ချစ်သူကောင်လေးနဲ့ လက်ထပ်လိုက်ပြီဖြစ်တဲ့ စင်ကာပူနိုင်ငံ ဦးဆောင်ဖခင်ကြီး Lee Kuan Yew ၏ မြေးဖြစ်သူ Li Huanwu

စင်္ကာပူနိုင်ငံ ခေတ်နှောင်းပိုင်း တည်ထောင်ခဲ့သူ ဦးဆောင်ဖခင်ကြီး Lee Kuan Yew ရဲ့ မြေးတစ်ဦးဟာ သူ့ရဲ့ချစ်သူကောင်လေးနဲ့ တောင်အာဖရိကမှာ လက်ထပ်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားလိုက်တာကြောင့် အမျိုးသားခြင်း လိင်တူဆက်ဆံခြင်းကို ပိတ်ပင်ထားတဲ့ သူ့ရဲ့နိုင် ငံနဲ့ အနီးဝန်းကျင်ဒေသတွေမှာ အထူးသဖြင့် အကောင်းမြင်တဲ့ တုန့်ပြန်မှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။

Lee Hsien Yang ရဲ့ ဒုတိယမြောက်သားဖြစ်သူ Li Huanwu နဲ့အတူ သူ့ရဲ့ချစ်သူဖြစ်တဲ့ Heng Yirui တို့နှစ်ယောက်အတူ ရိုက်ထားတဲ့ ဓါတ်ပုံလေးကို ကျန်ခဲ့တဲ့ သောကြာနေ့တုန်းက instagram ပေါ်မှာ တင်ခဲ့ပါတယ်။

“ဒီနေ့ ကျွန်တော် ကျွန်တော့် ချစ်သူနဲ့ လက်ထပ်ခဲ့ပါတယ်။ Huanwu နဲ့အတူ ဒီလိုအချိန်မျိုးလေး တစ်ဘဝလုံးရချင်ပါတယ်” လို့ Huanwu ရဲ့ ချစ်သူက ရေးသားကာ ဓါတ်ပုံလေးကို တင်ခဲ့တာ ဖြစ်ပါတယ်။

ဓါတ်ပုံထဲမှာတော့ သူတို့အတွဲဟာ အဖြူရောင် ရှပ်အကျီ၊ ကာကီရောင် ဘောင်းဘီတို့ကို ဝတ်ဆင်ထားပြီး Cape Town မှာရှိတဲ့ ပြိုင်ပွဲတစ်ခုမှာ ရိုက်ထားတာပဲ ဖြစ်ပါတယ်။

“ကျွန်တော် Pink Dot မှာ ပြောခဲ့တာကိုပဲ ပြန်ပြောချင်ပါတယ်။ ဒီနေ့ကတော့ စိတ်ကူးနဲ့တောင် ပုံဖော်လို့မရခဲ့တဲ့ နေ့တစ်နေ့ပါပဲ။ သူငယ် ချင်းတွေ၊ မိသားစုတွေကြားမှာ ဒီလိုအခြေအနေမျိုးကို မျှဝေခွင့်ရတဲ့အတွက် ကျွန်တော်တို့ အရမ်းကို ပျော်ရွှင်မိပါတယ်” လို့ Li က South China Morning Post သတင်းစာကို အခုလို ပြောခဲ့ပါတယ်။

Li ရဲ့ ဖခင်ဖြစ်သူ Lee Hsein Yang ဟာလည်း ၂၀၁၅ ခုနှစ်၊ မတ်လထဲမှာ ဆုံးပါးခဲ့တဲ့ ဖခင်ကြီး Lee Kuan Yew ရဲ့ ဒုတိယမြောက် အငယ်ဆုံးသားတစ်ဦး ဖြစ်ပါတယ်။

