Colors Rainbow Project များထဲက My Justice Project ရဲ့ End Line Assessment Report ရှင်းလင်းပွဲပြုလုပ်

မြန်မာနိုင်ငံမှာ LGBT အခွင့်အရေး ချိုးဖောက်ခံရမှုတွေ အပါအဝင် ဥပဒေတွေမှာ လူနည်းစု အခွင့်အရေးနဲ့ ပတ်သက်တဲ့ ပြဌာန်းချက်တွေ ထည့်သွင်းရေးဆွဲနိုင်ဖို့ ရည်ရွယ်ပြီး Colors Rainbow Project များထဲကမှ  My Justice Project ရဲ့ End Line Assessment Report ရှင်း လင်းပြောကြားပွဲကို ဧပြီလ (၅)ရက်က Park Royal Hotel မှာ ကျင်းပခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာဆိုရင် LGBT တွေကို အကာအကွယ်ပေးနေတဲ့ အဖွဲ့အစည်းတွေ ရှိလာတာကြောင့် LGBT တွေအတွက် အခွင့်အရေးနဲ့ ကာကွယ်မှုတွေ ရရှိမှုမှာ အနည်းငယ် တိုးတက်လာသော်လည်း နေရာအများစုကတော့ လိုအပ်နေဆဲဖြစ်တယ်လို့ LGBT အခွင့်အရေး လေ့လာနေသူတွေက သုံးသပ်ထားပါတယ်။

“LGBT တွေရဲ့နောက်မှာ အရင်တုန်းက ဒုက္ခပေးရင်၊ ပြဿနာရှာရင် ဘာမှပြဿနာမရှိဘူးလို့ဆိုပြီး ဆွဲတဲ့အခြေအနေကနေ ခုကျတော့ တစ်ခုခုလုပ်ရင် သူတို့နောက်မှာ အဖွဲ့တွေရှိတယ်ဆိုတာလေးနဲ့ သူတို့ နည်းနည်းလေး တွန့်သွားတယ်။ သန်လျှင်မှာဆိုရင် ရဲတစ်ယောက်ကို ဖြုတ်လိုက်နိုင်တဲ့ အဆင့်အထိတော့ ရှိတယ်။ ဒါပေမဲ့ နေရာတိုင်းတော့ မပြောင်းသေးဘူး။ အထူးသဖြင့် LGBT တွေထဲက Transgender အမျိုးသမီးတွေမှာ အတွေ့ရဆုံး စိန်ခေါ်မှုကတော့ အောက်ခြေမှာရှိတဲ့ ရဲတွေက ဒုက္ခအပေးဆုံးပါ”လို့ ဒေါ်နီလာမြိုင် (Consultant)က ပြောပါတယ်။

မြန်မာနိုင်ငံမှာ LGBT အခွင့်အရေးကို လူ့အခွင့်အရေးတစ်ခုအနေနဲ့ ပြဌာန်းထားရုံဖြင့် မလုံလောက်ဘဲ လိုအပ်တဲ့ LGBT ဆိုင်ရာ အခွင့်အ ရေး ကာကွယ်ပေးတဲ့ ဥပဒေတွေ ပြဌာန်းဖို့ လိုအပ်နေတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက ပါဝင်ဆွေးနွေးထားပါတယ်။

“ဘာဖြစ်လို့လည်းဆိုရင် လူ့အခွင့်အရေးကို မြန်မာနိုင်ငံအနေနဲ့ အသိအမှတ်ပြုထားပေမဲ့ တကယ့်တကယ် လူအခွင့်အရေး ခံစားချက်တွေက တောင်းဆိုလို့ မရဘူး။ လူ့အခွင့်အရေးက ပြဌာန်းချက်နဲ့ မလုံလောက်ဘူး။ ဒါကို ဥပဒေအဖြစ် ဘယ်လိုပြောင်းမလဲ။ ဥပဒေပြောင်းလိုက်မှသာလျှင် အခွင့်အရေးက ရေရှည်ခိုင်မြဲမှာ။ ဒီဥပဒေ မပြဌာန်းမချင်း ဆက်ဆံခံရတဲ့အပိုင်းတွေက အချိန်မရွေး အနေအထား ပြောင်းသွားနိုင်တယ်” လို့ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက ပြောပါတယ်။

လက်ရှိမှာ LGBT စုံတွဲတွေအနေနဲ့ နှစ်ဦးသဘောတူ အတူနေထိုင်နေကြပေမယ့် ဥပဒေအကာအကွယ်ပေးမှု မရှိသေးဘူးလို့ Color Rainbow ရဲ့ Executive Director ဒေါ်ခင်မမအေးကလည်း ထပ်မံ ဆွေးနွေးထားပါတယ်။

LGBT အခွင့်အရေးအတွက် ဥပဒေပြဌာန်းချက်တွေမှာ ပါဝင်လာဖို့ မျှော်လင့်နေကြောင်း တက်ရောက်လာသူတွေက အသီးသီး ပါဝင်ဆွေး နွေးခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.