နှလုံးသားပါတဲ့သူတွေအနေနဲ့ ချစ်ပိုင်ခွင့်ရှိရင် ချစ်ကြမှာပဲလို့ဆိုလိုက်တဲ့ “ရာဇဝင်ရိုင်းခဲ့သည်” ရုပ်ရှင်ဇာတ်ကားထဲက အောင်လေး

“ရာဇဝင်ရိုင်းခဲ့သည်” ရုပ်ရှင်ဇာတ်ကားမှာ လိင်တူချစ်မြတ်နိုးသူတစ်ယောက်အဖြစ် ပါဝင်ထားတဲ့ ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် အောင်လေးက ယောက်ျားအချင်းချင်းပဲ ဖြစ်ဖြစ်၊ မိန်းမအချင်းချင်းပဲ ဖြစ်ဖြစ် နှလုံးသားပါတဲ့သူတွေအနေနဲ့ ချစ်ပိုင်ခွင့်ရှိရင် ချစ်ကြမှာပဲလို့ ဆိုလိုက်ပါတယ်။

ဒီဇာတ်ကားမှာ အောင်လေးအနေနဲ့ ရာဇဝင်(သရုပ်ဆောင် ဇေရဲထက်)ကို ချစ်မိသွားတဲ့ ထက်နိုင်အဖြစ်၊ အချစ်ကို လှည့်စားခံရသူအဖြစ်ပါဝင်ထားပြီး လိင်တူချစ်ခြင်းကြောင့် အရှက်တကွဲ အကျိုးနည်းဖြစ်ခဲ့ရတဲ့ သရုပ်ဆောင်ခန်းများကိုလည်း ပီပြင်စွာသရုပ်ဆောင်ထားတာ တွေ့ကြရမှာပါ။

“ကျွန်တော်ကတော့ အနုပညာအလုပ်ကို ဝါသနာပါတယ်။ ဒါကြောင့် သရုပ်ဆောင် ကာရိုက်တာအစုံ လုပ်မှာပါ။ Gay ဖြစ်စေ LGBT ဖြစ်စေ သရုပ်ဆောင်မှာပဲ။ တကယ့်အပြင်မှာ ကျွန်တော်က မဟုတ်တာလေ။ LGBT တွေကိုတော့ နားလည်ပါတယ်၊၊ ယောက်ျားအချင်းချင်းပဲ ဖြစ်ဖြစ်၊ မိန်းမအချင်းချင်းပဲ ဖြစ်ဖြစ်ပေါ့။ နှလုံးသားပါတဲ့သူတွေအနေနဲ့ ချစ်ပိုင်ခွင့်ရှိရင် ချစ်ကြမှာပဲလေ”လို့ လိင်တူစိတ်ဝင်စားသူအဖြစ် သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်နှင့်ဗွီဒီယို သရုပ်ဆောင် အောင်လေးက ဆိုပါတယ်။

သူ့အနေနဲ့ “ရာဇဝင်ရိုင်းခဲ့သည်” ရုပ်ရှင်ဇာတ်ကားအပြင် အခြားကာရိုက်တာ (Character) မတူတဲ့ ဇာတ်ကားမျိုးတွေကိုလည်း ရိုက်ကူးသွားဖို့ အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။

“ရာဇဝင်ရိုင်းခဲ့သည်” ရုပ်ရှင်ဇာတ်ကားကို ဇူလိုင်လ(၆)ရက်မှာ ရုံတင်ပြသလိုက်တာဖြစ်ပြီး အမျိုးသားချင်း လိင်တူချစ်မြတ်နိုးတဲ့ ဇာတ်ဝင်ခန်းများစွာ ပါဝင်ထားတာကြောင့် ထူးခြားမှုတစ်ခုအဖြစ် လူအများရဲ့ စိတ်ဝင်စားမှုကို ရရှိထားတယ်လို့ ဆိုပါတယ် ။

ဒီဇာတ်ကားကို ချမ်းကျော်ကျော်ပို်င် ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ထားပြီး ဇေရဲထက်၊ ရဲအောင်၊ အောင်လေး၊ ခင်ဇာခြည်ကျော်၊ ဇင်ဇင်ဇော်မြင်နှင့် A-ခွန်းပန်တို့ ပါဝင်ထားကာ ဧည့်သည် သရုပ်ဆောင် မိတ်ကပ် Gucci Aung လည်း ပါဝင်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.