Bisexual ဆိုတာထုတ်ဖော် ပြောကြားလိုက်တဲ့ အမေရိကန်ဘောလုံးကစားသမား Ryan Rusell

အမေရိကန်ဘောလုံးကစားသမား Ryan Rusell ကတော့ သူ့ကိုသူ Bisexual ဆိုတာ လွန်ခဲ့တဲအပတ်က ထုတ်ဖော်ပြောကြားလိုက်ပါပြီ။

သူ့ရဲ့ အချစ်ဇာတ်လမ်းအကြောင်းကို ချစ်သူကောင်လေး အကသမား Corey O’Brien အတွက် ကဗျာတစ်ပုဒ်ရေးစပ်ပြီး သူရဲ့ Instagramမှာ tag တွဲပြီး ဖော်ပြလိုက်တာပါ။ 

Ryan Rusell ဟာဆိုရင် The Dallas Cowboys အသင်း၊ the Tampa Bay Buccaneers အသင်းမှာ ကစားခဲ့တဲ့ အသက် (၂၇)နှစ်အရွယ်ရှိ လက်ရွေးစဉ်ကစားသမား တစ်ယောက်ဖြစ်ပါတယ်။ အခုဆိုရင် သူက အသင်းသစ်တစ်ခုမှာ ကစားဖို့လုပ်နေသလို သူရဲ့အချစ်အတွက်လည်း ကြောက်ရွံ့မနေဘူးလိုလည်း ပြောကြားထားပါတယ်။

သူက အသင်းတိုင်းမှာအနည်းဆုံး ဂေး (သို့မဟုတ်) bisexual တစ်ယောက်ရှိနေတယ်လို့လည်း ပြောပါတယ်။ နောက်ပြီး သူတို့ဘောလုံးလောကမှာ တခြား LGBT ဘောလုံးကစားသမားတွေ ရှိနေကြပေမယ့်လည်း ထုတ်ဖော်ပြောပြဖို့ ကြောက်လန့်ကြပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့ကိုထောက်ပံ့နေတဲ့ သူတွေ၊ အသင်းတွေနဲ့ သူတို့အလုပ်တွေကို ဆုံးရှုံးသွားမှာကို ကြောက်ကြလို့ ဖြစ်ပါတယ်။

                                    

                                                                                                                                                                                                                                   Source- PinkNews

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.