ဘာသာရေးအယူအစွဲပြင်းထန်တဲ့ မိဘတွေကို ဘယ်လိုဖွင့်ပြောမလဲ

LGBT (Lesbian, Gay, Bisexual,Trans) ဆိုတာ သက်တံရောင်စဉ်တန်းတစ်ခုလို့ဆိုရရင် စာဖတ်သူအနေနဲ့ အဲဒီအရောင်တွေထဲ ပါဝင်စီးမျောနေသူ တစ်ယောက်ဖြစ်ကြောင်း သေချာစဉ်းစား ဝေဖန်ဆုံးဖြတ်မိကြမယ့် အချိန်အခါတစ်ခုတော့ တစ်နေ့မှာ ဆိုက်ရောက်လာနိုင်ပါတယ်။ စာဖတ်သူတွေရဲ့ မိဘတွေဟာ ဘာသာရေးအယူအစွဲ ပြင်းထန်သောသူများ ဖြစ်ခြင်းကြောင့် စာဖတ်သူ ဖွင့်ဟပြောဆိုမယ့် အကြောင်းခြင်းရာတစ်ရပ်ဟာ လက်မခံဖို့များတဲ့ ဘာသာရပ်ဖြစ်လို့ သိပ်မပြောချင်တဲ့ စိတ်တွေလည်း ဖြစ်တည်နေနိုင်ပါတယ်။

စာဖတ်သူအနေနဲ့ မိမိရဲ့ လိင်စိတ်တိမ်းညွတ်မှုအပေါ် ဆန်းစစ်ချိန်ကာလမှာ စိတ်ရှုပ်ထွေးစရာ၊ ကြောက်လန့်စရာ၊ ခက်ခဲလွန်းသော အချိန် အခါတွေ ဖြစ်နေနိုင်သလို စာဖတ်သူ မိဘများဟာ ဘာသာရေးအယူအစွဲ၊ ဘာသာရေးအပေါ် ကိုင်းရှိုင်းမှု ပြင်းပြလွန်းသောသူများ၊ ဆန့် ကျင်ခြင်း မပြုလုပ်လိုသူများ ဖြစ်ခြင်းကြောင့် ပိုပြီး တုံ့ဆိုင်းစေပါမယ်။ ဘယ်လိုပဲဖြစ်နေပါစေ စာဖတ်သူအနေနဲ့ မိမိပြောဆို ပြုမှု နေထိုင်နေသည့် ကိုယ်စိတ်နှစ်ပါးသည် စာဖတ်သူ အမှန်တကယ် ဖြစ်တည်နေမှုနဲ့ ထပ်တူ မဟုတ်သောကြောင့် ဖွင့်ဟပြောဆိုလိုက်ခြင်းသည် မှန်ကန်တဲ့ လုပ်ရပ်တစ်ခုအဖြစ် ခံစားမိတယ်ဆိုရင် မိဘများကို ဖွင့်ဟ ပြောကို ပြောရပါလိမ့်မယ်။

ဖွင့်ဟပြောဆိုခြင်းဆိုရာမှာလည်း စာဖတ်သူရဲ့ ဖြစ်တည်မှုဟာ ဘာသာရေးအပေါ် အလွန်အမင်း ကိုင်းရှိုင်းသည့် မိဘများရဲ့အမြင်မှာ အ ထင်သေးစရာ မဖြစ်သည့် ဂုဏ်ဒြပ်တစ်ရပ်နှင့် ပြည့်စုံသည့် အထောက်အထားများ ရှိနေ ပိုင်ဆိုင်နေဖို့လည်း လိုအပ်ပါတယ်နော်။ စာရေးသူအနေနဲ့ အခု ဘာတွေရေးပြမလဲဆိုတော့ စာဖတ်သူတို့ သိပြီးသား အကြောင်းအရာအချို့ကို နှမ်းဖြူးပေးရင်း နည်းလမ်းလေးအချို့ ဝေငှခြင်း ဖြစ်ပါတယ်။

သတိထား (Be Caref ul)

ပထမအဆင့်တစ်ဆင့်ကို တက်လှမ်းတဲ့ အဦးဆုံးခြေလှမ်းဟာ လုံလောက်သော မြှောက်ပင့်လျှောက်လှမ်းမှု မဖြစ်သေးဘူးဆိုတာလည်း သတိထားရပါမယ်။ ရရှိလာနိုင်တဲ့ လက်တွေ့ကျကျ အမျိုးမျိုးဖြစ်နိုင်သော တုံ့ပြန်ချက်တစ်ရပ်ကိုလည်း တွေးထားပါ။ ပြီးတော့ ဘယ်တစ်ခုကတော့ အဖြစ်နိုင်ဆုံးသော ဘယ်လိုတုံ့ပြန်ချက်တစ်ခု ဖြစ်လာမယ်၊ အဲလိုဖြစ်လာရင် ဘယ်လိုဖြေရှင်းလိုက်မယ် ဆိုတာကိုလည်း ဆုံး ဖြတ်ချက် ချထားရပါမယ်။ စာဖတ်သူရဲ့ မိဘများဟာ အမှန်တကယ် လက်မခံဘဲ စာဖတ်သူအပေါ် အထင်အမြင်မကြီးတော့မှာ သေချာနေတယ်။ ပြီးတော့ စာဖတ်သူအနေနဲ့ အသက်ရှင်သန်နေထိုင်ဖို့ နေစရာအိမ်၊ စားသောက်ဖို့ ဝင်ငွေ၊ ရပ်တည်ဖို့ အလုပ်အကိုင်စတာတွေ မရှိသေးဘူးဆိုရင်တော့ မဖွင့်ဟ မပြောဆိုပါနဲ့ဦး။

စာဖတ်သူမှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်သော အလုပ်အကိုင်လေးလည်း ရှိနေမယ်၊ နေထိုင်စားသောက်ဖို့ ဝင်ငွေလေးလည်း အတော်အသင့် ဖြစ်တည်နေတယ်ဆိုရင် ရရှိလာမည့် အခြေအနေတစ်ရပ်ဟာ ကွဲပြားခြားနားနိုင်ပါတယ်။

ဘယ်မိဘကို အရင်ဖွင့်ပြောမလဲစဉ်းစား (Think of which parent to tell first )

အဖေ့ကို အရင် ဖွင့်ဟပြောမလား၊ အမေ့ကို ပထမဆုံး ပြောကြည့်မလား စဉ်းစားပါ။ စာဖတ်သူအနေဖြင့် အမေဖြစ်သူနဲ့ တစ်လျှောက်လုံး နီးနီးကပ်ကပ် အလွမ်းသင့် နေထိုင်လာတယ်ဆိုပါက သူမကိုပဲ အရင်ဖွင့်ဟ ပြောဆိုလိုက်ပါ။ ဥပမာ ပြောတာနော်။ မိဘတွေနဲ့ အေးအေး ဆေးဆေး စကားစမြည် ပြောဆိုလို့ရမယ့် ကိုယ်ပိုင်အချိန်လေးတွေ ရှိခဲ့မယ်ဆိုရင် စာဖတ်သူအနေနဲ့ အရေးတကြီးဖြစ်နေတဲ့ ကိုယ်ရေး ကိုယ်တာ ကိစ္စတစ်ခုကို သူတို့နဲ့ ပြောဆိုတိုင်ပင်ချင်ကြောင်း အရိုးရှင်းဆုံး ပြောလိုက်ရပါမယ်။

