ဟင်္သာတမြို့မှာ Walks of Life (ဘဝခရီးပြခန်း)ကို ပထမဆုံးအကြိမ် ဖွင့်လှစ်ပြသ

ဟင်္သာတမြို့ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၏ ခန်းမတွင် Walks of Life (ဘဝခရီးပြခန်း)ကို Colors Rainbow အဖွဲ့အစည်းမှ ပထမဆုံးအကြိမ် ဖွင့်လှစ်ပြသခဲ့ပါတယ်။

Walks of Life (ဘဝခရီးပြခန်း) ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ခုနှစ်၊ ဧပြီလ (၂၃)ရက်၊ နံနက် (၁၀)နာရီမှာ ကျင်းပခဲ့ပြီး ပြခန်းကို ဧပြီလ (၂၄) ရက်နေ့တိုင်အောင် နံနက် (၁၀)နာရီမှ ညနေ(၅)နာရီအထိ ဖွင့်လှစ်ပြသထားမှာ ဖြစ်ပါတယ်။

 

“ဟင်္သာတမှာ LGBT နဲ့ ပတ်သက်လို့ ပွဲလုပ်တာက ပထမဦးဆုံးပါ။ ဒီမှာက LGBTနဲ့ ပတ်သက်တဲ့ Networkက အရမ်းနည်းပါတယ်။ ကိုယ်က နယ်ခံလည်းဖြစ်၊ LGBT နဲ့ ပတ်သက်တဲ့ ပွဲလည်း လုပ်ပေးချင်တာကြောင့် ဟင်္သာတကို ရွေးလိုက်တာပါ”လို့ Walks of Life (ဘဝခရီးပြ ခန်း)မှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ မယုမြတ်မွန်က ပြောပါတယ်။

LGBT တွေရဲ့ ဘဝဖြတ်သန်းမှု ပုံရိပ်အစစ်အမှန်တွေကို ပြသပေးနေတဲ့ “ဘဝခရီးပြခန်း”ကို ၂၀၁၆ခုနှစ်၊ ဇူလိုင်လကနေ စတင် အကောင် အထည်ဖော်ခဲ့ပြီး ထိုပြခန်းမှတဆင့် LGBT တွေအနေနဲ့ မိမိဖြစ်တည်မှုကို လက်ခံ ဂုဏ်ယူလာစေဖို့၊ ပတ်ဝန်းကျင် လူထုကလည်း LGBT တွေအပေါ် စာနာနားလည်လာပြီး ခွဲခြားဆက်ဆံမှုတွေ လျော့နည်းလာစေဖို့နဲ့ LGBT လှုပ်ရှားမှု အရွေ့တစ်ခုမှာ သမိုင်းခြေရာအဖြစ် မှတ် တမ်းတင် ကျန်ရစ်စေဖို့ ရည်ရွယ်ပြသတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.