တတိယအကြိမ်မြောက် LGBT Rights Network Quarterly Meetingကို တောင်ကြီးမြို့ Cherry Queen ဟိုတယ်မှာ ပြုလုပ်

မြန်မာနိုင်ငံအနှံ့က LGBT တွေရဲ့ သတင်းအချက်အလက်တွေဖလှယ်ဖို့ တတိယအကြိမ်မြောက် LGBT Rights Network Quarterly Meeting ကို တောင်ကြီးမြို့ Cherry Queen ဟိုတယ်မှာ (၂)ရက်တာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံရှိ ပြည်နယ်နဲ့ တိုင်းဒေသအသီးသီးမှာရှိတဲ့ LGBT ကွန်ယက်ဒေသကိုယ်စားလှယ်တွေအနေနဲ့ (၃)လတာကာလအတွင်း ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေ၊ လုပ်ငန်းစဉ်တွေ၊ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို အဓိကထား အပြန်အလှန် တင်ပြဆွေးနွေးခဲ့ကြတယ်လို့ LGBT Rights Network မှ သိရပါတယ်။

ဆွေးနွေးပွဲကို စက်တင်ဘာလ (၁၃)ရက်ကနေ (၁၄)ရက်နေ့အထိ ကျင်းပခဲ့ပြီး Network ရဲ့ ရှေ့ဆက်လုပ်ငန်းစဉ်တွေဖြစ်တဲ့ ရည်မှန်းချက်(၄)ခုကို ဆက်လက်လုပ်ဆောင်သွားနိုင်ရန် ကွန်ယက်ဆွေးနွေးပွဲတွေကို (၃)လတစ်ကြိမ် ဆက် လက်လုပ်ဆောင်သွားမယ်လို့ LGBT Rights Network ရဲ့ ကွန်ရက်ညှိုနှိုင်းရေးမှူး မင်းချမ်းက ပြောပါတယ်။

“ဒီအစည်းအဝေးကို ဦးဆောင်တာကတော့ မန္တလေးတိုင်းက အမေ ဂန်ပါ။ ကိုယ့်တောင်ကြီးမှာ တိုင်းနဲ့ပြည်နယ်အသီးသီးက အခုလို လာကျင်းပတော့ ကိုမိုးတို့ ရှမ်းတောင် LGBT တွေလည်း ဂုဏ်တက်တာပေါ့။ ကိုမိုးတို့ရဲ့ စည်းရုံးမှု ကိုလည်း ပြနိုင်ခဲ့တယ်။ အခုက သတင်းအချက်အလက်တွေ၊ လုပ်ငန်းစဉ်နဲ့ သင်ခန်းစာတွေကို ဆွေးနွေးကြတယ်”လို့ ရှမ်းတောင်ချယ်ရီမြေမှ တွဲလက်များ LGBT အဖွဲ့မှ ဥက္ကဌ ကိုမိုးက အခုလို ပြောပါတယ်။

ဒီဆွေးနွေးပွဲကို မြန်မာနိုင်ငံရှိ ပြည်နယ်နဲ့ တိုင်းဒေသအသီးသီးမှာရှိတဲ့ LGBT ကွန်ယက်ဒေသကိုယ်စားလှယ်တွေ၊ LGBT အသင်းအဖွဲ့အသီးသီးက ကိုယ်စားလှယ်တွေ စုစုပေါင်း (၂၇)ဦး တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.