ဒုတိယအကြိမ်မြောက် LGBT လူငယ်တွေ စုပေါင်းတွေ့ဆုံတဲ့(Safe Space )စကားဝိုင်းကို တိုင်းရင်းသားကျေးရွာမှာ ကျင်းပ

ရန်ကုန်မြို့နေရာအနှံ့မှာ နေထိုင်ကြတဲ့ LGBT လူငယ်တွေ စုပေါင်းတွေ့ဆုံကြတဲ့ ဒုတိယအကြိမ်မြောက် (Safe Space )စကားဝိုင်းကို တိုင်းရင်းသားကျေးရွာမှာ သြဂုတ်လ(၄)ရက်နေ့က ကျင်းပခဲ့ကြပါတယ်။

ဒီတွေ့ဆုံပွဲလေးကို Rainbow Alliance အဖွဲ့က ဦးစီးကျင်းပတာ ဖြစ်ပြီး LGBT သာမက LGBT ကိုထောက်ခံကြတဲ့ လူငယ်(၃၀)ကျော် တက်ရောက်ခဲ့ကြပါတယ်။

“ဒီနေ့ စကားဝိုင်းလေးမှာ LGBT လူငယ်တွေ Team Work တစ်ခုလို အသင်းအဖွဲ့နဲ့ လုပ်ဆောင်တဲ့အခါ တွေကြုံရမယ့် အခက်အခဲတွေ၊ (Behaviour Change) အပြုအမှုပြောင်းလဲခြင်းကြောင့် ဖြစ်စေတဲ့အကြောင်းအရာတွေကို ဆွေးနွေးခဲ့ပါတယ်။ Emotional Management နဲ့ ပတ်သက်ပြီး LGBT ဖြစ်ခြင်းကြောင့် ခံစားနေရတဲ့ အကြောင်းအရာတွေကိုလည်း လေးလေးနက်နက် ဆွေးနွေးခဲ့ပါတယ်။ ကြုံတွေ့နေရတဲ့ အခက်ခဲတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ နည်းလမ်းတွေကိုလည်း စဉ်းစားခဲ့ကြပါတယ်”လို့ Rainbow Alliance အဖွဲ့မှ ရဲလင်းထက်က ပြောပါတယ်။

Safe Space စကားဝိုင်းကို LGBT လူငယ်တွေ လွတ်လပ်ပြီး နွေးထွေးလုံခြုံတဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးလိုတဲ့အတွက် ရည် ရွယ်ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီစကားဝိုင်းလေးကို စမ်းချောင်းမြို့နယ်၊ ပဒုမ္မာပန်းခြံမှာ ၂၀၁၉ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့က စတင်ကျင်းပခဲ့ကြပါတယ်။

ဒုတိယမြောက် Safe Space စကားဝိုင်းတွေဆုံပွဲမှာလည်း LGBT အချင်းချင်း ပိုမိုခင်မင်ရင်းနှီးမှုရစေဖို့ ဂိမ်းအမျိုမျိုးကစားခဲ့ကြသလို တစ်ယောက်ချင်းစီရဲ့ စိတ်ခံစားချက်တွေကို အချင်းချင်း ရင်ဖွင့်ခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.