သူ့ရဲ့သားဖြစ်သူ လက်ထပ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး Lee Hsein Yang ကို မေးမြန်းခဲ့တဲ့အခါမှာတော့ “ကျွန်တော့်ရဲ့ ဖခင်ကြီးသာ ဒီအ ကြောင်းကို သိမယ်ဆိုရင်တော့ အတော်ကို စိတ်လှုပ်ရှားမယ်လို့ ယုံကြည်ပါတယ်”လို့ သူက ဆိုပါတယ်။

စင်္ကာပူနိုင်ငံမှာတော့ ရာဇသတ်ကြီး ပုဒ်မ 377 A အရ အမျိုးသားချင်း လိင်တူဆက်ဆံခြင်းဟာ တရားမဝင်သေးပါဘူး။ ၁၉၉၀ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ် (၃၁)နှစ်တာ တာဝန်ထမ်းဆောင်ခဲ့တဲ့ Lee Kuan Yew ဟာ သူ့အုပ်ချုပ်ခဲ့တဲ့ နှောင်းပိုင်းသက်တမ်းတွေမှာ အစိုးရရဲ့ သတ်မှတ်ချက်ကို တခြားနည်းလမ်းတစ်မျိုးနဲ့ ဖော်ပြဖို့ ကြံရွယ်ခဲ့သူလို့ သိရှိကြပါတယ်။

Li ရဲ့ မင်္ဂလာပွဲကိုတော့ ၂၀၀၆ ခုနှစ်က လိင်တူချင်းလက်ထပ်မှုကို တရားဝင်ခွင့်ပြုပေးခဲ့တဲ့ တောင်အာဖရိကနိုင်ငံမှာ ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ ထိုင်ဝမ်နိုင်ငံရဲ့ အာရှပထမဆုံးအဖြစ် လိင်တူလက်ထပ်မှုကို ခွင့်ပြုပေးခဲ့တဲ့ လက်တလော အဖြစ်အပျက်အပေါ် ချီးကျူးမှုတွေကြားမှာပဲ ထပ်မံထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ပင်မထုတ်လွှင့်တဲ့ မီဒီယာတွေဟာ ဒီသတင်းကို ထုတ်လွှင့်ခြင်းမပြုခဲ့ပေမဲ့ သောကြာနေ့မှာတော့ Mothership.sg နဲ့ The Independent စတဲ့ သတင်းဝက်ဆိုဒ်တွေအပါအဝင် စင်္ကာပူနိုင်ငံမှာရှိတဲ့ သတင်းဝက်ဆိုဒ်တွေဟာ မြန်မြန်ဆန်ဆန်ပဲ ဒီသတင်းကို ကြေငြာခဲ့ပါတယ်။

Mothership ရဲ့ facebook မှာတင်ခဲ့တဲ့ ပို့စ်ကိုတော့ like ပေးသူပေါင်း ၁၇၀၀ ရှိခဲ့ပြီး comment ရေးသားသူပေါင်း ၄၀၀ အထိ ရှိခဲ့ပါတယ်။ အများစုကတော့ သူတို့အတွဲကို ဂုဏ်ပြုခဲ့ကြပါတယ်။ ရေးသားသူတွေထဲက တစ်ယောက်ဖြစ်တဲ့ Donna Lim ဆိုသူကတော့ “ဂုဏ်ယူပါတယ်။ အချစ်မှာ အတားအဆီးဆိုတာ မရှိပါဘူး”လို့ ရေးသားခဲ့ပါတယ်။

တရုတ်နိုင်ငံ ပြည်မကြီးထဲမှာတော့ Li တို့ရဲ့ မင်္ဂလာပွဲအကြောင်းကို ဖော်ပြတဲ့ ပို့စ်တွေအများအပြားဟာ လူမှုကွန်ယက်ဖြစ်တဲ့ WeChat ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ တနင်္ဂနွေနေ့မှာတင်ခဲ့တဲ့ ဒီပို့စ်တွေကို like ပေးသူတွေနဲ့ comment ရေးသားသူပေါင်း ရာနဲချီပြီး ရှိခဲ့ကြပါတယ်။

