၂၀၁၉ ခုနှစ် & PROUD LGBTIQ ပွဲတော် YANGON PRIDEကို သခင်မြပန်းခြံနဲ့ ပြင်သစ်ယဉ်ကျေးမှုဌာနတို့မှာ ကျင်းပသွားမည်

၂၀၁၉ခုနှစ်ရဲ့ & PROUD LGBTIQ ပွဲတော်ဖြစ်တဲ့ YANGON PRIDE ကို ဇန်နဝါရီလ(၂၅)ရက်နေ့ကနေ ဖေဖော်ဝါရီလ(၃)ရက်နေ့အထိ သခင်မြပန်းခြံနဲ့ ပြင်သစ်ယဉ်ကျေးမှုဌာနတို့မှာ ခမ်းနားစွာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒီပွဲတော်ရက်တွေမှာ LGBTIQ ရုပ်ရှင်ကားတွေ ၊ အနုပညာဖျော်ဖြေတင်ဆက်မှု၊ ဆွေးနွေးစကားဝိုင်း၊ ဒေါက်ဖိနပ် အပြေးပြိုင်ပွဲတွေနဲ့ ပါတီပွဲတွေ ကျင်းပသွားမှာ ဖြစ်သလို Colors Rainbow အဖွဲ့မှလည်း Booth Show ခင်းကျင်းပြသသွားမှာ ဖြစ်ပါတယ်။

 

ဇန်နဝါရီလ(၂၅)ရက်နေ့မှ (၂၇)ရက်နေ့အထိ သခင်မြပန်းခြံ၊ ဖေဖော်ဝါရီလ(၁)ရက်မှ (၃)ရက်အထိ ပြင်သစ်ယဉ်ကျေးမှုဌာနနဲ့ ဇန်နဝါရီလ(၂၆)ရက် ရန်ကုန်မြစ်ထဲမှာ LGBTIQ သင်္ဘောပါတီပွဲကို ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒီနှစ်ရဲ့ &PROUD LGBTIQ ပွဲတော်မှာ မသန်စွမ်းသူတွေနဲ့ နားမကြားသူတွေလည်း တက်ရောက်နိုင်ဖို့ စီစဉ်ထားမှာဖြစ်သလို ရန်ကုန်မြစ်ထဲမှာ LGBTIQ သင်္ဘောပါတီပွဲအတွက် လက်မှတ်တွေကိုလည်း ကြိုတင်ဝယ်ယူနိုင်ပါတယ်။

LGBTIQ သင်္ဘောပါတီပွဲလက်မှတ်နှုန်းထားတွေကို (၃၀၀၀)ကျပ်နဲ့ (၈၀၀၀)ကျပ် သတ်မှတ်ထားပြီး &PROUD ရုံးခန်းဖြစ်တဲ့ အမှတ် ၅၊ မြေညီထပ်၊ ရှင်စောပုဘုရားလမ်း၊ စမ်းချောင်းမြို့နယ်၊ တာမွေမြို့နယ်၊ ဒဂုံသီရိလမ်းမှာရှိတဲ့ LGBT သီးသန့်ဆိုင် My Place နဲ့ ဒဂုံမြို့နယ်၊ ယောမင်းကြီးလမ်းရှိ Toddy Wine Bar – Urban Asia Centerတို့မှာ ဝယ်ယူရရှိနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.