၂၀၁၉ ခုနှစ် အာဆီယံ လူထုဖိုရမ်ရဲ့ ထုတ်ပြန်ကြေငြာချက်ထဲမှာ LGBT ဆိုတဲ့ အကြောင်းအရာပါအောင် ထည့်သွင်းနိုင်ခဲ့

ထိုင်းနိုင်ငံမှာ စက်တင်ဘာလ (၁၁)ရက်က ကျင်းပခဲ့တဲ့ ၂၀၁၉ ခုနှစ် အာဆီယံလူထုဖိုရမ်ရဲ့ နောက်ဆုံးထုတ်ပြန်ချက်ထဲမှာ LGBT ဆိုတဲ့ အကြောင်းအရာပါအောင် ထည့်သွင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီဖိုရမ်ရဲ့ နောက်ဆုံးထုတ်ပြန်ချက်ထဲမှာ အာဆီယံ People လို့ ပြောလိုက်မယ်ဆိုရင် လယ် သမား၊ အလုပ်သမား၊ လိင်လုပ်သား၊ မသန်စွမ်းသူတွေ၊ လမ်းဘေးဈေး ရောင်းသူတွေ အပြင် LGBT တွေလည်း အဲဒီလို လူထုတွေကြားထဲမှာ ပြည်သူလူထု တစ်ရပ်အနေနဲ့ ပါဝင်တယ်ဆို တဲ့အကြောင်းကို ထည့်နိုင်ခဲ့တယ်လို့ ဖိုရမ်တက်ရောက်ခဲ့တဲ့ Equality Myanmarမှ ဦးအောင် မျိုးမင်းက အခုလို ပြောပါတယ်။

“အာဆီယံမှာရှိတဲ့ လူအခွင့်အရေးယန္တယားတွေ အာဆီယံမှာ အစိုးရရဲ့ လုပ်ထုံးလုပ် နည်းတွေ ကလည်း တိုးတက်လုပ် ဆောင်တဲ့နေရာမှာ LGBTကို ထည့်သွင်းစဉ်းစားဖို့၊ သူတို့အပြစ်အပျက် သူတို့ကြုံတွေ့နေရတဲ့ အကြမ်းဖက်မှုတွေကို ကာ ကွယ်ပေးဖို့၊ သူတို့ကိုလည်း လူအခွင့်အရေး ကိစ္စလုပ်ဆောင်တဲ့အချိန်မှာ ထည့်သွင်းစဉ်းစားပေးဖို့၊ သူတို့ရဲ့ လူအခွင့်အရေး ထုတ်ပြန်ကြေ ညာချက်ကို ထုတ်ပြန်နိုင်ခဲ့ပါတယ်”လို့ Equality Myanmar မှ ဦးအောင်မျိုးမင်းက ပြောပါ တယ်။

ဒီနှစ်ကျင်းပတဲ့ အာဆီယံလူထုဖိုရမ်မှာ LGBT အရေး၊ ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကို အာဆီယံပြည်သူတွေ ဒီထက် ပိုပြီး အာရုံစိုက်လာစေဖို့ အောက်တိုဘာလ(၁၂)ရက်နေ့ ဖိုရမ်နား တဲ့အချိန်မှာ LGBT အရေးတက်ကြွလှုပ်ရှားသူတွေ ဦး ဆောင်ပြီး Rainbow Day အဖြစ် LGBT အလံတွေ၊ အမှတ်အသားတွေ ကိုင်ဆောင်ကာ စီတန်းလှည့်လည် လမ်းလျှောက်ပွဲ ပြုလုပ်ခဲ့ကြ ပါတယ်။

“ဒီလိုလုပ်ရတဲ့အတွက် အာဆီယံ People Forumလို့ ဆွေးနွေးလိုက်တဲ့ အတိုင်း အာဆီယံမှာ ရှိတဲ့ ပြည်သူလူထုတွေရဲ့ အ ကြောင်းကို ဆွေးနွေး လိုက်တဲ့အတိုင်း LGBT တွေလည်း ပါဝင် တယ်။ LGBT တွေက အာဆီယံ အသိုင်းအဝိုင်းထဲမှာပါတဲ့ လူသားတွေပဲ ဖြစ်တယ်။ သူတို့ရဲ့ အကြောင်းအရာတွေကိုလည်း အလေးထားလုပ်ဆောင်သင့်သလို လူ့အခွင့်အရေးအရ လည်း ကာကွယ်သင့်တယ်ဆိုတဲ့ အကြောင်းအရာတွေပေါ်အောင် စည်းရုံးလှုံဆော်နိုင်ခဲ့ပါတယ်”လို့ Equality Myanmar မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။

အာဆီယံလူထုဖိုရမ်၊ အာဆီယံအရပ်ဖက်အဖွဲ့အစည်းများ ညီလာခံကို ၂၀၁၉ ခုနှစ်၊ စက်တင် ဘာလ(၁၀)ရက်မှ(၁၂)ရက်အထိ ကျင်းပခဲ့ပြီး အာဆီယံ (၁၁)နိုင်ငံမှ အရပ်ဖက် လူမှုအဖွဲ့အ စည်းကိုယ်စားပြု (၈၀၀)ကျော်နှင့်အတူ မြန်မာအရပ်ဖက်အဖွဲ့အစည်း (၂၀)ကျော်မှ ကိုယ်စား လှယ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.