အာရုံထွေပြားစရာမပါဘဲ ပြောဆိုဆွေးနွေးနိုင်မယ့် အချိန်တစ်ချိန်ကို စီစဉ်လိုက်ပါ

(Arrange a time to talk without distractions)

စာဖတ်သူအနေဖြင့် မိဘများနဲ့ အခြားသူများ မရှိတတ်သည့် ကိုယ်ပိုင်အချိန်တစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ အကောင်းဆုံးဖြစ်အောင် အချိန်ယူပြင် ဆင် ထားရပါလိမ့်မယ်။ အခု စာဖတ်သူ ဖွင့်ဟပြောဆိုမယ့် အကြောင်းကိစ္စသည် ဆတ်ဆတ်ထိမခံသည့် ကိစ္စတစ်ခု ဖြစ်ပါတယ်။ ဥပမာအားဖြင့် တစ်မိသားစုလုံး ရှိနေတတ်သည့် ခရစ်စမတ်(စ်) ညစာစားပွဲလို အချိန်ကာလမျိုးကိုတော့ မရွေးချယ် မပြုလုပ်သင့်ပါဘူး။ ကြားရှိနားထောင်ရမယ့် သတင်းသစ်တစ်ရပ်အပေါ် စာဖတ်သူရဲ့ မိဘများအနေဖြင့် နာကြားချိန်၊ တုံ့ပြန်ဖို့၊ အဖြေပေးဖို့ စတာတွေကို လုပ်ဆောင်နိုင်ရန် အခြားသော ပရိသတ်နားထောင်သူ မရှိဘဲ ကြားနာရဖို့ အခွင့်အရေးတစ်ခုအနေနဲ့ လိုအပ်ပါတယ်။

ဖွင့်မပြောခင် စိတ်ငြိမ်အောင်ပြင်ဆင် (Before you tell them, calm down)

အစည်းအဝေးတစ်ခုမှာ မိန့်ခွန်းပြောဖို့၊ အလုပ်အင်တာဗျူးဖြေဖို့ စသဖြင့် တစ်ခုခုသော ရင်ခုန်စိတ်လှုပ်ရှားဖွယ် အကြောင်းအရာများနှင့် ရင်ဆိုင်နေရသူ တစ်ယောက်အတွက် စိတ်ခံစားချက် ဘယ်လိုများရှိမလဲ။ ကတုန်ကယင် ဖြစ်မလား။ ချီတုံချတုံ ဖြစ်နေမလား။ ဘာပဲဖြစ် ဖြစ် မိမိစိတ်အနေအထားဟာ အေးဆေးသက်သာဖြစ်နေဖို့ လိုတာတော့ အမှန်ပဲ။ ကဲ… စာဖတ်သူ လုပ်ဆောင်ရမယ့် ရိုးရှင်းတဲ့ နည်းလေးက ခပ်ပြင်းပြင်းလေး တစ်ချက် အသက်ရှုရှိုက်လိုက်ပါ (သို့မဟုတ်) ဆုတောင်းတစ်ခု ရွတ်ဆို အဓိဋ္ဌာန်လိုက်ပါ။ ပြောခဲ့တဲ့နည်း နှစ်ခုလုံး လုပ်ဆောင်ရင်း… စာဖတ်သူ တွေးဆထားတာတွေ၊ စာဖတ်သူ စိတ်သက်သာရာရစေမယ့် အားအင်ဖြစ်စေမယ့် အကြောင်းအရာတွေကိုလည်း အကောင်းဖက်က ယူဆပြင်ဆင်ထားမယ်ဆိုရင် မျှော်လင့်ထားတာရဲ့ ဆန့်ကျင်ဖက်နဲ့ ကြုံဆုံလာရတဲ့အခါ ခုသာ ခံသာ ရှိတာပေါ့နော်။

ဖွင့်ပြောလိုက်ပါ (Tell them)

မိဘတွေကို ဖွင့်ဟပြောဆိုလိုက်ပါ။ ခြုံပုတ်ပတ်လည်ကို တုတ်နဲ့ခပ်ပြင်းပြင်း လှည့်ပတ် ရိုက်ခတ်နေတာက သူတို့ကို ခြောက်လှန့်သလို ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် “အမေ…အမေ့ကို သား အရမ်းချစ်တာပဲ။ ပြီးတော့ ကျွန်တော် အမေ့ကို ဖွင့်ပြောချင်တာ တစ်ခုရှိနေတယ်။ ကျွန်တော်ကလေ bisexual တစ်ယောက်ပါ” သို့မဟုတ် “အဖေ…သမီးက အမျိုးသမီးချင်း ကြိုက်နှစ်သက်သူ lesbian တစ်ယောက်ပါ”လို့လေးပဲ ပြောရုံပါပဲ။ ပြောပြခဲ့တဲ့ပုံစံလေးက စာဖတ်သူတို့ ပြောဆိုကြတဲ့ စကားအများကြီးထဲက စကားရပ်လေးတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီတော့ ဖွင့်ဟပြောစရာရှိတာ ပြောပြီးပြီဆိုရင် စာဖတ်သူရဲ့ မိခင်(သို့မဟုတ်) ဖခင်ရဲ့ တုံ့ပြန်ချက်ကို စောင့်ကြည့်ဖို့ ဖြစ်ပါတယ်။

သူတို့ ဘယ်လိုတုံ့ပြန်တာကို ကြည့် (See how they react)

သူတို့ ဘယ်လိုတုံ့ပြန်တယ်ဆိုတာကို အခြေအနေကြည့်ပါ။ လုံးလုံးလျားလျား လက်ခံခြင်းဆိုတဲ့ အခြေအနေကနေ ဆန့်ကျင်ဘက် ကန်ထုတ်ခံရတဲ့ အလားအလာလည်း ကြုံဆုံလိုက်ရနိုင်ပါတယ်။ ဒါပေမဲ့ ဒီအခြေအနေဟာ ဖြစ်စဉ်တစ်ခုရဲ့ လမ်းခုလတ် နေရာတစ်ခုခုဖြစ်နေနိုင်ပါရော။ ယေဘုယျအားဖြင့် သူတို့ လက်ခံသည့်သဘော ငြိမ်သက်ပြီး တွေဝေသလို ဖြစ်သွားကြတယ်ဆိုရင်တော့ ဒါ ပြဿနာအကြီးကြီးတစ်ခုကို စတင်ဖြေရှင်းနိုင်တဲ့ မန်နေဂျာတစ်ယောက် စာဖတ်သူ ဖြစ်သွားပါပြီ။ တကယ်လို့ သူတို့ အဲလိုမဟုတ်ခဲ့ဘူးဆိုရင် အစွန့်ပယ်ခံဖို့၊ စွန့်ပစ်ဖို့၊ ကြောက်ရွံ့နောက်တွန့် မနေသင့်ပါဘူး။ စာဖတ်သူ ရပ်တည်ခဲ့တဲ့ အခြေအနေအတိုင်း မလဲမယိုင် လျှောက်လှမ်းရပါမယ်။

