက်လာပြီး လေတွေပဲ အန်နေတယ်။ ကျွန်တော်တစ်ခုခုကို သတိရလိုက်ပြီး ဗိုက်ကလေးကို စမ်းသပ်လိုက်မိတယ်။ မဟုတ်ဘူး။ မဟုတ်ရဘူး။ မဖြစ်ရဘူး။ ယောက်ျားလို့ ခံယူထားတဲ့ ကိုယ်ခန္ဓာကို ဆုံးရှုံးရပြီးပြီ။ ယောက်ျားတစ်ယောက်အနေနဲ့ ထားခဲ့တဲ့ မိန်းကလေးချစ်သူကိုလည်း ဆုံးရှုံးခဲ့ပြီးပြီ။ အခုတစ်ခါ တစ်သက်လုံးထိန်းလာတဲ့ သိက္ခာကိုပါ ဆုံးရှုံးရတော့မယ်။ လူတွေရဲ့ လှောင်ပြောင်မှုကိုပါ ခံရတော့မယ်။

အလှောင်ပြောင်ခံရအောင် ကျွန်တော် မမှားခဲ့ပါဘူး။ သဘာဝတရားကို ဆန့်ကျင်လို့ လောကကြီးကပေးတဲ့ အပြစ်ဒဏ်လို့ရှုတ်ချပြီး ရေနစ်သူ ဝါးကူထိုးကြလေမလား။ လောကကြီးမဆန့်ကျင်ရင် ကျွန်တော့်ရဲ့ စိတ်ခံစားမှုကို သစ္စာဖောက်ရမလား။ လောကကြီးရယ် စာနာကြည့်စမ်းပါ။ ကိုယ်ရဲ့ဆန္ဒကို တစ်သက်လုံးလျစ်လျူရှုပြီး ကိုယ်မလိုချင်တဲ့ပုံစံနဲ့ ရှင်သန်ရမှာ သဘာဝကျသတဲ့လား။ ကျွန်တော်တို့ကို ကဲ့ရဲ့မုန်းတီးနေသူတွေကရော သူတို့မလိုချင်တဲ့ ဘဝကို တစ်သက်လုံး ရှင်သန်နိုင်ကြရဲ့လား။ ကျွန်တော်တစ်ခုခုတော့ လုပ်ရတော့မယ်။ တစ်ခုခုက သေခြင်းတရားလည်း ဖြစ်သွားနိုင်တယ်။

♦♦♦♦♦

ကျွန်တော် ခုတင်ပေါ်မှာ ပက်လက်လှန်နေလိုက်တယ်။ ဗိုက်ပေါ်လက်တင်လိုက်တော့ ကျွန်တော့်စိတ်တွေ ချက်ချင်းထွေပြားသွားတယ်။ ရင်ထဲမှာ လှိုက်ခနဲ လှိုက်ကနဲ ဝမ်းနည်းလာတယ်။ ကျွန်တော် ရက်စက်ရာ ကျလွန်းတယ်။ ရုတ်တရက် ငွေ့မျက်နှာပေါ်လာတယ်။ ငွေ သိရင် ဘယ်လိုနေမလဲ။ ကျွန်တော့်ကို မုန်းသွားလေမလား။ လူတွေသိရင် ပိုဆိုးမယ်။

ဟင်… ဒါဆို ဘာမှမသိတဲ့ သက်ရှိလေးအတွက်ရော။ ဘယ်ကဘယ်လို မျက်ရည်တွေ ကျလာမှန်းမသိတော့ပါဘူး။ ကျွန်တော် ခုတင်ပေါ်ကနေ ဖျတ်ခနဲခုန်ဆင်းလိုက်ပြီးတော့ အခန်းထောင့်လေးမှာ ဒူးကိုလက်ပွေ့ပြီး မျက်နှာမှောက်ချကာ ရှိုက်ကြီးတငင် ငိုချလိုက်ပါတယ်။ ဘယ်လောက်ကြာလည်းမသိ။ လက်သည်ဆရာမ ဝင်လာတာလည်းမသိခဲ့ပါဘူး။ လက်သည်ဆရာမ အသံကြားမှ သတိဝင်လာခဲ့တယ်။

