2020 Yangon Pride ပွဲတော်ကို သခင်မြပန်းခြံမှာ (၃)ရက်တာ ခမ်းခမ်းနားနား ကျင်းပခဲ့

&PROUDက ဦးဆောင်ကျင်းပတဲ့ (၆)ကြိမ်မြောက် 2020 Yangon Pride ပွဲတော်ကို ရန်ကုန်မြို့၊ သခင်မြပန်းခြံမှာ ဇန်နဝါရီလ(၂၄)ရက်ကနေ (၂၆)ရက်နေ့အထိ ခမ်းခမ်းနားနား ကျင်းပခဲ့ပါတယ်။

ဒီနှစ်မှာတော့ နိုင်ငံကျော်တေးသံရှင်တွေဖြစ်တဲ့ ထွန်းအိန္ဒြိာဗို၊ နီနီခင်ဇော်နဲ့ ဖြူဖြူကျော်သိန်းတို့ရဲ့ ဖျော်ဖြေမှုနဲ့အတူ LGBTနဲ့ သက်ဆိုင်တဲ့ ဗဟုသုတရရှိစေမယ့် Booth show တွေ၊ LGBTတွေရဲ့ ဘဝခရီးဖြတ်သန်းပုံတွေကို ထင် ဟပ်စေတဲ့ ဓါတ်ပုံပြခန်းတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေ ရောင်းချပေးတဲ့ Booth show တွေ ပြသထားပါတယ်။

ဒါပြင် ပြီးခဲ့သည့်နှစ်အတွင်း LGBTIQ အရေးအား လက်ခံတိုးတက်လာအောင် မနားမနေ ကြိုးစားလုပ်ဆောင်ခဲ့ကြတဲ့ LGBTIQ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းနဲ့ မဟာမိတ်တို့ကို နှစ်စဉ်သူရဲကောင်းဆု ချီးမြှင့်ခဲ့ရာ ယခုနှစ် &PROUD က Hero Award 2020 ဆု(၃)ခုကို ချီးမြင့်ခဲ့ရာ Hero Award 2020 ဆုကို  Miss Universe Myanmar ဆွေဇင်ထက်၊ LGBT Organization Award ဆုကို သပြေညိုရွေဘိုပန်းအဖွဲ့နဲ့ LGBTIQ Ally Award 2020 ဆုကို ဒေါက်တာ ဖြိုးသီဟတို့က ရရှိခဲ့ပါတယ်။

Yangon Pride ပွဲတော်ကို LGBT Hero တွေရဲ့ ရင်တွင်းစကားသံတွေ၊ ရုပ်ရှင်တွေ၊ ဂိမ်းတွေ၊ LGBT တွေရဲ့ သီဆိုဖျော်ဖြေမှုတွေနဲ့ ရန်ကုန်ရဲ့ အကောင်းဆုံး Drag Queenတွေက ဖျော်ဖြေခဲ့ကြပါတယ်။ ၂၀၂၀ ခုနှစ်အတွက် ဆောင်ပုဒ် ကတော့ “အချစ်မှာ အပြစ်မရှိ”ဆိုတဲ့ ဆောင်ပုဒ်ဖြစ်ပြီး လက်သန်းမှာ မင်ပန်းရောင်ဆိုးထားခြင်းဖြင့် LGBT တွေကို ထောက်ခံကြောင်း ကိုယ်စားပြုထားပါတယ်။

Pride ပွဲတော်၏ နောက်ဆုံးရက်သတ္တပတ်ကို ဇန်နဝါရီလ (၃၁)ရက်နေ့မှ ဖေဖော်ဝါရီလ (၂)ရက်နေ့အထိ ပြင်သစ်ယဉ်ကျေးမှုဌာနမှာ ရုပ်ရှင်တွေ၊ စကားဝိုင်းတွေ၊ ပြဇာတ်တွေ၊ မြန်မာနိုင်ငံအဆိုတော် Ar-T ၊ ထိုင်းနိုင်ငံနာမည်ကြီး Drag Queen တွေဖြစ်ကြတဲ့ Annee Maywong နဲ့ Dearis Doll တို့ရဲ့ ဖျော်ဖြေတင်ဆက်မှုတွေကို ကျင်းပပေးသွားမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.