ပေါက်ကွဲသံစဉ်တွေနားထောင်ဖို့ မျှော်လင့်ထား (Expect outbursts)

ပေါက်ကွဲသံစဉ်တွေ ကြားရဖို့ မျှော်လင့်ထားစရာ မလိုပါဘူး။ ကြားရဖို့ များပါတယ်။ သူတို့နဲ့ အပြိုင်ပေါက်ကွဲလို့တော့ မဖြစ်တာကြောင့် စာဖတ်သူအနေနဲ့ မိမိကိုယ်ကို ထိန်းချုပ်ထား၊ စိတ်ထိန်းထားဖို့ လိုမယ်နော်။ စာဖတ်သူအနေနဲ့ သိထားပြီးသား ဖြစ်မှာပါ။ သူတို့ဟာ ဘာသာရေး အဆုံးအမအောက်မှာ ယုံကြည်မှုပြင်းစွာ လျှောက်လှမ်းခဲ့တဲ့ကာလက ကြာပြီဆိုတာကိုလေ။ သိက္ခာမဲ့တဲ့ လုပ်ရပ်၊ သူတကာ လက်ညှိုး ထိုးစရာ ကိုယ်ကျင့်တရား ချို့ယွင်းမှုတစ်ရပ်၊ အခါတစ်ပါးက မကောင်းမှုပြုခဲ့လို့ ခံစားရတဲ့ စိတ်အခြေအနေယိုင်နဲ့မှု တစ်ရပ်ထားပါတော့၊ တို့ထိစရာ အသွင်ကွဲ အယူအဆများစွာ သူတို့ အဝန်းအဝိုင်းဝယ် ပေါ် ပေါက်လာတယ်လို့ အဦးဆုံး ယူဆထင်မြင်ကြမယ်ဆိုတာ ထင်ရှားပါတယ်။ စာဖတ်သူပြောတဲ့ စကားတွေကို အသာငြိမ် နားထောင်တယ်။ “ဒါ အံ့ဩစရာကောင်းတဲ့ သတင်းပဲ”ဆိုတဲ့ စကားလေးမျိုး အစပျိုးတယ်ဆိုရင်တော့ အမှောင်တိုက်ထဲက ခပ်သေးသေး အလင်းတန်းတစ်ခုအဖြစ် ရင်ခုန်နိုင်မယ် ခင်ဗျာ့။ ဒီလို အခြေအနေလေး ကြုံဆုံခွင့်ရမယ်ဆိုပါက စာဖတ်သူရဲ့ မိဘတွေစိတ်ထဲမှာ သိလိုစိတ်ပြင်းပြမှုတွေ၊ အပေးအယူတောင်းဆိုမှုတွေ ရောပြွမ်းတဲ့ စိတ်ခံစားချက်တွေရှိနေမယ်ဆိုတာ သိထားရပါမယ်။ ဒါကြောင့် စိတ်လှုပ်ရှားစွာ တုံ့ပြန်လာမယ့် သူတို့တုံ့ပြန်မှုကို ရင်ဆိုင်ဖို့ဖြေရှင်းဖို့ ကြိုတင်မျှော်လင့်ထားသည့်အတိုင်း စာဖတ်သူရဲ့ စိတ်ကိုလျော့၊ မျက်နှာကို မပျက်ယွင်းစေဘဲ တည်ငြိမ်နေလိုက်ပါ။

သူတို့အတွက် တိုက်ပွဲတစ်ခုရဲ့ ပထမနေ့ရက်ဆိုတာ သတိရပါ

(Remember that, for them, this is Day One of the Mission)

မိုးသက်မုန်တိုင်းတစ်ခုကို ရင်ဆိုင်ရသော ပထမနေ့ရက်ဟာ ကြိုတင်ပြင်ဆင်ထားခြင်းမရှိတဲ့ ဒေသက လူတွေအတွက် ဘယ်လောက် ရင် ဆိုင်ရ ခက်သလဲဆိုတာ စဉ်းစားမိရင် စာဖတ်သူမိဘများရဲ့ အခြေအနေတစ်ရပ်ကို စာနာနိုင်မယ် ထင်ပါတယ်။ စာဖတ်သူအတွက် ကိုယ် တိုင်တောင် မိမိရဲ့ လိင်စိတ်တိမ်းညွှတ်မှုနဲ့ ပတ်သက်ပြီး ရင်ဆိုင်ရတာ၊ ဖြတ်သန်းရတာ အသိအမှတ်ပြုမိဖို့အတွက် လပေါင်းများစွာ… နှစ်ပေါင်းများစွာလည်း ဖြစ်ကောင်း ဖြစ်နိုင်ခဲ့တယ် မဟုတ်လား။ ကိုယ်ကိုယ်တိုင် ရှာဖွေတွေ့ရှိခြင်းတွေ၊ ကိုယ့်ပုံရိပ်ကိုယ် ထိန်းညှိခဲ့ခြင်းတွေ၊ ကိုယ့်ဘဝအတွက် ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်ရှင်သန်နေထိုင်ခဲ့ရတာတွေ၊ ပြီးတော့ ကိုယ်ကိုယ်တိုင်ရဲ့ ပြုမူလုပ်ဆောင် တုံ့ပြန်ချက်တွေအပေါ် သုံးသပ်မိပြီး မိမိဟာ လိင်တူချင်း ကြိုက်နှစ်သက်သူအဖြစ် နားလည်ရတာတွေ အတွက်ပေါ့။ စာဖတ်သူရဲ့ မိဘများသည်လည်း ထို့အတူ အချိန်အနည်းငယ် အဲ… ဒီထက်ပို လိုအပ်ချင်လည်း လိုအပ်နိုင်တယ်။ ဘာကြောင့်လဲဆိုရင် သူတို့ဟာ ဘိုးဘွားဘီဘင်တွေရဲ့ ဘာ သာတရားရေးရာ အယူအစွဲတွေအပေါ် လှိုက်လှိုက်လှဲလှဲ လက်ခံနေထိုင်တာ အသားကျနေပြီ ဖြစ်တာကြောင့်ပါ။ စာဖတ်သူအတွက်တော့ ဟုတ်ချင်မှလည်း ဟုတ်မှာပေါ့နော်။ ဒါပေမဲ့ နားလည်ခြင်း၊ အနည်းဆုံး သည်းခံအောင့်အီးခြင်း၊ နောက်ဆုံးတော့ စာဖတ်သူရဲ့ သတင်းအ သစ်အပေါ် လက်ခံခြင်းဆိုတဲ့ ခက်ခဲသော အချိန်တစ်ရပ်နှင့် အခြားတစ်ဘက်ကို ကာရံထားသော စည်းအပေါ် ထီးတည်းရပ်တည်နေရသော စာဖတ်သူ့မိဘများ အဖြစ်ပါ။ တစ်နေကုန်တော့ ပါးပြင်ပေါ်က ပန်းသွေးရောင် ပျောက်ပျက်မသွားဖို့ မမျှော်လင့်သင့်ဘူး။လေ။