“ကလေးမ တွေဝေနေလား။ မလုပ်ဘဲနေလို့ရရင် မလုပ်နဲ့လေ။ စဉ်းတော့ စဉ်းစား။ လောကမှာ မုဆိုးမဖြစ်ရတာတောင် မလွယ်လှဘူး။ မုဆိုးမထက်ဆိုးတာ တစ်ခုလပ်။ တစ်ခုလပ်ထက်ဆိုးတာ လင်မရှိဘဲ လင်ကောင်မပေါ်ဘဲ အအိုဖြစ်နေသူတွေပဲ သမီး”

လောကမှာ အဲလိုအဖြစ်မျိုးတွေ ရှိနေတာပဲလား။ ကိုယ့်ကလေးကို သတ်ရတဲ့ မိဘ။ ကိုယ့်ကလေးကို ပစ်ထားရတဲ့ မိဘ။ ကလေးတွေကို သတ်ပေးတဲ့လူတွေ။ အိုးကြောက်စရာကောင်းလိုက်တာ။ ကျွန်တော့်ရဲ့ မိဘစိတ်က ကျွန်တော့်ဆီ ကိန်းအောင်းလာပြန်တယ်။ မသတ်ဘူး။ ကျွန်တော်ရဲ့ ရင်သွေးကို မသတ်ဘူး။

“လင်ကောင်မပေါ်ဘဲ ကလေးမွေးတဲ့ မိန်းမရဲ့ဒုက္ခက မသေးသလို ဖအေမပေါ်ဘဲရလာတဲ့ ကလေးရဲ့ ဒဏ်ရာဒဏ်ချက်ကလည်း ဆိုးတယ် သမီး။ မွေးပြီးမှပစ်ထားရင် ပိုဆိုးတယ်သမီး။ အဲဒီကလေးက သမီးမိန်းကလေးဆို နောက်ထပ် လင်ကောင်မပေါ်ဘဲ ကလေးမွေးတဲ့မိန်းမဖြစ်ဖို့လည်း မခက်ဘူး။ ဆရာမ ကိုယ်တွေ့ဖြစ်လို့ ဆရာမလိုကလေးတွေ ဖြစ်မလာအောင် ကူညီတာ။ ဆရာမလည်း နောက်ဘဝ လူဖြစ်ဖို့မမျှော်လင့်ပါဘူး”

ဘုရားရေ ဖအေမပေါ်တဲ့ ကလေးတဲ့။ ဒါဆိုရင် ကျွန်တော်က အမေပေါ့။ မဟုတ်ဘူး။ ကျွန်တော်က မိန်းမဆိုတာ လက်မခံပါရစေနဲ့။ အဲဒီစိတ်က ပြောင်းလို့မှ မရတာ။ ယောက်ျားစိတ်ပေါက်နေတဲ့ မိန်းမက ကလေးမွေးရမယ်တဲ့လား။ ဒါက ရက်စက်လှတဲ့ ကံတရားပါပဲ။ လုပ်ရက်လိုက်ကြတာ။

မဖြစ်ဘူး၊ ဒီကလေးကြောင့် ကျွန်တော့်ဘဝကို ပြောင်းလဲမပစ်နိုင်ဘူး။ ကျွန်တော့်ရဲ့အရှက်သိက္ခာ၊ ကျွန်တော့်မိသားစုရဲ့ အရှက်သိက္ခာ၊ ကလေးရဲ့အသက်ဟာ ဒီအရာတွေ အားလုံးနဲ့ညီမျှတယ်။ ဘာကိုရင်းရမလဲ။

“လရင့်လာရင် သမီးဖျက်ချဖို့ခက်သွားလိမ့်မယ်။ သမီးက ကိုယ့်ကိုယ်ကို ယောက်ျားလေးလို့ ခံယူထားပေမယ့် သမီးခန္ဓာကိုယ်က မိန်းမဆိုတာကို မေ့ထားတာကိုး။ ပြောင်းလို့မရတဲ့စိတ်ကို လက်ခံသလို ပြောင်းလို့မရတဲ့ ကိုယ့်ခန္ဓာကိုယ်ကိုလည်း ဂရုစိုက်ရတယ်။ အခုတော့ သမီးမှာ ရွေးစရာမရှိတော့ဘူး”

