“ပေါ်ပေါ် အလှပြင်ဆိုင်” အမှုကို အောက်တိုဘာလ(၉)ရက်က ဒုတိယအကြိမ်မြောက် ရုံးထုတ်ရမန်ယူ

တောင်ဥက္ကလာပမြို့နယ်တွင် အသက်(၁၂) နှစ်အရွယ် စတုတ္ထတန်းကျောင်းသား ကလေးငယ်တစ်ဦးအား လိင်တူအဓမ္မပြုကျင့်ခဲ့သည်ဟူသော စွပ်စွဲချက်နဲ့ အမှုဖွင့်ခံထားရတဲ့ ” ပေါ်ပေါ် အလှပြင်ဆိုင်” အမှုကို အောက်တိုဘာလ(၉)ရက်က ဒုတိယအကြိမ်မြောက် ရုံးထုတ်ရမန်ယူခဲ့ကြောင်း သိရသည်။

“ရမန်ထပ်ယူတယ်။ ရမန်က အောက်ဆိုဘာလ(၂၂)ရက်အထိပါ။ လက်ရှိကတော့ စစ်ဆေးဆဲပဲ “လို့ တောင်ဥက္ကလာပမြို့မရဲစခန်းမှဒုရဲမှူး ရွှေဌေးက ပြောသည်။ အ

အခင်းဖြစ်စဉ်မှာ တောင်ဥက္ကလာပမြို့နယ် (၅)ရပ်ကွက်တွင် နေထိုင်သူ မ— (တရားလိုဖြစ်သူ)က မြို့မရဲစခန်းသို့ လာရောက်တိုင်ကြားသဖြင့် စစ်ဆေးမေးမြန်းချက်များအရ သိရသည်မှာ စက်တင်ဘာလ(၂၄)ရက် ညနေပိုင်းတွင် မ –(တရားလို)လင်မယားသည် တောင်ဥက္ကလာပမြို့နယ်ရှိအသိမိတ်ဆွေ နေအိမ်သို့ သွားရောက်လည်ပတ်ခဲ့ကြပြီး ည (၉)နာရီခွဲခန့်အချိန်တွင် အမှတ်(၅)ရပ်ကွက်ရှိ နေအိမ်သို့ပြန်လည်ရောက်ရှိခဲ့ရာ ထိုစဉ် တစ်အိမ်တည်းအတူနေထိုင်သူ ကာယကံရှင်ဖြစ်သော တူ (၁၂)နှစ်မှာ နေအိမ်၌ရှိမနေဘဲ ပျောက်ဆုံးနေသည့်အတွက် လိုက်လံရှာနေခဲ့ကြသည်။

ည(၁၁)နာရီခွဲအချိန်တွင် ၎င်းတို့လိုက်ရှာနေခဲ့သည့် တူမှာ နေအိမ်သို့ ပြန်ရောက်ရှိလာခဲ့သည်ဟု တိုင်ကြားချက်အရ သိရသည်။

ထိုမှ တရားလိုဖြစ်သူက ကလေးငယ်ကို မေးမြန်းခဲ့ရာ လမ်းထိပ်ရှိ “ပေါ်ပေါ်အလှပြင်ဆိုင်” ပိုင်ရှင် ကိုရန်နိုင်(၄၆)နှစ်က ခေါ်ယူသည့် အတွက် တစ်ရပ်ကွက်တည်းနေ သူငယ်ချင်းနှင့်အတူ သွားရောက်လည်ပတ်ခဲ့ရာမှ ဆိုင်ပိုင်ရှင်က အဓမ္မပြုကျင့်ခဲ့သည်ဟု ပြောကြား သဖြင့် တောင်ဥက္ကလာပမြို့မရဲစခန်းသို့ လာရောက်ကာ လိင်တူအဓမ္မပြုကျင့်ခံရသည့်အတွက် ကျူးလွန်သူကို အရေးယူပေးရန် တရားလိုပြုတိုင်ကြားခဲ့သည်ဟု ရဲတပ်ဖွဲ့ထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.