သူတို့အတွက် ပါဝင်နိုင်မယ့် အခန်းကဏ္ဍနဲ့ အစိတ်အပိုင်းတစ်ရပ်ကို ကြိုတင်မျှော်လင့်ထား
(Be prepared for them to point out chapter and verse)

စာဖတ်သူက သူတို့ရှေ့ဝယ် မတ်တပ်လေးရပ် “အဲလို ကိစ္စအတွက်ကတော့ ကျွန်တော် ဂရုမစိုက်ဘူး” သို့မဟုတ် “ကျွန်တော် သိသားပဲ”လို့ ပြောရုံလေးနဲ့ မလုံလောက်နိုင်ပါဘူး။ စာဖတ်သူရဲ့ မိဘများအနေနဲ့ကတော့ သူတို့ကိုးကွယ်တဲ့ ဘာသာအပေါ်အခြေခံပြီး ကန့်ကွက်ဖို့ သွား နေမှာပဲဆိုတော့ စာဖတ်သူကလည်း သူတို့ အခြေခံထားတဲ့ အချက်တွေအပေါ်မှာပဲ မူတည်ပြီး တုံ့ပြန်ဖို့၊ အဖြေပေးဖို့ လိုအပ်ပါလိမ့်မယ်။ စာဖတ်သူကို ကိုယ့်ကိုယ်ကို ရေတိမ်နစ်အောင်လုပ်နေတဲ့ အဖြစ်ကနေဝေးအောင် ပစ်ခွာလိုက်ဖို့ဆိုတဲ့ပုံစံ စာဖတ်သူရဲ့ မိဘများက လုပ် ဆောင်နေမှာဆိုတော့ စာဖတ်သူအနေနဲ့ အချို့သော လေ့လာဆန်းစစ်ချက်တွေ လုပ်ရပါမယ်။ စာဖတ်သူ ဖွင့်ဟနေတဲ့ အကြောင်းအရာ ကိစ္စတစ်ရပ်သည် စိတ်လိုက်မာန်ပါ ကမူးရှူးထိုးလုပ်နေတဲ့၊ ဘာသာရေး ကန့်ကွက်ချက်များကို မလေးမစား လုပ်နေတာမဟုတ်တဲ့၊ သူတို့ အတွက် ထင်မြင်ချက်ကောင်း ချမှတ်နိုင်မယ့်ပုံစံတွေ ပေးနိုင်ဖို့ လိုပါတယ်။

လှုပ်ခါအောင်မလုပ်နဲ့၊ ဒါပေမဲ့ ငြင်သာပါ (Don’t waver, but be kind)

စာဖတ်သူရဲ့ အဖေနဲ့အမေက စာဖတ်သူစိတ်တွေ လှုပ်ခါသွားအောင်၊ ကြောက်လန့်သွားအောင် သို့မဟုတ် စာဖတ်သူ ဘာဖြစ်တယ်ဆိုတာနဲ့ ပတ်သက်ပြီး စိတ်ချောက်ချားကာ ရပိုင်ခွင့်တွေ စွန့်လွှတ်စေဖို့ ကြိုးစားမှာကတော့ သေချာသလောက်ပါ။ စာဖတ်သူရဲ့ မိဘများ စိတ်ထဲမှာ ကြောက်ရွံ့ အံ့ဩ မယုံကြည်နိုင်မှုတွေ ဖြစ်တည်သွားတော့ အလားတူ စာဖတ်သူလည်း ခံစားမိပြီး လမ်းကြောင်း ပြန်ပြောင်းမယ်ထင်တာတွေ၊ သူတို့ စီမံချက်တွေ ချမှတ်တော့မယ်လေ။ အခု အခြေအနေမှာ စာဖတ်သူအနေနဲ့ ကိုယ့်ရပ်တည်မှုအပေါ် မတ်မတ်ရပ်နိုင်ဖို့ လုပ်ပါ။ အကျယ်အကျယ် ငြင်းခုန်အော်ဟစ်တာတွေ၊ တွန်းထို းရိုက်ခတ်တာတွေ ကြုံဆုံလာရနိုင်ပါတယ်။ သူတို့အော်ဟစ် ပြောဆိုချင်တာကို နားဆင်ပေး၊ ကိုယ့်ကိုယ်ကိုလည်း တည်ငြိမ်အောင်နေပြီး သူတို့ စိတ်ထန်နေတာတွေ ပြေငြိမ်းသွားအောင် ဖျောင်းဖျပြောဆိုပါ။

”အမေ…အဖေတို့ စိတ်ရှုပ်ဒေါသ ဖြစ်ရမယ်ဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဝေခွဲမရဖြစ်နေတာ အချိန်အတော်ကြာပါပြီ။ ဒါပေမဲ့ အခု…အခုတော့ ကျွန်တော် ဘာဆိုတာ ကျွန်တော် သိနေပြီ။ အဖေတို့ ပြောဆိုကြတဲ့၊ စိုးရိမ်ကြတဲ့ စကားလုံးတိုင်းကို ဆန့်ကျင်နေတာ မဟုတ်ရပါဘူး။ သားကို ယုံပါ။ သားရဲ့ ဖြစ်တည်မှု၊ သား ရပ်တည်နေထိုင်တဲ့ ဘဝဟာ အဖေတို့ အမေတို့အတွက် အနှောင့်အယှက် မဖြစ်စေရဘူးလို့ ဆုံးဖြတ်ပြီးသားပါ။ ရပိုင်ခွင့်တွေ ဆုံးရှုံးရတာ၊ အသိုင်းအဝိုင်းက ပစ်ပယ်ခံရတာ စတာတွေကြောင့် ကျွန်တော့် လိင်စိတ်ခံယူမှုက ပြန်မပြောင်းနိုင်ပါဘူး။ (Straight ဖြစ်အောင် မလုပ်နိုင်ဘူး။)…” စသည်ဖြင့် စာဖတ်သူအနေနဲ့ လိမ်မာပါးနပ်စွာ ပြောပြတတ်ဖို့ လိုပါမယ်။