ဒီတစ်ခါတော့ လက်သည် အဒေါ်ကြီးရဲ့ စကားကို ကျွန်တော်လက်ခံမိတယ်။ ကျွန်တော်တို့ ယောက်ျားပါလို့ ကြွေးကြော်နိုင်ဖို့ ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ သဘောသဘာဝကို မေ့မထားသင့်ဘူးဆိုတာကိုပေါ့။ ဒါဆို ကျွန်တော့်ကိုစော်ကားတဲ့ကောင်တွေရော။ သူတို့က သိရက်နဲ့ တမင်ဖျက်ဆီးတာ။ သူတို့ကျတော့ အပြစ်ပေးမခံရဘူးလား။ ဒီလိုဆိုတော့လည်း လောကကြီးက မတရားလိုက်တာလို့ အငေါ်တူးတဲ့ အတွေးမျိုးမျိုးတွေး ဖြစ်လိုက်ပါသေးတယ်။ အင်းဟုတ်တယ်။ သူတို့ကို ကလဲ့စားချေရမယ်။ ဒါပေမဲ့ အခုလောလောဆယ်တော့ ကျွန်တော့် ကိုယ်ဝန်ကိစ္စကို ဘယ်လိုရှင်းရမလဲ။ ဒီတောင်သာကျော်ရင် အားလုံးအဆင်ပြေမယ် ထင်တယ်နော်။

အခန်း ( ၃ )

“ကို…ရှင့်ကိုယ်ရှင် ယောက်ျားဆိုရင် ရှင်လုပ်တာ ရှင်ခံရဲရမှာပေါ့။ ရှင်သူရဲ ဘောကြောင်ရလား။ အခုတော့ ရှင်အရမ်းရက်စက်တယ်”
“ငွေ ကိုယ်က ဘာမှားလို့ ကိုယ်လုပ်တာ ကိုယ်ခံရဲရမှာလဲ။ ငွေ မတရားမစွပ်စွဲနဲ့။ အခုလည်း ယောက်ျားပီသချင်လို့ လုပ်တာလေ”

လက်သည်ဆီက ပြန်လာလို့ နားမယ်ကြံသေးတယ်။ ငွေအကြောင်းစုံသိပြီး အိမ်ကို ရောက်ချလာတယ်။ ငွေက ကျွန်တော့်ကို အပြစ်တင်တယ်။

“ကို့ကို ငွေ ခဏခဏ ပြောတယ်။ ယောက်ျားတွေနဲ့ အတူသွားတာ။ အတူ သောက်စားတာ ရှောင်ပါ။ ဂရုစိုက်ပါလို့ ပြောတယ်။ ကို နားထောင်ဖူးလား။ လောကမှာ လိင်တူချစ်သူဖြစ်ရင် ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် လိုတဲ့သူရှိသလို မလိုသူတွေလည်းရှိတယ်။ ကိုယ့်ကိုယ်ကို လက်ခံတယ်ဆို အန္တရာယ်ကိုလည်း နားလည်လက်ခံပြီး ရှောင်ရှားတတ်ရတယ်”

“ကို့ကို ငွေ ခဏခဏ ပြောတယ်။ ယောက်ျားတွေနဲ့ အတူသွားတာ။ အတူ သောက်စားတာ ရှောင်ပါ။ ဂရုစိုက်ပါလို့ ပြောတယ်။ ကို နားထောင်ဖူးလား။ လောကမှာ လိင်တူချစ်သူဖြစ်ရင် ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် လိုတဲ့သူရှိသလို မလိုသူတွေလည်းရှိတယ်။ ကိုယ့်ကိုယ်ကို လက်ခံတယ်ဆို အန္တရာယ်ကိုလည်း နားလည်လက်ခံပြီး ရှောင်ရှားတတ်ရတယ်”

မှန်လိုက်တာ ငွေရယ်။ အဲဒါကို ကို မေ့နေတယ်။ ဟုတ်တာပေါ့ ကို့အမှားတွေ ပါတာပေါ့။ ကျွန်တော်က ယောက်ျား စိတ်မွေးတဲ့လူပဲ။ အဲဒီ ပေါ့လျော့မှုအတွက် ကျွန်တော့်မှာ တာဝန်ရှိတာပေါ့။ ကျွန်တော် စိတ်အလိုကို လိုက်ပြီးပြီ။ ခန္ဓာကိုယ်ရဲ့ အလိုကိုလည်း လိုက်တတ်ရမှာပေါ့။

