အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စီမံခန့်ခွဲမှုသင်တန်းတစ်ရပ်ကို Colors Rainbow အဖွဲ့က မော်လမြိုင်မြို့မှာ ပထမဦးဆုံးအကြိမ် ပြုလုပ်

Colors Rainbow အဖွဲ့က အဖွဲ့အစည်းဆိုင်ရာ ဖွံဖြိုးတိုတက်ရေးနဲ့ စီမံခန့်ခွဲမှု (Organizational Development) သင်တန်းတစ်ရပ်ကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်ခဲ့ပါတယ်။

“မွန်ပြည်နယ်မှာ ပထမဆုံးပေးတဲ့ အဖွဲ့အစည်းဆိုင်ရာ သင်တန်းပေမယ့် ဒီသင်တန်းရဲ့ ရလာဒ်က အရမ်းကို အောင်မြင်ခဲ့ပါတယ်။ သင်တန်းအပေါ် စိတ်ဝင်စားတဲ့ အဖွဲ့အစည်းတွေ အများကြီးရှိခဲ့ပြီး သင်တန်းတက်ဖို့ စာရင်းပေးခဲ့ပေမယ့် လူဦးရေအကန့်အသတ်ရှိတဲ့အတွက် တချို့သောအဖွဲ့အစည်းတွေကို ချန်ခဲ့ရတာမျိုး ရှိပါတယ်” လို့ ထားဝယ်မြို့အခြေစိုက် Colors Rainbow အဖွဲ့မှ ဒေါ်အေးမွန်က ပြောပါတယ်။

“စီမံကိန်းဆွဲတာတွေ၊ အစီအရင်ခံစာ ရေးတဲ့အခါ ဘာတွေလိုသလဲဆိုတာတွေကို သိလိုက်ရတယ်။ နောက်ပြီး Gender နဲ့ ပတ်သက်ပြီးပေါ့။ Gender ခွဲခြားတာတွေက လူကြီးတွေမှာ အရမ်းများတယ်။ အိမ်မှာရော ကျောင်းမှာရော ခွဲခြားမှုတွေကို တွေ့ရင် တတ်နိုင်သလောက် ပြန်ပြီးမျှဝေအသိပညာပေးသွားမယ်လို့” လို့ Social Energetic Bloom (S.E.B) (Youth Development) မှ သင်တန်းသူ နဒီလွင်က ပြောပါတယ်။

ဒီသင်တန်းကို မော်လမြိုင်မြို့၊ ငြိမ်းဖောင်ဒေးရှင်းသင်တန်းခန်းမမှာ ဂျူလိုင်လ (၆) ရက်မှ (၈) ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး အဖွဲ့အစည်း (၁၆) ဖွဲ့မှ သင်တန်းသား (၂၇) ဦး တက်ရောက်ခဲ့ကြပါတယ်။

အဆိုပါသင်တန်းမှာ ဒေသအခြေစိုက်ပြီး ပညာရေး၊ ကျန်းမာရေး၊ ကျား-မ တန်းတူညီမျှရေး၊ လူမှုရေးပရဟိတ၊ ကလေးသူငယ်အခွင့်အရေးနဲ့ လူငယ်ဆိုင်ရာ စတဲ့အဖွဲ့အစည်းအသီးသီးမှ သင်တန်းသားကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

One thought on “အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စီမံခန့်ခွဲမှုသင်တန်းတစ်ရပ်ကို Colors Rainbow အဖွဲ့က မော်လမြိုင်မြို့မှာ ပထမဦးဆုံးအကြိမ် ပြုလုပ်

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.