စာဖတ်သူ မိဘများရဲ့ သောကတွေအပေါ် စာဖတ်သူ စာနာ နားလည်ပေးလိုက်ပါ။ ယောကျာ်း မိန်းမ ဆန့်ကျင်ဘက်လိင်နှစ်ဦးရဲ့ လိင်ကိစ္စ စည်းမစောင့်မှုတွေအပေါ် မထူးဆန်းသောအသွင် သူတို့ စိတ်ထားနိုင်ပေမယ့် ပတ်ဝန်းကျင် လူ့လောကထဲဝယ် အထာမကျလောက်အောင်ပဲ ဟိုသည် မျက်စိရှုပ်စေတဲ့ လိင်တူကြိုက် အမျိုးသား သို့မဟုတ် အမျိုးသမီးအချို့တွေကြောင့် မိမိသားသမီးသည်လည်း သူတို့လိုပဲလားဆိုသည့် သောကပွားများ တတ်ကြတာကိုးနော်။

စာဖတ်သူသည် အရွယ်ရောက်ပြီး သူတစ်ယောက်၊ ကိုယ့်ဖြစ်တည်မှုနှင့် ကိုယ့်လုပ်ရပ်တွေအပေါ် တာဝန်ယူနိုင်သူ တစ်ယောက်ဆိုတာ သူတို့ သေချာနားလည်အောင် လုပ်ဆောင်ပါ။

ပူလွန်းလျှင် ခဏလွှတ်ထား၊ ပြီးမှ ပြန်ကိုင်ပေါ့ (Leave if things get too hot, ang return another time)

စာဖတ်သူရဲ့ မိဘများဟာ စိတ်ကယောက်ကယက် ဖြစ်သလိုလို ကယောင်ချောက်ချားဖြစ်စွာ ဆွေးနွေးပြောပြနေသော ကိစ္စအပေါ် ဆက် လက်ပြောဆိုခွင့် ပြုခြင်းဆိုတာထက် ဆိုးရွားစွာ အော်ဟစ်ဆူပူခြင်းတွေနဲ့ ရင်ဆိုင်လာရတဲ့ အခါမှာတော့ ” အဖေတို့ အမေတို့ ပြောစကားအရ သားပြောတဲ့ ကိစ္စအပေါ် သဘောတူညီချက်ရဖို့ဆိုတာ ဒီညအတွက် မဖြစ်နိုင်တော့ဘူးဆိုတာ သားသိပါပြီ။ ရပါတယ် အဲဒါလည်း အိုကေ ပါတယ်။ ဒီအမှန်တရားကို သားအနေနဲ့ဆိုရင်လည်း ညတွင်းချင်း ဘယ်လက်ခံနိုင်ပါ့မလဲ။ အခုတော့ ဒီနေရာက ခဏထွက်သွားဖို့ သင့်ပြီထင်ပါရဲ့။ ကျွန်တော် မနက်ဖြန်ညကြရင် ပြန်လာပါဦးမယ်၊ ဒါမှမဟုတ် နောက်ညများမှာပေါ့။ အဖေတို့ သဘောပါပဲဗျာ။ အဖေကော အမေကော နှစ်ယောက်စလုံးကို သား ချစ်တယ်။ ဒါပေမဲ့ အဖေတို့ စဉ်းစားဖို့၊ ဆန်းစစ်ဖို့၊ စုံစမ်းဖို့ အချိန်ပေးရမှာပေါ့။ နောက်မှ ကျွန်တော်တို့ ပြန်ပြီး ဆွေးနွေးကြသေးတာပေါ့နော်…” စသည်ဖြင့် ယှဉ်ကျေးချိုသာစွာနဲ့ အခြေအနေကို ထိန်းကျောင်းဖို့လည်း လိုပါမယ်။

ညှိနှိုင်းပါ (Negotiate)

စေ့စပ်ဆွေးနွေးပါ။ စာဖတ်သူရဲ့ လိင်စိတ်တိမ်းညွတ်မှုနဲ့ ပတ်သက်ပြီး ပတ်ဝန်းကျင်မှာ အသားကျနေတဲ့ အခေါ်အဝေါ် အသုံးအနှုန်းတွေနဲ့ စာဖတ်သူရဲ့ မိဘတွေအတွက် ဘယ်အသုံးအနှုန်းကတော့ဖြင့် သင့်တော်တယ်၊ ဘယ်စကားလုံးကတော့ မူမမှန်ဘူးဆိုတာ တစ်ကြိမ်တစ်ခါတော့ သိဖို့လိုပါတယ်။ သူတို့ကို ပြောပြ ရှင်းပြလိုက်ပါ။ စာဖတ်သူရဲ့ ဖြစ်တည်နေမှု အခြေအနေ၊ ပတ်ဝန်းကျင်ရဲ့ အသားကျနေမှုတွေနဲ့ ဘယ်ဟာက ဘယ်လို ဘယ်ဒင်းဆိုတာ သိသွားကြရင် စာဖတ်သူအနေနဲ့ တစ်စုံတစ်ယောက်နဲ့ ပေါင်းသင်းဆက်ဆံရေးတစ်ရပ် ထူထောင်ဖြစ်တဲ့အခါ သူတို့အနေနဲ့ ခွင့်ပြုကောင်း ခွင့်ပြုနိုင်ပါတယ်။

အနည်းဆုံးတော့ ခဏဖြစ်ဖြစ် ဝေးဝေးကို လျှောက်လှမ်းဖို့ ကြိုတင်မျှော်လင့်ထား

(Be prepared to walk away, at least for a while)

