CAROL

၂၀၁၅ ခုနှစ်မှာ ကျင်းပခဲ့တဲ့ (၇၈) ကြိမ်မြောက် Oscar ဆုပေးပွဲအကြောင်း စဉ်းစားမိလိုက်တိုင်း တနုံနုံနဲ့ နှမြောတသဖြစ်နေခဲ့ရတဲ့ ဇာတ်ကားကတော့ ဆန်ကာတင်စာရင်း ၆ ဆုအတွက် တစ်ပြေးနေခဲ့ပြီးမှ လက်ဗလာနဲ့ တပ်ခေါက်ပြန်ခဲ့ရတဲ့ Carol ဇာတ်ကားပဲ ဖြစ်ပါတယ်။ (ဒါပေမဲ့ အခြားရုပ်ရှင် ထူးချွန်ဆုပေါင်း ၇၀ ကျော်ရရှိခဲ့ပြီး ၂၃၀ ကျော် ဆန်ကာတင်စာရင်းဝင်ခဲ့တဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။)

၁၉၅၂ ခုနှစ် ခရစ္စမတ်ရာသီမှာ Manhattan မြို့က အပျော်တမ်းဓာတ်ပုံဆရာမလေး Therese Belivet အလုပ်လုပ်နေတဲ့ အရုပ်ဆိုင်မှာရောင်းဖို့ ပြသထားတဲ့ ခေတ်ပေါ်ရထားရုပ်လေးနားမှာ မတ်တပ်ရပ်နေတဲ့ Carol Arid ကို တွေ့ခဲ့ပါတယ်။ Carol ဟာ သူ့သမီးငယ်လေး Rindy အတွက် အရုပ်တစ်ရုပ်လာဝယ်တာ ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီအရုပ်ဟာ လက်ကျန်မရှိတော့တာကြောင့် Therese ကပဲ ခေတ်ပေါ်ရထားရုပ်လေးဝယ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ Carol ငွေရှင်းပြီး ထွက်သွားချိန်မှာ ကောင်တာပေါ်မှာ သူ့လက်အိတ်ကျန်နေရစ်ခဲ့တာကြောင့် Therese က အဲဒီလက်အိတ်တွေကို အရောင်းပြေစာပေါ်က နာမည်နဲ့လိပ်စာအတိုင်း ပြန်ပို့ပေးခဲ့လိုက်ပါတယ်။

 

တကယ်တော့ Carol ဟာ မသာယာတဲ့ အိမ်ထောင်ရေးကို အဆုံးသတ်ချင်နေပေမယ့် ကွာရှင်းခွင့်မပေးတဲ့ ခင်ပွန်းသည် Harge နဲ့ အဆင်မပြေစွာ နေထိုင် နေသူ ဖြစ်ပါတယ်။

Carol ဟာ သူ့လက်အိတ်တွေ ပြန်ရတဲ့အခါ ကျေးဇူးတင်တဲ့အနေနဲ့ Therese ကို နေ့လယ်စာလိုက်ကျွေးရာကတစ်ဆင့် New Jersey က သူ့အိမ်ကို အလည်လာဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ New Jersey ရောက်aတာ့ Therese ဟာ Carol ကို ဓာတ်ပုံတွေ ရိုက်ပေးခဲ့ပါတယ်။ ညနေစောင်းမှာတော့ Carol ဟာ ရထားရုပ်လေးကို ထုပ်ပိုးပြီး Therese နဲ့ စန္ဒယားတီးရင်း ဓာတ်ပုံရိုက်တဲ့အကြောင်းတွေကို ပြောဆိုနေကြတယ်။ အဲဒီအချိန်မှာ Harge ရောက်လာပြီး သမီးလေး Rindy ကို Florida အထိခေါ်သွားဖို့ပြောရာ သူတို့နှစ်ယောက်ကြားက ငြင်းခုံမှုတွေကို Therese က မသိကျေးကျွံပြုခဲ့ပါတယ်။

Rindy ပြန်သွားတဲ့အချိန်မှာ Carol ဟာ Therese ကို ရထားနဲ့ ပြန်ခိုင်းလိုက်ပါတယ်။ ဒါပေမဲ့ Therese ရဲ့အခန်းကို ပြန်ရောက်ချိန်နဲ့ ကွက်တိဖြစ်အောင်ဖုန်းခေါ်ပြီး တောင်းပန်စကားဆိုခဲ့ပါတယ်။ နောက်ပြီး နောက်တစ်နေ့မှာ ထပ်ဆုံဖို့လည်း အချိန်းအချက်လုပ်ခဲ့ပါသေးတယ်။

Richard က “ငါ့နဲ့အတူ ဘဝကို မဖြစ်သန်းချင်ဘူးလား။ လက်ထပ်ရအောင်” လို့ ပြောတဲ့အခါ Therese က ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ပါတယ်။ “ငါအဆင်သင့် မဖြစ်ခဲ့ဘူး” လို့ အော်ဟစ်ပြီးထားခဲ့ပါတယ်။

နောက်နေ့မှာတော့ Therese ဟာ သူ့ကောင်လေး Richard နဲ့အတူ Carol အတွက် ဓာတ်ပြားတစ်ချပ်ဝယ်ခဲ့ပါတယ်။ Richard ကတော့ သူ့ကို ပြင်သစ်ခေါ်သွားပြီး လက်ထပ်ဖို့မျှော်လင့်နေပါတယ်။ Therese ဟာ Richard ကို “နင်ယောက်ျားလေးတစ်ယောက်ကို ချစ်ဖူးလား” လို့မေးလိုက်ပါတယ်။ Richard က မချစ်ဖူးဘူးလို့ဖြေတဲ့အခါ ကြားရောကြားဖူးလားလို့ ထပ်မေးပါတယ်။

