ဖိလစ်ပိုင်နိုင်ငံတော် တရားရုံးချုပ်မှ လိင်တူလက်ထပ်ခြင်းကို တရားဝင်ပြဌာန်းပေးရန် ငြင်းဆို

ဖိလစ်ပိုင်နိုင်ငံရဲ့ အမြင့်ဆုံးတရားရုံးက လိင်တူချင်းလက်ထပ်ထိမ်းမြားခွင့်ကို တရားဝင်ပြဌာန်းပေးရန် အဆိုကို ပယ်ချခဲ့ပါတယ်။ ဒါကြောင့် ဖိလစ်ပိုင်နိုင်ငံရှိ LGBT အသိုင်းအဝိုင်းက နိုင်ငံတော်တရားရုံးချုပ်ရှေ့မှာ ဖယောင်းတိုင်ထွန်း ညှိပြီး ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

သို့သော် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် လိင်တူ၊ လိင်ကွဲ လက်ထပ်နိုင်မှုကို ကန့်သတ်ထားခြင်း မရှိပါဘူး။ ဖိလစ်ပိုင်နိုင်ငံမှာ ကိုယ်ဝန်ဖျက်ချခြင်းဟာ တရားမဝင်သလို ကွာရှင်းခြင်းကိုလည်း ပိတ်ပင်ထားပါသေးတယ်။

 

သတင်းထုတ်ပြန်ချက်အရ ခုံးရုံးသည် LGBTQI အသိုင်းအဝန်းတစ်ခုလုံးကြုံတွေ့နေရတဲ့ ခွဲခြားဆက်ဆံခံရမှုနဲ့ လျစ်လျူရှု့ခံရမှုတွေသာမက သူတို့ရဲ့တန်းတူအခွင့်အရေးရရန် ကြိုးစားမှုအားလုံးကို နားလည်ပေမယ့် လက်ရှိ ဥပဒေကို တော့ လုံးဝပြောင်းပေးမှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။

လိင်တူချစ်သူဖြစ်တဲ့ လူငယ်ရှေ့နေ ဂျီးဇတ်စ် ဖဲလ်ဆစ်ကလည်း ၂၀၁၅ ခုနှစ်မှာ လိင်တူချင်း လက်ထပ်ထိမ်းမြားခွင့်အရေးကို နိုင်ငံတော်တရားရုံးမှာ အသနားခံစာတင်ခဲ့ပါသေးတယ်။ ဒါပေမယ့် စက်တင်ဘာလ(၂)ရက်နေ့မှာတော့ သူ့ရဲ့အမှုတွဲကို နိုင်ငံတော်တရားရုံးချုပ်က အများသဘောတူဆန္ဒအရ ယင်းအဆိုကို လုံးဝပယ်ချခဲ့ပါတယ်။

အခုလို အခက်အခဲတွေကြားကပဲ လက်ရှိ နိုင်ငံတော်တရားရုံးက လိင်တူလက်ထပ်ထိမ်းမြားခြင်းအပေါ် ငြင်းဆန်ခြင်းဟာ တရားရုံးအစား ဥပဒေပြုလွှတ်တော်မှာ တရားဝင်ဖြစ်အောင် လုပ်သင့်တာကို ပြသနေတယ်လို့ LGBT လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက သုံးသပ်ထားကြပါတယ်။

  Source-PinkNews

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.