အချို့သော မိဘများဟာ အခြားသော မိဘများထက်စာရင် သတင်းသစ်အပေါ် လက်ခံပါလိမ့်မယ်။ စာဖတ်သူအနေနှင့် ဆိုလျှင်တော့ ယာယီတဲစခန်းတစ်ခုမှာ အိပ်စက်ရသလို ခံစားလိုက်ရရင်… ပြီးတော့ စာဖတ်သူရဲ့ သတင်းသစ်အပေါ် ပိုပိုကဲကဲ တုံ့ပြန်မှုတွေ ကြုံဆုံ လိုက်ရရင်ဖြင့် ကာလအတိုင်းအတာတစ်ခု တိတ်တဆိတ် ထွက်ခွာဖို့ လိုပါလိမ့်မယ်။ အဲဒါပဲလေ။ သူတို့နဲ့ ခဏတာတော့ ခွဲခွာကြရမယ် ထင်တယ်။ နာကျင်မှုတွေကနေ ထွက်ပြေးဖို့ဆိုရင် တာတိုပြေးတာထက် တာဝေးကို အပြေးအလွှား လုပ်ပစ်လိုက်တာက ပိုကောင်းပါတယ်။ သိသိသာသာ အခြေအနေကတော့ ရှိပါတယ်။ ဒီနေရာမှာ စွန့်စားမှုတစ်ခုလို့လည်း ဆိုကောင်း ဆိုနိုင်ပါတယ်။ သတင်းသစ် အယူအဆသစ်တစ်ရပ်ကို လုံးဝ လက်ခံလိမ့်မည်မဟုတ်၊ သို့မဟုတ် ညှိနှိုင်းမှု တစ်ခုလောက်တောင် မပေးကြသူ မိဘများဖြစ်ခဲ့လျှင်ဖြင့် ရှင်သန်မွေးဖွားရာ အရပ်၊ ချစ်ခင်အားကိုးရသော မိသားစု၊ မြင်တွေ့နေရသော မြင်ကွင်းများကို ပြန်လည်ထိတွေ့ခွင့် မရနိုင်သော စွန့်စားမှုတစ်ရပ် ဖြစ်နိုင်ကြောင်းကိုတော့ စာဖတ်သူ သိထားရပါလိမ့်မယ်။ အဆုံးသတ်မှာတော့ ဘာပဲဖြစ်ဖြစ် စာဖတ်သူရဲ့ဘဝဟာ စာဖတ်သူအပေါ်မှာပဲ မူတည်ပါတယ်။ စာဖတ်သူအနေနဲ့ အခြားသောသူများ လျှောက်လှမ်းတဲ့ လမ်းအတိုင်းလျှောက်ဖို့၊ နေထိုင်ကြည့်ဖို့ ကြိုးစားဖြစ်ကောင်း ဖြစ်မှာပါ။ ဒါပေမဲ့ အဲလိုလုပ်တာက တော်တော်နည်းပါတယ်။ ပြီးတော့ မိမိမဟုတ်သည့် မိမိနေထိုင်မှုဖြစ်သည့်အတွက် အထာကတော့ ကျမယ်မထင်ပါဘူး။

ဘာသာရေးအပေါ် လှိုက်လှိုက်လှဲလှဲရှိသူ မိဘများရဲ့ သားသမီးများဟာ သူတို့ မိဘများရဲ့ ဘာသာရေးစည်းမျဉ်းများနှင့်အတူ အချစ်ခံရခြင်း၊ စည်းကြပ်ခံရခြင်းတွေဟာ တကယ့်ငရဲလို့ ထင်မြင်ကာ ခပ်ဝေးဝေးကို လျှောက်လှမ်းဖို့ ကြံဆောင်တတ်ကြပါတယ်။ အဓိက ရင်ဆိုင်ရတဲ့အချက်က သူတို့သားသမီး တစ်ယောက်ယောက်ဟာ လိင်တူချင်း ကြိုက်နှစ်သက်သူတစ်ယောက်ဖြစ်ခဲ့ရင် လမ်းမှားကို လျှောက်နေသူတစ်ယောက်အသွင် ထင်မြင်ပြီး သူတို့ယုံကြည်ရာ နည်းလမ်းများဖြင့် တည့်မတ်ပေးလျှင် ရမည်ဆိုသောအတွေးဖြင့် ချဉ်းကပ်ခံကြရခြင်းကြောင့် ဖြစ်ပါတယ်။ အဲလို နေ့ရက်လေးကို ရဖို့အတွက် ဆုတောင်းရပါမယ်။ စာဖတ်သူရဲ့ မိဘများ အဆိုပါအတွေးမျိုးဖြင့် ချဉ်းကပ်လာတာကို ခွင့်ပြု ပေးရပါလိမ့်မယ်။ ဒီအတောအတွင်း သင့်ကိုယ်သင် ရိုးသားစစ်မှန်ဖို့ လိုပါတယ်။ တစ်ခုတည်းနှင့် တစ်ဘဝတာဆိုတာကို သတိရရမယ်။ အခြားသူများနှင့် မသက်ဆိုင်။ စာဖတ်သူ တစ်ကိုယ်ရေအတွက် ဖြစ်တယ်။ ပြီးတော့ အားမာန်ရှိရှိနှင့် ရှင်သန်နေထိုင်ဖို့အတွက် စာဖတ်သူတာဝန် ရှိနေပါတယ် ဆိုတာကိုရောပေါ့။

ပြောစရာအချို့ (Tips)

တကယ်လို့ စာဖတ်သူမှာ ချစ်သူ၊ ပါတနာ တစ်ယောက်ယောက် ရှိနေမယ်ဆိုရင် သေချာတာကတော့ စာဖတ်သူရဲ့ ချစ်သူကောင်လေး၊ ကောင်မလေး အကြောင်းကို စာဖတ်သူရဲ့ မိဘများကို ပြောပြချင်မယ် မထင်ပါဘူး။ အချို့သော မိဘများအနေနဲ့ သူတို့ကြောင့် စာဖတ်သူ ဟာ Gay ဖြစ်သွားရတာ၊ ပြောင်းလဲသွားရတာလို့ အတွန့်တက်တတ်ကြတာကိုး။ ဒါကြောင့် စာဖတ်သူရဲ့ ချစ်သူရည်းစားအကြောင်း မပြောပြခင်မှာ စာဖတ်သူရဲ့ မိဘများကို လိင်စိတ်တိမ်းညွတ်မှုနဲ့ ပတ်သက်ပြီး လက်ခံဖို့ အချိန်အနည်းငယ် ပေးလိုက်ပါဦးလို့။ အလုပ်မှာ သို့မ ဟုတ် ကျောင်းမှာ စာဖတ်သူရဲ့ လိင်စိတ်တိမ်းညွတ်မှုကိစ္စနဲ့ ပတ်သက်ပြီး အထူးသတိထားပါ။ မိမိနည်း မိမိဟန်နဲ့ ပွင့်ပွင့်လင်းလင်း ဖွင့်ဟ နေထိုင်ခြင်းဟာ အလုပ်ပတ်ဝန်းကျင်၊ ကျောင်းပတ်ဝန်းကျင်မှာတော့ အလုပ်မဖြစ်ပါဘူး။ အနည်းငယ်တော့ ထိမ်ချန် နေထိုင်မှသာ နာကျင်ခံစားရတာတွေကို လျော့ပါးလက်ခံ ရရှိနိုင်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးမှာ အထောက်အပံ့ သဘောမျိုးဖြစ်လိမ့်မယ်လို့ ထင်ရင်တော့ အယုံကြည်ရဆုံး သူငယ်ချင်းတစ်ယောက်ကိုသာ ပြောဆိုဖွင့်ဟပါ။

လိင်တူချင်း စိတ်ဝင်စားခြင်း၊ လိင်တူချင်း ဆက်ဆံလိုစိတ်ဟာ မကောင်းမှုဒုစရိုက်တစ်ခု ဖြစ်တယ်လို့ စာဖတ်သူရဲ့မိဘများက ပြောဆိုခဲ့ရင် မလိုမုန်းထား အမုန်းတရားသည်လည်း မကောင်းမှုဒုစရိုက် အကုသိုလ်တစ်ခု ဖြစ်တယ်ဆိုတဲ့ အချက်အလက်များကို ထုတ်ဆောင်ပြသ နိုင်ပါတယ်။

