TEDx Yangon 2018 ပွဲကြီးမှာ Transgender အမျိုးသမီး ရှင်းသန့် ကို LGBT Rights ခေါင်းစဉ် ဟောပြောသွားဖို့ ရွေးချယ်ခံရ

ကမ္ဘာတဝှမ်းလုံးက စောင့်ကြည့်နေကြတဲ့ TEDx Yangon 2018 ပွဲကြီးမှာ Transgender အမျိုးသမီး ရှင်းသန့်ကို LGBT Rights ခေါင်းစဉ်နဲ့ ဟောပြောသွားဖို့ ရွေးချယ်ခံလိုက်ရပါတယ်။

ယခုနှစ်ရဲ့ TEDx Yangon 2018 ပွဲကြီးကို “ဒီနေ့ရဲ့ အနာဂတ်” ခေါင်းစဉ်နဲ့  ကျင်းပသွားမှာဖြစ်ကာ အောက်တိုဘာလ(၆)ရက်နေ့ The Strand Hotel က Ballroom မှာ မနက် (၈)နာရီကနေ ည (၈)နာရီအထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

“ဒီအစီအစဉ်ကို You Tube မှာလည်း တင်မှာ၊ တမ္ဘာလုံးဆီရောက်မှာဆိုတော့ LGBT အကြောင်း ပြောခွင့်ရတာမို့ အတန်အသင့်တော့ ထိရောက်မှာပါ။ ရှင်းသန့်အနေနဲ့ LGBT Issue ကို လူတွေ မထင်ထားတဲ့၊ တွေးမထားတဲ့ အတွေးအမြင်ရှု့ထောင့်တစ်ခုကနေ အဓိက ပြောပြသွားဖို့ ပြင်ဆင်နေပါတယ်။ လူတွေ့စစ်ဆေးတဲ့အခါ ကိုယ့်ရဲ့အတွေးအခေါ်တွေကို (၃)မိနစ်စာလောက် TEDx Yangon ကို ပြောပြရတယ်” လို့ Transgender အမျိုးသမီး ရှင်းသန့်က ပြောပါတယ်။

TEDx Yangon 2018 ပွဲကြီးအတွက် စာရင်းသွင်း အကြုံပြုလွှာတွေ ပေးပို့လာသူ (၂၀၀)ကျော်ထဲကမှ မေလ( ၂၀)ရက်နေ့တွင် လူတွေ့စစ် ဆေးခဲ့ရာမှ Transgender အမျိုးသမီး ရှင်းသန့်အနေနဲ့ ယခုလို ဆန်ကာတင် ရွေးချယ်ခံရသူများထဲ တစ်ယောက်အပါအဝင်အဖြစ် ရွေး ချယ်ခံလိုက်ရခြင်း ဖြစ်ပါတယ်။

သူမက  ၂၀၁၂ ခုနှစ်ကတည်းက Transgender အမျိုးသမီးတစ်ဦးအဖြစ် ပြောင်းလဲနေထိုင်ခဲ့ပြီး လက်ရှိ LGBT အခွင့်အရေးကို တက်ကြွစွာ လှုပ်ရှားဆောင်ရွက်နေသူ တစ်ဦးဖြစ်သလို  ၂၀၁၈ ခုနှစ်၊ ရူပစန္ဒီ မန္တလဒေဝီ အလှမယ်ပြိုင်ပွဲမှာ Second Winner up (Working Lady) ဆုကို ရရှိထားပါတယ်။ 

၂၀၁၇ ခုနှစ်ရဲ့  TEDxYangonWomen 2017 ကို  နိုဝင်ဘာလ (၃)ရက်နေ့တွင် “တံတားများ” ဆိုတဲ့ အကြောင်းအရာခေါင်းစဉ်နဲ့ ရန်ကုန်မြို့ရဲ့ Bar Bondi မှာ ညနေ ၄ နာရီကနေ ည ၈ နာရီအထိ ကျင်းပခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.