အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ ပထမဆုံး Transgender ကျောင်း တည်ဆောက်

အိန္ဒိယနိုင်ငံမြောက်ပိုင်း အူတာပရာဒက်ရှ်ပြည်နယ်ရှိ ကူရှင်နဂါခရိုင်မှာ ဒေသခံတွေရဲ့ အလှူငွေနဲ့ ပထမဆုံး Transgender ကျောင်းကို ယခုလမှာ စတင်တည်ဆောက်တော့မှာပါလို့ Thomson Reuters Foundation က ဖော်ပြပေး ထားပါတယ်။

Transgender အမျိုးသမီး ဂတ်ဒီခင်နားက အသက်(၁၂)အရွယ်မှာ မိဘစွန့်ပစ်မှုကို ခံလိုက်ရတဲ့အတွက် ပညာသင်ကြားခွင့် ရပ်ဆိုင်းခဲ့ရသူပါ။ သူမအနေနဲ့ ပညာမတတ်တာကြောင့် အများနည်းတူ အလုပ်အကိုင်အခွင့်အလှမ်းမရဘဲ မင်္ဂလာဆောင်တွေ၊ ဘာသာရေးပွဲလမ်းသဘင်တွေမှာ လိုက်လံကပြရင်း အသက်မွေးဝမ်းကျောင်း ပြုခဲ့ရပါတယ်။

ဒါကြောင့် သူမလို အခြား Transgender ကလေးငယ်တွေ မခံစားစေဖို့ ကူရှင်နဂါခရိုင်မှာ ကိုယ်တိုင်ဦးဆောင်ပြီး အခြား Transgender အယောက်(၄၀)စီနဲ့ ငွေတွေစုဆောင်းကာ ပထမဆုံး Transgender ကျောင်းကို တည်ဆောက်ဖို့ အလှူငွေမတည်ခဲ့တာ ဖြစ်ပါတယ်။


ပထမဆုံးအနေနဲ့ ကျောင်းမှာ အသက်(၁၀)နှစ်အထိ Transgender ကလေးငယ်တွေအတွက် မူလတန်းပညာသင်ကြားပေးမှာ ဖြစ်ပြီး နောက်ပိုင်းမှာတော့ ကောလိပ်ကျောင်းနဲ့ တက္ကသိုလ်အဆင့်အထိ မြှင့်တင်သွားဖို့ ရည်ရွယ်ချက် ရှိပါတယ်။ ဒါပြင် ကျောင်းမှာ ပညာသင်ပြီးနောက်ပိုင်း ကြိုက်နှစ်သက်ရာ အလုပ်အကိုင်ကိုလည်း ရွေးချယ်နိုင်မှာပါလို့ Transgender အမျိုးသမီး ဂတ်ဒီ ခင်နားက ပြောပါတယ်။

၂၀၁၁ခုနှစ်ရဲ့ နိုင်ငံလုံးဆိုင်ရာစစ်တမ်းအရ အိန္ဒိယနိုင်ငံမှာ Transgender ဦးရေဟာ (၅)သိန်းလောက်ရှိပြီး ထက်ဝက်ကျော်လောက်က ပညာမတတ်ကြတဲ့အပြင် အလုပ်အကိုင်ရှိသူလည်း ရှားပါတယ်။

source -www.reuters.com

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.