မိမိရဲ့ လိင်စိတ်ဖွင့်ဟနေထိုင်မှုနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်နေတဲ့ ပတ်ဝန်းကျင်အခြေအနေ မိဘတွေရဲ့ လက်ခံနိုင်မှု သဘောထား စတာတွေကို ခဏတာ ဖုန်းကွယ်ထားမှ ဖြစ်မယ်ဆိုတာ စာဖတ်သူရဲ့ ချစ်သူဖြစ်ဖို့ အလားအလာရှိသူကို ပြောပြဆွေးနွေးဖို့ ကြောက်မနေသင့်ပါဘူး။ အဲလိုလုပ်ရင် နှစ်ဦးသားအတွက် လုံခြုံအေးဆေးမယ်ဆိုတာ သေချာအောင်တော့ အရင် လုပ်ရမှာပေါ့နော်။ အကြင်နာမေတ္တာ ကြီးမားခြင်းရဲ့ အခြားတစ်ဖက် စာဖတ်သူ Gay ဖြစ်ခြင်းအပေါ်မှာ စာဖတ်သူရဲ့ မိဘများဟာ လက်ခံ သို့မဟုတ် သည်းခံနိုင်ပေမယ့် သူတို့ မျက်စိမြင်ကွင်း ပတ်ဝန်းကျင်မှာ စာဖတ်သူနဲ့ စာဖတ်သူရဲ့ ချစ်သူကောင်လေး၊ ကောင်မလေး၊ ပါတနာတို့ အချစ်သည်းနေတာကို မြင်ကြည့်ဖို့တော့ သက် သောင့်သက်သာ မဖြစ်နိုင်လောက်ပါဘူး။ ပိပိရိရိနဲ့ အသနားပိုအောင် နေသင့်ပါတယ်။ “သူငယ်ချင်းတစ်ယောက်ပါ”ဆိုတဲ့ ပုံစံပဲနေဖို့ ဟန် ဆောင်ဖို့ မလိုပါဘူး။ ဒါပေမဲ့ စာဖတ်သူအနေနဲ့ သူ့ပေါင်ပေါ် တက်ထိုင်တာ။ နမ်းရှုပ်တာ။ တစ်ယောက်လည်ပင်း တစ်ယောက်တွဲခိုနေတာ စတာတွေကို မလုပ်ရဘူးနော်။ စာဖတ်သူရဲ့ မိဘများ ရှေ့မှာပေါ့။ အချိန်အများကြီး ထိန်းသိမ်းစရာမှ မလိုတာလေ။ သူတို့ရှေ့ ရှိနေတဲ့ အချိန်အနည်းငယ်လေးအတွင်းပဲ ဟာကို….။

စာဖတ်သူနဲ့ စာဖတ်သူမိဘများကြား ရင်ကြားစေ့နိုင်မယ့် မဟာမိတ်တစ်ယောက်တော့ ရှာပါ။ စာဖတ်သူမှာ Gay အဒေါ် သို့မဟုတ် ဦးလေးတစ်ယောက် သို့မဟုတ် စာဖတ်သူ သင်္ကာမကင်းဖြစ်ခဲ့ရသူ တစ်ယောက်တော့ ရှိကောင်းရှိနိုင်ပါတယ်။ ဒါမှမဟုတ် စာဖတ်သူ Gay ဖြစ်နေခြင်းအပေါ်မှာ အေးဆေးဆိုတဲ့ တူ သို့မဟုတ် တူမတစ်ယောက်တော့ စာဖတ်သူ ရှိကောင်းရှိမယ်။ စာဖတ်သူရဲ့ မိဘများ စာဖတ်သူအပေါ် ရှောင်ဖယ်ဖယ် လုပ်နေခြင်းတွေ၊ ပစ်ပယ်ခြင်းတွေ နည်းပါးသွားအောင်လုပ်ဖို့ ကူညီနိုင်သူများ စာရင်းမှာ သူတို့ကို ထည့်ထားနိုင်ပါတယ်။ စာဖတ်သူရဲ့ အကြောင်းတွေကို စာဖတ်သူ မိဘများ ကြားချင်တဲ့အခါ သူက စာနာနားလည်အောင် ပြောပေးနိုင်တယ်။ စာဖတ်သူရဲ့ အကြောင်းအရာစုံကို စာဖတ်သူဆီကနေ တိုက်ရိုက်ကြားရတာထက်စာရင် သူတို့ဆီကနေ သိမ်မွေ့သော လမ်းကြောင်းတစ်ခုအသွင်ဖြင့် ကြားစေခြင်းကလည်း တစ်မျိုးတစ်မည်ပါ။ စာဖတ်သူနဲ့ စာဖတ်သူရဲ့ မိဘများကြားဝယ် ပြောပြခဲ့တဲ့ လူများရဲ့ အကူအညီကို ရယူဖို့အ တွက် ကြောက်မနေသင့်ပါဘူး။

အကယ်၍ စာဖတ်သူတို့ ဘာသာရေးကျောင်းဟာ လိင်တူချင်း ကြိုက်နှစ်သက်သူများအပေါ် လက်ခံကြိုဆိုခြင်း မရှိတတ်ဘူးဆိုရင်လည်း စာဖတ်သူ လုံးဝဥဿုံယုံကြည်သက်ဝင်လာတဲ့ အရာကို အရှုံးမပေးလိုက်ပါနဲ့။ လိင်တူချင်း ကြိုက်နှစ်သက်သူများလို လိင်စိတ်ခံယူမှု ကွဲ ပြားသူများကို လက်ခံပေးတဲ့ ဘာသာရေးကျောင်းတွေ ဂိုဏ်းခွဲတွေအများကြီးပဲ ရှိပါတယ်။

LGBT တွေနဲ့ ရင်းနှီးတဲ့ ဘာသာရေးကျောင်း သို့မဟုတ် အစုအဝေးတစ်ခုကို ကြိုးစားရှာဖွေပါ။ သူတို့ ဝန်ဆောင်မှုပေးနေတဲ့ ပုံမှန်အခြေခံ အကြောင်းအခြင်းအရာတွေကို စာဖတ်သူ တက်ရောက်ခွင့် မရှိပေမယ့် အခြားသောနည်းလမ်းနဲ့ ဖွင့်ဟခွင့် ဆည်းကပ်ပူဇော်ခွင့်တွေအတွက် သူတို့ အကူအညီပေးနိုင်ပါတယ်။