တချို့ကတော့ အထင်သေးတဲ့ပုံစံနဲ့ ရေးသားခဲ့တာတွေရှိခဲ့ပေမဲ့ အများစုကတော့ သူတို့စုံတွဲကို ဂုဏ်ပြုပေးခဲ့ကြပြီး စင်္ကာပူနိုင်ငံမှာ လိင် တူချစ်သူအခွင့်အရေးရရှိဖို့ Li က ရှေ့ဆောင်လမ်းပြပေးမယ်လို့ မျှော်လင့်နေကြပါတယ်။

Tired and Humorous လို့ အမည်ရတဲ့ အွန်လိုင်းသုံးစွဲသူတစ်ယောက်ကတော့ “လိင်တူချင်း လက်ထပ်မှုဟာ စင်္ကာပူနိုင်ငံမှာ တရားဝင် မဖြစ်သေးပါဘူး။ အခုတော့ Lee Kuan Yew ရဲ့ မြေးဖြစ်သူက ရှေ့ဆောင်လမ်းပြလိုက်ပါပြီ” လို့ ရေးသားခဲ့ပါတယ်။

“လိင်တူချစ်သူတွေရဲ့ အချစ်ဟာလည်း အချစ်တစ်ခုပါပဲ။ လိင်တူချစ်ချင်းကို လက်မခံသူတွေကသာ အဖျက်ပိုးတွေ ဖြစ်တယ်” လို့ အင်တာနက်သုံးစွဲသူတစ်ယောက်က ရေးသားခဲ့ပါတယ်။

WeChat သုံးစွဲတဲ့သူများဟာ စင်္ကာပူနိုင်ငံရဲ့ LGBT အဖွဲ့အစည်းတွေဟာ လိင်တူချစ်သူတွေကို ပိတ်ပင်တဲ့ ဥပဒေနဲ့ ငြိစွန်းခဲ့တဲ့အကြောင်း ကို ပြောဆိုခဲ့ကြပါတယ်။

Facecover လို့ အမည်ရတဲ့ အသုံးပြုသူတစ်ယောက်ကတော့ “စင်္ကာပူနိုင်ငံက အရမ်းကို ရှေးရိုးဆန်ပါတယ်။ ဒါကြောင့် ပြစ်မှုတွေကို ပိုပြီး ဖြစ်စေပါတယ်” လို့ ဆိုပါတယ်။

The Drum Tower လို့ခေါ်တဲ့ နောက်ထပ် အသုံးပြုသူတစ်ယောက်ကတော့ “ စင်္ကာပူနိုင်ငံရဲ့ လိင်တူဆန့်ကျင်ဥပဒေကို ဗြိတိသျှက ထုတ်ခဲ့တာပါ။ ဒါပေမဲ့ အခုတော့ ဗြိတိန်မှာ လိင်တူလက်ထပ်မှုကို ခွင့်ပြုလိုက်ပြီ”ဆိုပြီး ရေးသားခဲ့ပါတယ်။

Li Huanwu ဟာ သူ့ရဲ့ ချစ်သူအကြောင်းကို လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်ကတည်းက လူသိရှင်ကြားချပြခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ သူနဲ့ Heng ဖြစ်သူတို့ဟာ Out in Singapore လို့အမည်ရတဲ့ LGBT စည်းရုံးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ အဆိုပါနှစ်မှာပဲ စင်္ကာပူနိုင်ငံမှာရှိတဲ့ LGBT အဖွဲ့အစည်းတွေကို ထောက်ခံအားပေးတဲ့ နှစ်စဉ်ကျင်းပတဲ့ ပွဲတစ်ခုဖြစ်တဲ့ Pink Dot ကို တက်ရောက်ခဲ့ကြပါတယ်။

