ဒဂုံတက္ကသိုလ်မှာ Justice and Protection of Law on LGBT ခေါင်းစဉ်နဲ့ ပညာပေးဆွေးနွေးပွဲပြုလုပ်

ဒဂုံတက္ကသိုလ်မှာ Justice and Protection of Law on LGBT ဆိုတဲ့ခေါင်းစဉ်နဲ့ ပညာပေးဆွေးနွေးပွဲတစ်ခုကို ဇန်နဝါရီလ(၈)ရက်နေ့ နံနက်ပိုင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဆိုပါ ဆွေးနွေးပွဲကို Active Rainbow နဲ့ Youth Alert မှ ကျောင်းသား၊ ကျောင်းသူတွေက ဦးဆောင်ပြုလုပ်ခဲ့ကာ Colors Rainbow မှလည်း ပညာပေးစာအုပ်စာတမ်းတွေနဲ့ SOGIE ကာတွန်း သရုပ်ဖော်စာအုပ်တွေကို ကျောင်းသူ၊ ကျောင်းသားတွေကို အခမဲ့ပေးဝေခဲ့ပါတယ်။

ဆွေးနွေးပွဲကို တရားလွှတ်တော်ရှေ့နေ မသွယ်သွယ်စိုး၊ &PROUDမှ LGBT အခွင့်အရေးလှုပ်ရှားသူ မဆုဝေလှိုင်နဲ့ Rainbow Alliance တည်ထောင်သူ LGBT အခွင့်အရေးလှုပ်ရှားသူ ကိုရဲလင်းထက်တို့က LGBT တွေအပေါ် ဖိနှိပ် ထားသော ရာဇသတ်ကြီးပုဒ်မ (၃၇၇)အကြောင်းကို ဦးဆောင်ဆွေးနွေးကြပြီး ဒဂုံကျောင်းသူ၊ ကျောင်းသား(၁၅၀)ခန့် တက်ရောက်ခဲ့ကြပါတယ်။

အဆိုပါ ဆွေးနွေးပွဲအပြီးမှာတော့ Colors Rainbow မှ ပူးတွဲထုတ်လုပ်ခဲ့သော LGBT အထက်တန်း ကျောင်းသားတစ်ယောက်ရဲ့ တစ်ဖက်သတ် ရင်ခုန်သံ၊ စိတ်ကူးစိတ်သန်းတွေကို လှပစွာရိုက်ကူးတင်ဆက်ထားတဲ့ မြန်မာ LGBT ရုပ်ရှင်ဇာတ်လမ်းတို A Blue-Sky ကို ပြသခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.