အဲလိုနဲ့ပဲ Richard က “ငါ့နဲ့အတူ ဘဝကို မဖြစ်သန်းချင်ဘူးလား။ လက်ထပ်ရအောင်” လို့ ပြောတဲ့အခါ Therese က ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ပါတယ်။ “ငါအဆင်သင့် မဖြစ်ခဲ့ဘူး” လို့ အော်ဟစ်ပြီးထားခဲ့ပါတယ်။

အဲဒီနေ့မှာ Carol ဟာ သူ့ရဲ့ရှေ့နေနဲ့တွေ့ပြီး သူကွာရှင်းရင် သမီးလေး Rindy ကို အုပ်ထိန်းခွင့်ဆုံးရှုံးနိုင်တဲ့ အခြေအနေတွေကို ကြားခဲ့ရပါတယ်။ ညနေစောင်းမှာတော့ Therese ဆီသွားပြီး Canon ကင်မရာနဲ့ ဖလင်လိပ်တွေကို ခရစ်စမတ်လက်ဆောင်အဖြစ် ပေးခဲ့ပါတယ်။ ပြီးတော့Therese ရိုက်တဲ့ ပုံတွေကြည့်ရင်း သမီးလေး Rindy အကြောင်းတွေကို ပြောပြဖြစ်ခဲ့ပါတယ်။ နောက်ပြီး “ခဏတစ်ဖြုတ်တော့ အဝေးကြီးကို ထွက်သွားဖြစ်မယ်၊ နင်လိုက်ချင်လိမ့်မယ်လို့ မျှော်လင့်တယ်။ နင်လိုက်မလား” လို့ မေးတဲ့ အခါ Therese က လွယ်ကူစွာနဲ့ ခေါင်းညိတ်ခဲ့ပါတယ်။

 

အဲဒီကိစ္စနဲ့ပတ်သက်ပြီး Richard ဟာ ဒေါသူပုန်ထပြီး အတင်းကန့်ကွက်ခဲ့ပါတယ်။ ဒါပေမဲ့ ခေါင်းမာလွန်းတဲ့ Therese ကို တားလို့မရတဲ့အဆုံး “နှစ်ပတ်အတွင်း ဒီကိစ္စတွေ ဘာမှမဖြစ်သလို မေ့ပစ်ဖို့လာတောင်းပန်ပါ” ဆိုပြီး ခြိမ်းခြောက်ပြောဆိုကာ ထွက်သွားခဲ့ပါတယ်။

ဒါပေမဲ့ Therese ဟာ သွားမတောင်းပန်တဲ့အပြင် Carol နဲ့ အတူ လေလွင့်ပျော်ပါးဖို့ ရွေးချယ်ခဲ့ပါတယ်။

Carol ရဲ့ ကားလေးဟာ အဝေးပြေးလမ်းမကြီးတွေပေါ်မှာ တရွေ့ရွေ့ပြေးလွှားနေခဲ့ပြီး သူတို့နှစ်ယောက်ရဲ့ လွတ်လပ်တဲ့ဘဝကြီးကို စတင်ခဲ့ပါတယ်။

ဒါပေမဲ့ ဘဝဟာ သူတို့ထင်သလောက် လွယ်ကူမှာလား။ လောကဓံနဲ့ ဘဝရဲ့စိန်ခေါ်မှုကို ရင်ဆိုင်နိုင်ကြမှာလား။ ကွာရှင်းခွင့်မပေးနိုင်တဲ့ Harge ရဲ့ ဆုံးဖြတ်ချက်တွေကြားမှာ Carol ဘယ်လိုဆုံးဖြစ်မှာလဲ။ Richard ကရော ဘယ်လိုဆက်သွားမှာလဲ။ နောက်ဆုံးလူ့အသိုင်းအဝိုင်းနဲ့ ပတ်ဝန်းကျင်မှာ ဘယ်လိုဝင်ဆံ့နိုင်မလဲဆိုတာ…။

Oscar ဆု ၂ ဆုရှင် Cate Blanchett ကိုယ်တိုင်ဇာတ်ဆောင် Carol နေရာကနေ အပီအပြင်သရုပ်ဆောင်ခဲ့သလို Oscar ဆု ဆန်ကာတင်စာရင်းဝင် မင်းသမီးချော Rooney Mara ကလည်း အကောင်းဆုံးဇာတ်ပို့ပေးနိုင်ခဲ့ပေမယ့် ကံအကြောင်း မတိုက်ဆိုင်စွာ ဆုနဲ့လွဲချော်ခဲ့တဲ့ ဒီဇာတ်ကားမှာ သေသပ်လှပပြီး သိမ်မွေ့နူးညံ့မှုနဲ့အတူ အချစ်နဲ့လက်တွေ့ ဘဝအကြောင်းတွေ ဝေဝေဆာဆာ တွေ့နိုင်မြင်နိုင်မယ့် Carol ဇာတ်ကား လေးကို အချိန်ပေးကြည့်ရှုဖို့ လက်တို့ပြီး အမှာပါးလိုက်ပါရစေ။

For The People Like Us
Salai Leo

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.