Li Huanwu ရဲ့ ဖခင်ဖြစ်သူ Hseing Yang နဲ့ သူ့ရဲ့အစ်မဖြစ်သူ Lee Wai Ling တို့ဟာ သူတို့ရဲ့ ငယ်ဘဝက Oxley Road မှာ နေခဲ့တဲ့ အိမ်ကလေးကို ဖျက်ချတဲ့ကိစ္စနဲ့စပ်လျဉ်းပြီး သူတို့ရဲ့ အကြီးဆုံးအကိုဖြစ်သူနဲ့ စင်္ကာပူနိုင်ငံ ဝန်ကြီးချုပ် Lee Hsein Loong နဲ့ စကားအချေအ တင်ဖြစ်ခဲ့တဲ့အတွက် အတူမနေဘဲ ကွဲကွာနေကြသူတွေ ဖြစ်ပါတယ်။ Huanwu ရဲ့ အကိုဖြစ်သူ Harvard တက္ကသိုလ် စီးပွားရေးဘွဲ့ရထားသူဟာလည်း စင်္ကာပူနိုင်ငံမှာ တရားရုံးအမိန့်ကို ဖီဆန်မှုနဲ့ အရေးယူခံထားရပါတယ်။

၂၀၁၁ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ Hard Truths to Keep Singapore Going လို့အမည်ရတဲ့ သူရေးသားခဲ့တဲ့ စာအုပ်ထဲမှာတော့ ခေါင်းဆောင်ကြီး Lee Kuan Yew က လိင်တူချစ်ကြိုက်မှုဆိုတာ ဘဝနေထိုင်မှုပုံစံတစ်ခု မဟုတ်ပါဘူးလို့ ပြောခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

“ခင်ဗျား ကြိုက်တဲ့စာအုပ် ကြိုက်တဲ့ ဆောင်းပါးတွေမှာ ရှာကြည့်လို့ ရတယ်။ မျိုးရိုးဗီဇဆိုင်ရာ ကွဲပြားမှုဆိုတာ ရှိစမြဲပဲ” လို့ ခေါင်းဆောင် ကြီး Lee က ပြောခဲ့တာပါ။

“သူတို့တွေကို ဒီလိုပုံစံမျိုးနဲ့ပဲ မွေးလာတာ။ ဒါကြောင့် အမျိုးသမီးနှစ်ယောက်ပဲ ဖြစ်ဖြစ် အမျိုးသားနှစ်ယောက်ပဲ ဖြစ်ဖြစ် ချစ်ကြိုက်ကြ တယ်ဆို သူတို့ကို ဒီတိုင်း လွှတ်ထားလိုက်စမ်းပါ”လို့ ခေါင်းဆောင်ကြီးက ပြောခဲ့တယ်လို့ ဆိုပါတယ်။

အစောပိုင်းကာလတွေမှာတော့ ၂၀၀၇ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ The Wit & Wisdom of Lee Kuan Yewဆိုတဲ့ စာအုပ်ထဲမှာတော့ ခေါင်း ဆောင်ကြီး Lee ဟာ

“ကျွန်တော် ဆရာဝန်တွေကို မေးကြည့်ပြီးပြီ။ အကယ်၍များ မျိုးရိုးဗီဇတွေကို သဘာဝက အလျဉ်းသင့်သလို ပြုပြင်ပေးတာကြောင့် မျိုးရိုးဗီဇအရကိုက လိင်တူချစ်ကြိုက်သူ ဖြစ်တယ်ဆိုတာ မှန်တယ်ဆိုရင်တော့ ဘယ်သူမှ ဒါကို ပြင်ဆင်ပေးလို့ မရဘူးတဲ့။ ဒါဆို ဘာကြောင့်များ ကျွန်တော်တို့က ဒါကို ပိတ်ပင် အရေးယူရဦးမှာလဲ”ဆိုပြီး ပြောခဲ့တယ်လို့ ဆိုပါတယ်။

 

Source # South China Morning Post 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.