မြန်မာနိုင်ငံက LGBT မိသားစုဝင်တွေဘက်က အမြဲရပ်တည်နေမှာဆိုတဲ့ Sinon Loresca

မြန်မာပြည်ရောက် LGBT ဆယ်လီတစ်ဦးဖြစ်တဲ့ Sinon Loresca ကတော့ မြန်မာနိုင်ငံက LGBT မိသားစုဝင်တွေဘက်က အမြဲရပ်တည်နေမှာပါလို့ Beauty Diary ရဲ့ Sianon Loresca Fan Meetingမှာ ပြောလိုက်ပါတယ်။

“ကျွန်တော်ရဲ့ မြန်မာနိုင်ငံမှာရှိတဲ့ LGBT မိသားစုဝင်တွေကို ပြောချင်ပါတယ်။ သင်တို့ ဘာတွေဘဲ လုပ်ဆောင်လုပ်ဆောင် ကျွန်တော်ကတော့ ခင်ဗျားတို့ဘက်မှာ အမြဲရပ်တည်နေမှာပါ။ နောက်ထပ်ပြောမယ် ကျွန်တော် ခင်ဗျားတို့အတွက် အမြဲတမ်း ရှိနေမယ်။ မြန်မာနိုင်ငံက LGBT အသိုင်းအဝန်းကိုလည်း အရမ်းပဲချစ်ပါတယ်”လို့ သူက ပြောပါတယ်။

Sinon က မြန်မာနိုင်ငံက LGBTတွေအနေနဲ့ မိမိကိုယ်ကိုယ်လက်ခံပြီး ကြောက်ရွံမှုမရှိဘဲ ပျော်ရွင်စွာနေထိုင်ဖို့နဲ့ သူ့လိုမျိုး ပွင့်ပွင့်လင်းလင်းနေထိုင်ဖို့ ထပ်မံတိုက်တွန်းလိုက်ပါသေးတယ်။

“နောက်ထပ်လည်း မှတ်ထားပါ။ မကြောက်ရွံ့ပါနဲ့။ ပျော်ပျော်ရွှင်ရွှင်နေပါ။ ကိုယ့်ကိုယ်ကို ဘာအရောင်လဲဆိုတာ ပြပါ။ ကိုယ့်ကိုယ်ကို ဘယ်သူလဲဆိုတာ ပြသပါ။ အမြဲတမ်း ပြုံးနေပါ။ တစ်စုံတစ်ယောက်ကြောင့် ဘယ်တော့မှ ကြောက်ရွံ့မနေနဲ့။ ကိုယ့်ကို လက်မခံနိုင်တဲ့သူတွေကို မေ့လိုက်ပါ။ မကြောက်နဲ့။ ဘဝကြီးကို ရှာဖွေပါ။ စူးစမ်းပါ။ ကြောက်နေဖို့ မလိုဘူး။ ဘယ် သူ့ကိုမှ ပုန်းနေဖို့ မလိုပါဘူး။ ကိုယ့်ကိုယ်ကို လက်ခံပါ။ ကျွန်တော်လိုမျိုး ပွင့်ပွင့်လင်းလင်းနေပါ”လို့ ပြောလိုက်ပါတယ်။

Sinon ဟာဆိုရင် The King of Catwalkလို့ နာမည်ကြီးနေတဲ့ ဖိလစ်ပိုင်နိုင်ငံသား LGBT ဆယ်လီတစ်ဦးလည်း ဖြစ်ပါတယ်။

Sinon Loresca ဟာ မန္တလေးမြို့မှာ ကျင်းပခဲ့တဲ့ Miss Earth Myanmar 2019 Coronation Nightအတွက် သြဂုတ်လ (၂၁) ရက်နေ့ကတည်းက မြန်မာနိုင်ငံကို ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.