Asia Pacific Queer Film Festival 2019 အတွက် မြန်မာနိုင်ငံက LGBT တွေကို အခြေခံရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကား(၆)ကားထဲမှ (၃)ကားကို ရွေးချယ်

မြန်မာနိုင်ငံက LGBT တွေကို အခြေခံ ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကား (၆)ကားထဲကမှ ပရိသတ်အကြိုက်ဆုံး ရွေးချယ်ထားတဲ့ ဇာတ် ကား (၃)ကားကို စက်တင်ဘာလ ဟောင်ကောင်မှာ ပြုလုပ်ကျင်းပမယ့် Asia Pacific Queer Film Festival 2019 ပွဲအတွက် ရွေးချယ်ထားတယ်လို့ သိရပါတယ်။

ဒီဇာတ်ကားတွေကို Goethe Institute မှာ မတ်လ ၂၁ ရက် ညနေပိုင်းက ညနေခင်း ရုပ်ရှင်ပွဲတော်တစ်ခု ကျင်းပခဲ့ကာ ပရိသတ်ကို မဲစနစ်နဲ့ အကြိုက်ဆုံး ရုပ်ရှင်ဇာတ်ကား(၃)ကားကို ရွေးချယ်စေခဲ့ပါတယ်။

“ပွဲမှာ ရုပ်ရှင်ဇာတ်ကား(၆) ကား ပြသသွားမယ်။ ဒီကားထဲကမှ ပရိသတ်အကြိုက်ဆုံး(၃)ကားကို ဟောင်ကောင်မှာ ကျင်းပမယ့် Asia Pacific Queer Film Festival ရဲ့ BEST SHORT FILM AWARD အတွက် ရွေးချယ်သွားမှာပါ ”လို့ &PROUD မှ တာဝန်ရှိသူ လှမြတ်ထွန်းက ပြောပါတယ်။

ဒါအပြင် ဟောင်ကောင် ရုပ်ရှင်ပွဲတော်မှာ ပေးအပ်တဲ့ BEST SHORT FILM AWARD ဆု ရရှိဖို့ကိုလည်း ရွေးချယ်ထားတဲ့ ရုပ်ရှင်ကားထဲကနေ ရည်မှန်းထားတယ်လို့လည်း သိရပါတယ်။

“ကျွန်တော်ရဲ့ ဇာတ်ကားက “သို့” ဆိုတဲ့ ဇာတ်ကားလေးပါ။ ဒီဇာတ်ကားက ဝါသနာလွဲမှားကျတဲ့ သူငယ်ချင်းနှစ်ယောက် အကြောင်းကို ရိုက်ထားတာပါ။ ဒီကားလေးကို ကြည့်ပြီး မိဘတွေအနေနဲ့ ကိုယ့်သားသမီးက ဘာဝါသနာပါလဲ၊ ဘာဖြစ်ချင်လဲဆိုတာကို သူတို့အတွက် အတွေးလေးတစ်ခု ရသွားစေချင်တယ်။ အသက်မွေးဝမ်းကျောင်းပညာ ရွေးချယ်တဲ့အခါ ဝါသနာပါတဲ့ ကျောင်းတွေတက်တဲ့အခါ မကန့် ကွက်ဘဲနဲ့ ဝါသနာလေးကို ဘေးကနေ ထိန်းကျောင်းပေးပြီး လမ်းမှန်ပေါ်ရောက်ဖို့အတွက် ဒီကားလေးကိုကြည့်ပြီး အတွေးလေးတစ်ခု ရသွားစေချင်တယ်”လို့ ရုပ်ရှင်ပွဲတော်မှာ ပါဝင်ပြသခဲ့တဲ့ ဒါရိုက်တာ Candalက ပြောပါတယ်။

Goethe Institute မှာကျင်းပခဲ့တဲ့ ညနေခင်း ရုပ်ရှင်ပွဲတော်မှာ ပြသတဲ့ ရုပ်ရှင်ဇာတ်ကားတွေကတော့ “သခင်မ”၊ “ပြဇာတ်မဟုတ်သော ပြဇာတ်”၊ “အဆုံးမရှိတဲ့ အချစ်”၊ “လက်ထပ်ပွဲ”၊ “သို့”နဲ့ “A Blue Sky” တို့ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.