“ကို ရှင်က ယောက်ျားစိတ်ရှိတာ မဟုတ်ဘူး။ ကို့ရဲ့ ကြမ်းကြုတ်တဲ့စိတ်ကို ယောက်ျားစိတ်လို့ အမည်တပ်ချင်တာ။ ကိုက ဗုဒ္ဓဘာသာ မြန်မာလူမျိုးမဟုတ်လား။ အမေစိတ်မရှိရင်တောင် အဖေစိတ်မျိုး မပေါ်မိဘူးလား။ ယောက်ျားပီသချင်တာနဲ့ အရာရာကို ချနင်းတော့တာပဲ။ ကို အရမ်းအတ္တကြီးလွန်းတယ်”

ငွေ့စကားတွေက ကျွန်တော့် နားထဲတင်မကဘဲ နှလုံးသားထဲကိုပါ ထိုးဖောက်ဝင်ရောက်လာတယ်။ အခုမှ ယောက်ျားလျာတစ်ယာက်ကို ချစ်နေရတဲ့ မိန်းမတစ်ယောက်ရဲ့ သောကကို ကျွန်တော် နားလည်လာတယ်။ ဒီလိုတွေမဖြစ်အောင် တတွတ်တွတ် တဖွဖွ ငွေ မှာခဲ့တာပဲ။ ကျွန်တော်သာ ယောက်ျားပါလို့ လက်မထောင်ပြီး ထင်ရာစိုင်းခဲ့တာ။ ယောက်ျားပီသတယ်လို့ အပြောခံရဖို့ အသတ်မှတ်ခံရဖို့ တချို့အရာတွေကို ချနင်းချင်နေတာ။ ကျွန်တော်မှားတယ်။ ဟုတ်တယ် ငွေ၊ ကျွန်တော့်မှာ ဖခင်စိတ်မွေးလို့ရတယ်။ ဒါပေမဲ့လည်း…

♦♦♦♦♦

“လိင်တူချစ်သူတွေမှာ ရေရှည်ပြဿနာက ကလေးမရှိတဲ့ ပြဿနာပဲ။ အခု ခင်ဗျားမှာ မွေးစရာ သွေးရင်းသားရင်းရှိနေပြီပဲ။ ဘာလို့ ဖျက်ချမှာလဲ”

ဆရာဝန်ရဲ့ စကားကြောင့် ငွေက ကျွန်တော့်ကို နားမလည်သလို ကြည့်နေတယ်။ ဆရာဝန်က ဆက်ပြောတယ်။

“ကလေးမွေးတဲ့အချိန်ထိ ခဏသည်းခံပေးပါ။ ကလေးမွေးပြီးရင် ကလေးအဖေလိုနေပါ။ ခင်ဗျားချစ်သူက မအေအဖြစ်နေနိုင်မယ်လို့ ကျွန်တော် မျှော်လင့်တယ်။ ဒါဆိုရင် ဘာလိုသေးလဲဗျာ”

ငွေ ကျွန်တော့်ကိုယ်ဝန်ဖျက်မချရသေးတာကို သိသွားပုံနဲ့ ကျွန်တော့်ကို အားရပါးရ ဖက်လိုက်တယ်။

“နေနိုင်တာပေါ့ ဒေါက်တာရယ်။ သူ့ကို ယောက်ျားမဟုတ်ဘူးဆိုတာ သိပေမယ့် ယောက်ျားတစ်ယောက်လို ကျွန်မ ချစ်ခဲ့တယ်။ ကလေးမရမှာကို အစကတည်းက စိုးရိမ်မိခဲ့တာ။ အခုတော့ အတိုင်းအထက်အလွန်ပဲ။ ကျွန်မချစ်သူက တကယ်ကို လေးစားထိုက်တဲ့ သတ္တိရှိတဲ့ တာဝန်ယူတတ်တဲ့ အဖိုးတန်ယောက်ျားပါ။ ကျွန်မ သူ့ကို ပိုချစ်ပါ့မယ်။

