LGBT တွေရဲ့ ဘဝဖြတ်သန်းမှုပုံရိပ် (Walks Of life)ဘဝခရီးပြခန်းကို ရန်ကုန်မြို့ရှိ ဝန်ကြီးများရုံးမှာ (၃)ရက်တာ ဖွင့်လှစ်

မြန်မာနိုင်ငံအနှံ့က LGBT တွေရဲ့ ဘဝဖြတ်သန်းမှုပုံရိပ်တွေကို လေ့လာနိုင်စေဖို့ (Walks Of life) ဘဝခရီးပြခန်းကို ရန်ကုန်မြို့ရှိ ဝန်ကြီးများရုံးမှာ (၃)ရက်တာ ဖွင့်လှစ်ပြသခဲ့ပါတယ်။

အဆိုပါ ပြခန်းကို Swedish Institute ရဲ့ ကူညီပံ့ပိုးမှုနဲ့ Colors Rainbow အဖွဲ့အစည်း၊ The Unstraight Museum တို့ပူးပေါင်းကာ မြန်မာ နိုင်ငံအနှံ့က LGBT (၃၀)ဦးရဲ့ ဘဝဖြတ်သန်းမှု ပုံရိပ်တွေကို စိတ်ဝင်စားဖွယ် သူတို့ရဲ့ အမှတ်တရပစ္စည်းတွေ၊ ရင်တွင်းစကားတွေနဲ့ တင်ဆက်ပြသခဲ့ပါတယ်။

“ကျွန်မတို့ရဲ့ သီးသန့်ရည်ရွယ်ချက်ကတော့ LGBT တွေရဲ့ ဖြတ်သန်းရာဘဝမှာ အခြားသူတွေနဲ့ တန်းတူညီမျှ အခွင့်အရေးတွေ၊ ခံစားမှုတွေကို ပြည်သူလူထုကို ချပြပြီးတော့ သိမြင်စေချင်တယ်။ နားလည်စေချင်တယ်ပေါ့။ ကျွန်မတို့ရဲ့ LGBTတွေခံစားနေရတဲ့ အကြောင်းအ ရာတွေကို အားလုံးထဲထဲဝင်ဝင် သိစေချင်တဲ့ ဆန္ဒတစ်ခုတည်းနဲ့ ဆောင်ရွက်ခဲ့ကြပါတယ်” လို့ Colors Rainbow မှ Executive Director ဒေါ်ခင်မမအေးက ပြောပါတယ်။

Walks Of life ဘဝခရီးပြခန်းကို ဝန်ကြီးများရုံးမှာ ဇွန်လ(၂၁)ရက်ကနေ ဇွန်လ(၂၃)ရက်အထိ ပြသပေးခဲ့ရာမှာ နိုင်ငံတကာသံရုံးမှ တာဝန် ရှိသူတွေ၊ NGO၊ INGO တွေနဲ့ LGBT တွေအပါအဝင် LGBT ရဲ့ မိသားစုဝင်တွေပါ လာရောက်ကြည့်ရှု့ခဲ့ကြပါတယ်။

“ပထမတော့ သာမန်ကာလျှံကာ ပြခန်းလေးလို့ ထင်တာပေါ့။ သူတို့ရဲ့အမှတ်တရပစ္စည်းလေးနဲ့ အောက်မှာ အင်္ဂလိပ်လို မြန်မာလို ရေး ထားတဲ့ သူတို့ရဲ့ အမှတ်တရပစ္စည်းလေးတွေနဲ့ သက်ဆိုင်တဲ့ စာသားလေးတွေဖတ်ရတာ ကြက်သီးတောင် ထမိပါတယ်။ ကိုယ်လည်း ဒီလောကသားထဲကပဲဆိုတော့ ဒါက လူတစ်ယောက်ရဲ့ ခံစားချက်လေးတွေကို ရေးထားတာ သဘောကြပါတယ်ရှင့်။ ဒီလို ပွဲလေးတွေ အများကြီး ရှိစေချင်တယ်”လို့ ပြခန်းကိုလာရောက်ကြည့်ရှု့ခဲ့တဲ့ မိတ်ကပ် ညီညီမောင် (စမ်းချောင်း)က ပြောပါတယ်။

Colors Rainbow အနေဖြင့် ၂၀၁၄ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံရှိ LGBT တွေရဲ့ အခွင့်အရေး၊ ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ ဥပဒေပိုင်းဆိုင်ရာလုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဘဝခရီးပြခန်းကိုလည်း Swedish Institute ရဲ့ ကူညီပံ့ပိုးမှုနဲ့ ၂၁၀၆ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.