စာဖတ်သူ၏ မိဘများရဲ့ တုံ့ပြန်ချက်များကို မခန့်မှန်းနိုင်ပါဘူး။ လိင်တူချင်း ကြိုက်နှစ်သက်သူ၊ လိင်တူလိင်ကွဲ နှစ်မျိုးစလုံး ကြိုက်နှစ်သက်သူ၊ ဆန့်ကျင်ဘက်လိင်အသွင် ပြောင်းလဲခံယူ ဝတ်ဆင်နေထိုင်သူတွေပေါ် မြင်တဲ့အမြင်အပေါ် ပြန်လည်ဆုံးဖြတ်တွေးဆဖို့ တော်တော်တင်းတင်းကြပ်ကြပ် စေခိုင်းခံရတဲ့ အခြေအနေဆိုက်အောင် လုပ်သည့်အသွင် ဖြစ်ခဲ့ရင် သူတို့အနေနဲ့ အမျက်ဒေါသ ပြင်းထန်လာမှာတော့ သေချာတယ်။

ခရစ်ယာန်ဘာသာဝင် အများစုဟာလည်း လိင်တူချင်း ကြိုက်နှစ်သက်သူ သို့မဟုတ် လိင်တူလိင်ကွဲ နှစ်မျိုးစလုံး ကြိုက်နှစ်သက်သူများနဲ့ ပတ်သက်ပြီး ကျမ်းစာမှာ ဘယ်လိုမှ မှတ်ချက်မပြုထားခဲ့ပေမယ့် တော်တော်ဆိုးရွားတဲ့ ဘုရားပညတ်တော်ကို မလိုက်နာခြင်း ဒုစရိုက်ပြစ် မှုတစ်ခု ဖြစ်နေတယ်လို့ နားလည်မှု လွဲနေတတ်ကြပါတယ်။

သတိပေးချက်များ (Warnings)

စာဖတ်သူအနေနဲ့ မိဘတွေကို ဖွင့်ဟပြောဆိုခြင်း မပြုရသေးဘူးဆိုရင်တော့ ပြောစရာလေး နည်းနည်းရှိတယ်။ တကယ်လို့ စာဖတ်သူက ဖွင့်ပြောလိုက်လို့ မိဘတွေက တော်တော်ဆိုးဆိုးရွားရွား တုံ့ပြန်လာမယ်လို့ ထင်ထားတယ်ဆိုရင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်လို့ အသက်အရွယ်အရရော၊ ရုပ်ပိုင်းဆိုင်ရာအရပါ ရင့်ကျက်လာမယ့်အရွယ် (ဥပမာ ၁၈ နှစ် ပြည့်ချိန်အထိ) အဲ….ငွေကြေးအားဖြင့် သူတို့အပေါ် မှီတွယ်စရာ မလိုအပ်တဲ့အချိန်ထိ ဖွင့်ဟဖို့ မလုပ်ပါနဲ့ဦးလား။

အချို့သော ဘာသာရေး ယုံကြည်မှုများအပေါ် ဘယ်သောအခါမှ အနိုင်ရရှိ နိုင်တယ်ဆိုတာ မရှိပါဘူး။ စာရေးသူရဲ့ မိဘများဟာ အရာဝတ္ထုများကို ရွေးချယ်ရာမှာ အဖြူ သို့မဟုတ် အမည်းကိုပဲ ခွဲခြား လက်ခံတတ်တဲ့ သဘောရှိသူများ၊ ဒါမှမဟုတ် သတင်းအသစ်၊ အယူအဆသစ် တွေကို လက်ခံဖို့ အခန်းငယ်တစ်ခု အရန်သင့် မထားတတ်သူများ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ အဲလိုဆိုရင်တော့ လိင်ပိုင်းဆိုင်ရာ တိမ်း ညွတ်မှုကို ဖွင့်ဟမယ့်ကိစ္စဆိုရင် စာဖတ်သူရဲ့မိဘများဆီက သတင်းကောင်းကြားရဖို့၊ မြင်ရဖို့အတွက် အချိန်အတိုင်းအတာတစ်ခုထိ သို့မဟုတ် အမြဲလိုလို စောင့်စားရမယ့်အသွင် ရှိမယ်ထင်ရဲ့။ ဝမ်းနည်းစရာဆိုပေမယ့် သူတို့ ဆုံးဖြတ်ချက်တွေအပေါ် လက်ခံ သို့မဟုတ် လေးစားရပါလိမ့်မယ်။

မိဘတွေရဲ့ မေးထုတ်လာတဲ့ မေးခွန်းတွေထဲမှာ အကြမ်းဖက်ခံရသော အကြမ်းဖက်မှုနဲ့ဆိုင်တဲ့ သမိုင်းအဖြစ်အပျက်တွေပါလာခဲ့ရင် အချို့သော အတော်ဆိုးရွားသည့် အခြေအနေ အချက်အလက်တွေကို မပြောပါနဲ့။ စာဖတ်သူရဲ့ လိင်စိတ်တိမ်းညွတ်မှုကိစ္စရပ်ဆီ ရောက်ရှိ တို့ထိလာတယ်ဆိုရင်တော့ ရိုးရိုးသားသားနဲ့ အမှန်ကို ပြောလိုက်ပါ။ နောက်တော့ စကားကြောမရှည်ဘဲ အခြားအကြောင်းအရာတွေကို ဆက်ပြောလိုက်ပါနော်။

တကယ်လို့ စာဖတ်သူဟာ ရှေးရိုးစွဲ လူမှုအဖွဲ့အစည်းတစ်ခုမှာ နေထိုင်နေရတယ်ဆိုရင် သို့မဟုတ် စာဖတ်သူဟာ ဖွင့်ဟပြောဆိုလိုက်လို့ လုံခြုံစိတ်ချရမယ့် အခြေအနေတစ်ရပ်ကနေ ဘေးအန္တရာယ်ဇုန်အတွင်း ကျရောက်သွားမယ်လို့ ခံစားရရင် ထုတ်ဖော်ပြောဆိုဖို့ဆိုတာ နှောင့်နှေးဖို့ ဖြစ်ကောင်းဖြစ်ရပါ့မယ်။

အချို့သော စိတ်ပိုင်းဆိုင်ရာ ကုထုံးပညာရှင်တွေဟာ တစ်စုံတစ်ယောက်ရဲ့ လိင်ပိုင်းဆိုင်ရာ တိမ်းညွတ်မှုကိစ္စတွေကို “စိတ်ပြောင်းကုထုံး (Conversion therapy)” တစ်မျိုးနဲ့ ပြောင်းလဲကြည့်ဖို့ ကမ်းလှမ်းတတ်ကြပါတယ်။ အခြားသော ကုထုံးများဟာ လူတစ်ဦးတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေတယ်လို့ ခေတ်သစ်ကုထုံးပညာရှင်အများစုက ယုံကြည်ကြပေမယ့် စိတ်ပြောင်းကုထုံးကိုတော့ အလေးထားတတ်ကြတာမို့ စာဖတ်သူအနေနဲ့ မကြောက်ရွံ့သင့်ပါဘူး။ အနည်းဆုံးတော့ စိတ်ထဲက တင်းကျပ်မှုတွေ အနည်းငယ်တော့ ပြေလျော့ သွားနိုင်တာပေါ့နော်။

                                                                                                                                                              Alex Aung

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.