Youth Alert အဖွဲ့က လှည်းတန်းစိန်ဂေဟာ၊ Myanmar Plaza နဲ့ ဗန္ဓုလပန်းခြံရှေ့မှာ LGBT တွေအပေါ် လူထုသဘောထားအမြင်မေးမြန်းခဲ့ကြ

လူငယ်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Youth Alert အဖွဲ့က လူစည်ကားရာ လှည်းတန်းစိန်ဂေဟာ၊ Myanmar Plaza နဲ့ ဗန္ဓုလပန်းခြံရှေ့တို့တွင် Free Hug (လွတ်လပ်စွာ ပွေ့ဖက်နုတ်ဆက်ကြပါစို့)အစီအစဉ်နဲ့ အများပြည်သူတွေရဲ့ LGBT အပေါ်ထားတဲ့ သဘောထားအမြင်တွေကို မေးမြန်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဒီလို ကမ်ပိန်းလေးကို နိုဝင်ဘာလ(၂၄)ရက်ကနေ (၂၅)ရက်နေ့အထိ  ပြည်သူလူထု (၅၀)ဦးကို မေးမြန်းခဲ့ကြရာ ဖြေကြားခဲ့သူအများစုမှာ LGBT အပေါ် လက်ခံကြတဲ့ အမြင်တွေကို ဖြေဆိုခဲ့ကြပါတယ်။

“ညီမတို့ မေးမြန်းခဲ့တဲ့ အယောက်(၅၀)မှာ LGBT တွေကို လက်မခံတာ (၁၀)ယောက်လောက်ပဲ ရှိတယ်။ တိုင်းရေးပြည်ရေးနဲ့ အခြားလုပ် ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခွင့်ရှိသလားကို မေးတော့လည်း (၂)ယောက်၊ (၃)ယောက်ပဲ အဆင်မပြေနိုင်ဘူး ပြောကြတယ်။ အများစုက တော့ နိုင်ငံသားတစ်ယောက်ဖြစ်တဲ့အတွက် ပါဝင်သင့်တာပေါ့လို့ ပြောကြတယ်” လို့ Youth Alert အဖွဲ့မှ မသက်ထက်လင်းမောင်က ပြောပါတယ်။

၎င်းတို့အဖွဲ့အနေနဲ့ နိုဝင်ဘာလ(၂၄)ရက်နေ့ မနက် (၉)နာရီမှနေ့လည်(၁၂)နာရီအထိ Free Hug ကို လှည်းတန်းစိန်ဂေဟာရှေ့၊ လူထုသ ဘောထားအမြင် မေးမြန်းခြင်းကို လှည်းတန်းလမ်းတစ်လျှောက်၊ ညနေ (၂) နာရီမှ (၅) နာရီအထိ Free Hug ကို Myanmar Plaza ရှေ့၊ လူထုသဘောထားအမြင် မေးမြန်းခြင်းကို Myanmar Plaza ပတ်ဝန်းကျင်နဲ့ အင်းယားကန်ဘောင်ပတ်ဝန်းကျင်၌ ပြုလုပ်ခဲ့ကြပြီး နိုဝင် ဘာလ(၂၅)ရက်နေ့တွင် မနက်(၉)နာရီမှနေ့လည် (၁၂)နာရီအထိ ဗန္ဓုလပန်းခြံ၌ ပြုလုပ်ခဲ့ကြပါတယ်။

“အားလုံးက ပထမဆုံးဆိုတော့ အခက်အခဲတွေနဲ့ ကြုံရတယ်။ ဥပမာ-လှည်းတန်းစင်တာတို့လို အရှေ့မှာ လုပ်မယ်ဆိုရင် ခွင့်ပြုချက်ရဖို့ကို Top Management အထိ စာတင်ရတယ်ဆိုတာကို မသိခဲ့ဘူးရှင့်။ နောက် အခက်အခဲကတော့ Free Hug အတွက် မတ်တပ်ရပ်တဲ့ Volunteer တွေကို လာဖက်မဲ့သူတွေ နည်းတာရှင့်။ ညီမတို့နိုင်ငံက ပွေ့ဖက်နှုတ်ဆက်တာ ထုံးစံရှိတဲ့နိုင်ငံမဟုတ်တော့ လမ်းသွားလမ်းလာတွေက ရှက်နေကြတာမျိုးတွေ ရှိတယ်ရှင့်။ ကိုင်ထားတဲ့ ဗီနိုင်းက စာတွေကို ဖတ်ကြည့်ပြီး စိတ်ဝင်စားမှုရှိပေမဲ့ ကင်မရာရှိတော့ ရှောင်သွားတာမျိုးတွေ ရှိတယ်။ အဲတော့ ညီမတို့ရဲ့ Interview အဖွဲ့ကနေပြီး ဖြေပေးတဲ့သူတွေကိုပဲ Free hug မှာ ပါဝင်ကြဖို့ တိုက်တွန်းရတာပေါ့နော်”လို့ Youth Alert အဖွဲ့မှ မသက်ထက်လင်းမောင်က ပြောပါတယ်။

လူထုသဘောထားအမြင်ကို မေးမြန်းရာတွင်  LGBT ဆိုတဲ့ အသုံးအနှုန်းကို မေးမြန်းခြင်း၊ LGBTတွေကို လက်ခံနားလည်ပေးမှု မေးမြန်းခြင်း၊ ကိုယ်တိုင်ရော LGBT တွေအပေါ် ခွဲခြားဆက်ဆံခြင်းနဲ့ ခွဲခြားဆက်ဆံတဲ့ သူတွေအပေါ် အမြင်များ မေးမြန်းခြင်း၊ LGBTတွေအနေနဲ့ တိုင်းရေးပြည်ရေးနဲ့ အခြားလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခွင့် ရှိသင့် မသင့်နဲ့ အကယ်၍ မိသားစုထဲမှာ LGBTတစ်ယောက်ရှိလာရင် ဘယ်လိုဖြေရှင်းမလဲစတဲ့ မေးခွန်းတွေနဲ့ မေးမြန်းခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.