ငယ်စဉ်ကတည်းက မိန်းကလေးတွေကို ချစ်တတ်တာပါလို့ဆိုလာတဲ့ အလှမယ်ဟောင်း ထက်ထက်ထွန်း

မကြာသေးခင်ရက်ပိုင်းက လူမှုကွန်ယက်စာမျက်နှာမှာ အမျိူးသမီးချစ်သူစုံတွဲပုံစံ ဓါတ်ပုံတွေကြောင့် ပရိသတ်ရဲ့ စိတ်ဝင်စားမှုနဲ့ ဝေဖန်မှုတွေ မြင့်တက်နေသူ Miss Universe Myanmar 2015-2016 ရဲ့ အလှမယ်ဟောင်း ထက်ထက်ထွန်းက ၄င်းကိုယ်တိုင် LGBT အုပ်စုဝင်အဖြစ် တရားဝင်ပြောဆိုထားတာ မရှိပေမယ့် ငယ်စဉ်ကတည်းက မိန်းကလေးတွေကို ချစ်တတ်တာပါလို့ ဆိုလိုက်ပါတယ်။

“Official ကြီးတော့ မဟုတ်ပါဘူး။ LGBTဆိုတဲ့ အသုံးနှုန်းကလည်း အခုနောက်ပိုင်းမှ ကြားဖူးတာလေ။ ထက်ကကျတော့ ဟိုးငယ်ငယ်ကတည်းက မိန်းကလေးတွေကို ချစ်တတ်တာ။ သူငယ်ချင်းမိန်းကလေးတွေပဲ ပိုပေါင်းဖြစ်တာဆိုတော့ မိန်းကလေးအချင်းချင်း တရင်းတနှီးပေါင်း ဖြစ်တယ်။ တစ်ခါတစ်လေ အရမ်းချစ်ဖို့ကောင်းနေရင် ပါးဆွဲလိမ်တာတို့ အသားညှစ်တာတို့ လက်မောင်းလေးကို ကိုက်ဆွဲတာတို့ လုပ်တာပေါ့။ LGBTဆိုတဲ့ ခံယူချက်ကတော့ တရားဝင်ခံယူထားတာ မရှိသေးပါဘူး။ ဒီလိုပဲ မိန်းကလေးတွေကို ချစ်တတ်တာ ၊ချောတဲ့လှတဲ့ မိန်းကလေးတွေကိုလည်းတွေ့ရင် ကြည့်ပြီး ချစ်တယ်ပေါ့” လို့ အလှမယ်ဟောင်း ထက်ထက်ထွန်းက ပြောပါတယ်။

သူမက သူငယ်ချင်း ယွန်းဝင့်လွှာအောင်နဲ့ ရိုက်ကူးထားတဲ့ အမျိူးသမီးချစ်သူစုံတွဲ (Lesbian)ပုံစံ ဓါတ်ပုံတွေကို သူမရဲ့ Facebook စာမျက် နှာမှာ တင်လိုက်တဲ့အတွက် လက်ရှိ ပရိသတ်ရဲ့ စိတ်ဝင်စားဝေဖန်မှုတွေ မြင့်တက်နေတာနဲ့ ပတ်သက်ပြီး  အလှမယ် ထက်ထက်ထွန်းက  အခုလို ဖြေကြားထားပါတယ်။

“ဒီပုံက ဒီအတိုင်း ထက်တို့နှစ်ယောက် အပျော်ရိုက်ထားတာ။ ညီမနဲ့ ယွန်းနဲ့ပေါ့။ ညီမတို့နှစ်ယောက်က အမြဲလှတာတွေ့ရင် အတူတူဓါတ်ပုံရိုက် ဖြစ်တယ်။ သူကတော့ အမြဲချွဲချွဲနွဲ့နွဲ့ တီတီတာတာ လုပ်တတ်တယ်။ ဟိုနေ့က ခြံထဲမှာ ရှူတင်ရိုက်နေတုန်း ညီမတို့အလှည့် မရောက်သေးတာနဲ့ နားနေတုန်း နှစ်ယောက်ချွဲချွဲနွဲ့နွဲ့လေး ရိုက်ဖြစ်တယ်။ ပုံလေးတွေက ချစ်ဖို့ကောင်းလို့ တင်ဖြစ်လိုက်တာပါ။ ပုံလေးတွေက အသက်ဝင်တယ်လေ” လို့ ပြောပါတယ်။

အလှမယ်ဟောင်း ထက်ထက်ထွန်းအနေနဲ့ ယွန်းနဲ့ ၂၀၁၆ ခုနှစ်ကတည်းက Miss Now How ပြိုင်ပွဲမှာ ခင်မင်ခဲ့ကြတာဖြစ်ပြီး ယခုလို ပုံတွေကြောင့် ပရိသတ်ဘက်က သူမကို မိန်းမယူမှာလားလို့ မေးမြန်းမှုတွေ ရှိလာတယ်လို့ ဆိုပါတယ်။

“ထက်ကတော့ ယောက်ျားယူခြင်း မိန်းမယူခြင်းထက် ကိုယ့်ပတ်ဝန်းကျင်က ယောက်ျား၊ မိန်းမ၊ LGBT တွေပဲဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် ချစ်နေဖို့ကအရေးကြီးတယ်လို့ ထင်ပါတယ်။ မေတ္တာရှိမယ်၊ တစ်ယောက်နဲ့တစ်ယောက် မနာလိုမုန်းတီးစိတ်မရှိဖို့ လိုမယ်ထင်တယ်”လို့ သူမက ပြောပါတယ်။

အလှမယ်ဟောင်း ထက်ထက်ထွန်းအနေနဲ့ သရုပ်ဆောင်ခွင့်ရမယ်ဆိုရင်လည်း LGBTတွေရဲ့ အခွင့်အရေးအတွက် လူသားချင်းစာနာပေးမယ့် ပညာပေးဇာတ်ကားလေးတွေကို ဂုဏ်ယူပြီး ရိုက်ချင်ပါသေးတယ်လို့ ဆိုပါတယ်။

One thought on “ငယ်စဉ်ကတည်းက မိန်းကလေးတွေကို ချစ်တတ်တာပါလို့ဆိုလာတဲ့ အလှမယ်ဟောင်း ထက်ထက်ထွန်း

  • October 26, 2018 at 11:19 am
    Permalink

    I ‘m lgbt like it is very simply ?

    Reply

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.