(၈)ကြိမ်မြောက် ဝဿန်ရုပ်ရှင်ပွဲတော်မှာ LGBT မှတ်တမ်းရုပ်ရှင် Missing Puzzle က ပြိုင်ပွဲဝင် ဇာတ်ကားအဖြစ် ရွေးချယ်ခံရ 

ယခုနှစ် (၈)ကြိမ်မြောက် ကျင်းပတဲ့ ဝဿန်ရုပ်ရှင်ပွဲတော်မှာ LGBT မှတ်တမ်းရုပ်ရှင် Missing Puzzle (နှစ်အိုးတစ်အိမ်) ဇာတ်ကားဟာ ပြိုင်ပွဲဝင် ရုပ်ရှင်ဇာတ်ကားတစ်ကားအဖြစ် ရွေးချယ်ပြသခြင်း ခံရပါတယ်။

အခုလို ရွေးချယ်ခံရတဲ့ LGBT မှတ်တမ်းရုပ်ရှင်ဇာတ်ကားကို Colors Rainbow က ပြုလုပ်တဲ့ Basic Documentary Film-making Workshop သင်တန်းက Rainbow Reels အဖွဲ့ဝင်ဖြစ်တဲ့ လူငယ်ဒါရိုက်တာ Hein Z နဲ့ အဖွဲ့သားတွေက ရိုက်ကူး တင်ဆက်ထားတာပါ။

“ကိုယ့်ရဲ့ဘဝမှာ ပထမဆုံး ဇာတ်ကားလည်းဖြစ်တော့ အခုလို ရွှေးချယ်ခံရတဲ့အခါ ကိုယ့်ကို အသိအမှတ်ပြုတယ်လို့ ခံစားရတယ်။ ဒါရိုက်တာ၊ ကင်မရာနဲ့ အသံသမား အားလုံးက ပထမဆုံး အတွေ့အကြုံပါ။ ဇာတ်ကောင်ကို Facebook မှာ မြင်ဖူးထားပေမယ့် အပြင်မှာ စကားပြောကြည့်တဲ့အခါ သူ့ဘဝရဲ့ ကြိုး စားဖြတ်သန်းပုံကို ကြိုက်လို့ ရွေးချယ်ရိုက်ကူးခဲ့တာပါ ”လို့ Missing Puzzle (နှစ်အိုးတစ်အိမ်) ဇာတ် ကားမှ ဒါရိုက်တာ Hein Z က ပြောပါတယ်။

ဝဿန်ရုပ်ရှင်ပွဲတော်မှာ ဒီဇာတ်ကားကို စက်တင်ဘာလ(၅)ရက်နေ့၊ ညနေ(၆) နာရီမှ (၈) နာရီအထိ Goethe institute Myanmar မှာ ပြသသွားမှာ ဖြစ်သလို ဝဇီရာရုပ်ရှင်ရုံမှာ စက်တင်ဘာလ(၈)ရက်နေ့ ၊ နေ့လည် (၁)နာရီမှ ညနေ(၃)နာရီအထိ ပြသသွားမှာ ဖြစ်ပါတယ်။

Missing Puzzle ရဲ့ အဓိက ဇာတ်ကောင်ဟာ ပြောင်းလဲသွားတဲ့ သူ့ရဲ့အခြေအနေတွေကို ဘယ်လိုရင်ဆိုင်ပြီး ဘဝကို ဘယ်လို ဆက်လက်ရပ်တည် နေထိုင်နေသလဲဆိုတာကို ဒီမှတ်တမ်းရုပ်ရှင်ထဲမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

(၈)ကြိမ်မြောက် ဝဿန်ရုပ်ရှင်ပွဲတော်ကို စက်တင်ဘာလ(၅)ရက်နေ့ကနေ (၁၀)ရက်နေ့ထိ ဝဇီရာရုပ်ရှင်ရုံမှာ ပြိုင်ပွဲဝင် ရုပ်ရှင်ဇာတ်ကားပေါင်း (၁၁)ကားနဲ့ အခြားရုပ်ရှင်ဇာတ်ကားတွေကိုလည်း ပြသသွားမှာ ဖြစ်တဲ့အတွက် ပွဲစဉ်တခုကို ဝင်ကြေး (၅၀၀)ကျပ်နဲ့ ကြည့်ရှု့အားပေးနိုင်ပါတယ်။

(၇)ကြိမ်မြောက် ဝဿန်ရုပ်ရှင်ပွဲတော်မှာလည်း Colors Rainbow အဖွဲ့က ထုတ်လုပ်တဲ့ ဒါရိုက်တာ နှင်းပပစိုး(ခ) Can Dal ရိုက်ကူးတဲ့ A Simple Love Story (အချစ်ဇာတ်လမ်း ရိုးရိုးလေး တစ်ပုဒ်)နဲ့ ဒါရိုက်တာ ကိုဝေယံ ရိုက်ကူးတဲ့ Miss or Miss (သရဖူ) LGBT မှတ်တမ်းရုပ်ရှင်(၂)ကားဟာ Best Documentary Film Award နဲ့ Audience Award ဆုများကို အသီးသီး ရရှိခဲ့ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.