Transgender တွေသေဆုံးမှု အများဆုံးသော ဒုတိယနိုင်ငံဖြစ်နေတဲ့ မက္ကဆီကိုနိုင်ငံ

မက္ကဆီကိုနိုင်ငံဟာဆိုရင် ဘရာဇီးနိုင်ငံပြီးရင် Transgender တွေ သေဆုံးမှုအများဆုံးသော ဒုတိယနိုင်ငံနိုင်ငံ ဖြစ်နေပါတယ်။

မက္ကဆီကန် LGBT အခွင့်အရေးလှုပ်ရှားသူအဖွဲ့အစည်း Letra Eseရဲ့ တွေ့ရှိချက်အရ ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်ကြားမှာ LGBT (၄၇၃)ဦး အနည်းဆုံးသတ်ခံခဲ့ရပြီး အဲဒီအထဲမှာ (၂၆၁)ယောက်ကတော့ လိင်ပြောင်းထားတဲ့သူတွေ ဖြစ် ပါတယ်။

အစီရင်ခံစာအရ လွန်ခဲ့တဲ့နှစ်နှစ်မှာ ရက်ရက်စက်စက်သတ်ခဲ့တဲ့ အခြေအနေတွေရှိခဲ့ပြီး အရင်နှစ်ကထက်စာရင် ပျမ်းမျှ(၃၀)ရာခိုင်နှုန်းအထိ တိုးလာပါတယ်။

“ရဲတွေ၊ အမှုဖော်ထုတ်သူတွေ၊ ရှေ့နေတွေ၊ တရားသူကြီးတွေကလည်း LGBTတွေအပေါ် မကောင်းတဲ့ထင်မြင်ချက်တွေ ရှိပါတယ်။ အဲဒီအတွက်ကြောင့်လည်း အမုန်းတရားတွေကြောင့် ပြစ်မှုတွေဖြစ်ရတာ အများဆုံးဖြစ်နေပါတယ်။ နောက်ဆုံးတော့ LGBT တွေကလည်း ဥပဒေတစ်ရပ်လုပ်ဆောင်ပေးဖို့ တောင်းဆိုလာကြပါတယ်”လို့ မက္ကဆီကန် LGBT အခွင့်အရေးလှုပ်ရှားသူအဖွဲ့အစည်းမှ Letra Ese က ပြောပါတယ်။

ဒီလို သေဆုံးမှုအတွက် လူသတ်မှုကျူးလွန်သူတွေကို အရေးယူဖို့ ဥပဒေအတိအကျ မရှိတဲ့အတွက်ကြောင့်လည်း အမှုမှန်မဖော်နိုင်၊ အပြစ်ဒဏ်မပေးနိုင်ခဲ့ပါဘူး။ စစ်တမ်းဖြေကြားသူ LGBT (၁၀)ဦးမှာ (၆)ဦးကဆိုရင် သူတို့တွေကိုယ် တိုင် ခွဲခြားဆက်ဆံမှုတွေကို လွန်ခဲ့တဲ့နှစ်က ခံစားရတယ်လို့ ပြောပါတယ်။ အဲဒီထဲက ထက်ဝက်ကျော်လောက်ကတော့ အမုန်းစကားတွေ၊ ကိုယ်ထိလက်ရောက်စော်ကားတာတွေ၊ ထိကပါးရိကပါးလုပ်တာတွေ ကြုံတွေ့ခဲ့ရတယ်လို့ ဖြေကြားထားပါတယ်။

မက္ကဆီကိုနိုင်ငံမှာ လိင်တူလက်ထပ်ခွင့်ကို ၂၀၀၉ ခုနှစ်ကနေစပြီး အချို့နယ်မြေတွေမှာ တရားဝင် ခွင့်ပြုခဲ့ပါတယ်။ အဲဒီလိုခွင့်ပြုခဲ့လို့ အခြားခွင့်မပြုတဲ့ ဒေသတွေထက်ပိုပြီး အလားအလာ ကောင်းမယ်ထင်ရပေမယ့်လည်း ၂၀၁၅ ခုနှစ် မှာတော့ လိင်တူလက်ထပ်ခွင့်ကို တစ်နိုင်ငံလုံးမှာ ပိတ်ပင်တားမြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း နိုင်ငံရှိ (၃၂)ပြည်နယ်ရဲ့ထက်ဝက်လောက်က လိင်တူလက်ထပ်ခွင့်ကို ခွင့်ပြုထားပါတယ်။

                                                                                                                                                                                                                                                              

                                                                                                                                                                                                Source# Pinknews

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.