ငွေ့စကားကြောင့် ကျွန်တော် အရမ်းပျော်မိတယ်။ ကလေးကို ဖျက်မချမိတာ ကျေနပ်လို့မဆုံးဘူး။ ကျွန်တော်က ဗုဒ္ဓဘာသာဝင်ပါ။ ကျွန်တော်က ယောက်ျားပီသချင်တဲ့ ယောက်ျားလျာပါ။ ကျွန်တော်အခုတော့ ကလေးမွေးရတော့မယ်။ ဒါကိုလည်း လက်ခံပါ့မယ်။ နောက်နောင် ဆင်ဆင်ခြင်ခြင် မှန်မှန်ကန်ကန်နေပါ့မယ်။

နိဂုံး

ဒီမနက် တရားရုံးသွားဖို့ ကျွန်တော်နဲ့ ငွေ အစောကြီး ထပြင်ဆင်ကြတယ်။ ပထမဆုံးရုံးချိန်းဆိုတော့ ရင်တော့ခုန်မိသား။ ဒါပေမဲ့ ကျွန်တော် အတတ်နိုင်ဆုံး ရင်ဆိုင်ပါ့မယ်။ ကျွန်တော် ရှုံးခဲ့မယ်ဆိုရင်တောင် ကျွန်တော်ဒီအမှုကို ရင်ဆိုင်ပါ့မယ်။ လောကကြီးက ကျွန်တော်တို့ဘဝကို ဖျက်ဆီးသူတွေကို အပြစ်မပေးရင်တောင် ဥပဒေက အပြစ်ပေးနိုင်အောင် ကြိုးစားရမယ်။

ကျွန်တော့်ရဲ့ ယောက်ျားဝါဒီကြောင့် ကိုယ်ဝန်ရှိတာကို လူမသိစေချင်ပေမယ့် တခြားလိင်တူချစ်သူတွေ ကျွန်တော့်လို သတိလက်လွတ်မနေဖို့ ကျွန်တော်တို့ကို နောက်ထပ်မစော်ကားရဲဖို့ ကျွန်တော် သတ္တိရှိပါ့မယ်။ အခုလို လုပ်တာက သူတို့ကို အကောင်းဆုံးလက်စားချေနည်း ဖြစ်မှာပါ။

“ကိုရေ ပြီးပြီလား။ အိမ်ရှေ့မှာ သက်သေလိုက်ပေးမယ့်လူတွေ စုံနေပြီ ရှင့်”

“အင်း…ပြီးပြီငွေ”

ကျွန်တော် ပြန်ဖြေအပြီးမှာ တပ်နေကျ နေကာမျက်မှန်ကို ကောက်တပ်ပြီး ဦးထုပ်ကို နောက်ပြန်ဆောင်းလိုက်တယ်။ အောက်က ဖိုးကွာတား ပြောက်ကျားဆင်ရယ်၊ ပူထွက်နေတဲ့ ဗိုက်ကြီး ကော့လန်ကော့လန်နဲ့ ငွေ့လက်ကိုဆွဲပြီး ကားယားကားယားနဲ့ ထွက်လာမိတယ်။ မျှတတဲ့ တရားဥပဒေရဲ့ ကာကွယ်မှုအောက် လိင်တူချစ်သူတွေရဲ့ဘဝ လုံခြုံဘေးကင်းကြပါ စေလို့ တီးတိုးဆုတောင်းနေမိရင်း အရှေ့ကို လှမ်းမျှော်ကြည့်မိတယ်။

ကျွန်တော်တို့ကားရှေ့မှာ သက်တံအလံတွေ ကိုင်ဆောင်ထားတဲ့ လိုက်ပါဝန်းရံသူတွေ၊ သက်သေလိုက်ပေးမယ့် သူတွေနဲ့ လူသူပရိသတ်တွေကလည်း မနည်းလှပါဘူး။ ဒီလိုသာ ညီညွတ်ရင် အနာဂတ်မှာ ကျွန်တော့်တို့ဘဝတွေ ဘေးကင်းကြရတော့မှာပါ။ လှပလွတ်လပ်ရတော့မှာပါ။ အခုတောင် အရှေ့မှာ သက်တံရောင် အလင်းတန်းတွေ ဖြာနေပြီလေ။

သက်တန့်ချစ်သူ

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.