ရွှေဘိုတက္ကသိုလ်က ကျန်းမာရေးဆိုင်ရာဟောပြောပွဲကို တက္ကသိုလ် ဆရာ၊ ဆရာမနဲ့ ကျောင်းသား၊ ကျောင်းသူ (၄၀၀) ကျော် တက်ရောက်ခဲ့

National AIDS Programme နဲ့ ရွှေဘိုတက္ကသိုလ်တို့ ပူးပေါင်းကျင်းပတဲ့ ပထမဆုံးအကြိမ် ကျန်းမာရေးဆိုင်ရာ ဟောပြောပွဲကို တက္ကသိုလ် ဆရာ၊ ဆရာမနဲ့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၄၀၀)ကျော် တခဲနက် တက်ရောက်ခဲ့ကြပါတယ်။

အဆိုပါ ကျန်းမာရေးဆိုင်ရာ ဗဟုသုတ ဟောပြောပွဲကို ရတနာသိင်္ဃခန်းမမှာ သြဂုတ်လ (၉) ရက်၊ နေ့လည်(၂)နာရီမှာ ပူးပေါင်းကျင်းပခဲ့တာ ဖြစ်ပါတယ်။

“HIV က ဗိုင်းရပ်ပိုးတစ်ခုပါ၊ ရောဂါမဟုတ်ဘူး။ ရောဂါက AIDS ပါ။ ကူးစက်ပုံက (၄)နည်းရှိပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ သိထားသင့်တယ်။ ပိုးရှိသူနဲ့ လိင်ဆက်ဆံတဲ့အခါ အကာအကွယ်မဲ့ လိင်တူလိင်ကွဲ ဆက်ဆံတဲ့အခါမှာလည်း ကူးနိုင်တယ်။ ကွန်ဒုံးမပါဘဲ ဆက်ဆံတဲ့အခါလည်း ကူးတာတွေ ရှိတယ်။ ပိုးရှိသူရဲ့ အပ်၊ ချွန်ထက်တဲ့ ပစ္စည်းတွေကလည်း ကူးစက်နိုင်ပါတယ်။ ပိုးရှိတဲ့ မိခင်ကနေလည်း ကူးစက်နိုင်တယ်”လို့ ခုခံအားကျ ကာလသားရောဂါတိုက်ဖျက်ရေးဌာန၊ NAP မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကျန်းမာရေးဆိုင်ရာဟောပြောပွဲမှာ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ သိသင့်တဲ့ HIV/ AIDS အကြောင်း သိကောင်းစရာတွေ၊ ပျိုရွယ်သူ ကျန်းမာရေးအကြောင်း သိကောင်းစရာတွေ၊ ဥပဒေအကြောင်း သိကောင်းစရာတွေကို ဟောပြောခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.