“Arts for Change for Arts” ဖိုရမ်မှာ Colors Rainbowမှ LGBT တွေအပေါ် သက်ရောက်နေတဲ့ အနုပညာဖန်တီးမှုတွေကို ပါဝင်ဆွေးနွေးခဲ့

ဗြိတိသျှကောင်စီက ဦးစီးကျင်းပတဲ့ “Arts for Change for Arts”ဖိုရမ်မှာ Colors Rainbow အဖွဲ့အစည်းအနေနဲ့ LGBT တွေအပေါ် သက်ရောက်နေတဲ့ အနုပညာဖန်တီးမှုအကြောင်းအရာတွေကို ပါဝင်ဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာက အနုပညာရှင်တွေ တက်ရောက်ကြတဲ့ ဒီဖိုရမ်ကို ဝန်ကြီးများရုံးမှာ ဖေဖော်ဝါရီလ (၂၅)ရက်ကနေ (၂၆)ရက်နေ့ထိ ကျင်းပခဲ့ပြီး ဒီဖိုရမ်မှာ Colors Rainbow အဖွဲ့အစည်းက ထုတ်လုပ်နေတဲ့ စာပေ ၊ အနုပညာလုပ်ငန်းတွေသာမက LGBT တွေအပေါ် သက်ရောက်နေတဲ့ ဂုဏ်သိက္ခာမဲ့စေသော အနုပညာဖန်တီးမှုတွေ အစရှိတဲ့အကြောင်းအရာတွေကိုလည်း Community Outreach Coordinator မရှင်းသန့်က တက်ရောက်ဆွေး နွေးခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ Colors Rainbow ကစပြီး LGBT နဲ့ သက်ဆိုင်တဲ့ မဂ္ဂဇင်းတွေ၊ ဝတ္တုတွေ၊ နောက်ပိုင်း အွန်လိုင်းမီဒီယာ ဖြစ်တဲ့ အင်တာဗျူးတွေ၊ သတင်းတွေကို စပြီးလုပ်နေပါပြီ။ ဒါပြင် LGBT နဲ့ ပတ်သက်တဲ့ သရုပ်မှန်ဇာတ်ကားတွေ ကို LGBT တွေ ကိုယ်တိုင်သင်ကြားပေးပြီး Shop Films တွေ ထုတ်လုပ်နေပါပြီ။ မြန်မာ့ရုပ်ရှင်ဈေးကွက်မှာတော့ ပေါကားဆန်တဲ့ LGBT တွေရဲ့ သရုပ်မမှန်တဲ့၊ သုတေသနမပါတဲ့ ဒီလိုဇာတ်ကားတွေက မြန်မာ့ရုပ်ရှင်လောကမှာ တည် ရှိနေဆဲ ဖြစ်ပါတယ်။ Colors Rainbow ကတော့ ရုပ်ရှင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ ဖန်တီးလာတဲ့အခါ ရွတ်ပုံးသီးအနုပညာရှင်တွေ ပေါ်လာပါတယ်။ သူတို့တွေအတွက် ပလက်ဖောင်းတစ်ခု ဖြစ်လာပါတယ်”လို့ Community Outreach Coordinator မရှင်းသန့်က ပြောပါတယ်။

“Arts for Change for Arts” ဖိုရမ်ရဲ့ ရည်ရွယ်ချက်ကတော့ အနုပညာနဲ့ ယဉ်ကျေးမှုနယ်ပယ်အတွင်းက ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုကောင်းမွန်စွာ နားလည်စေရန်နဲ့ နယ်ပယ်အတွင်းရှိ မတူကွဲပြားတဲ့ကဏ္ဍတွေကို ချိတ်ဆက် ပေးဖို့ ဖြစ်ပါတယ်။

ဖိုရမ်ကို မြန်မာနိုင်ငံတစ်ဝှမ်းက ရုပ်ရှင်၊ စာပေ၊ ဂီတ၊ ပန်းချီနဲ့ ဖျော်ဖြေရေး အနုပညာရှင်တွေအပြင် ယဉ်ကျေးမှုပညာရှင်တွေ၊ ပေါ်လစီရေးဆွဲသူတွေ၊ ဖွံဖြိုးရေးအေဂျင်စီတွေ၊ ရန်ပုံငွေထောက်ပံ့သူတွေနဲ့ NGO ၊ INGO အပါအဝင် စီး ပွားရေး၊ မီဒီယာ၊ ပညာရေးကဏ္ဍမှ ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံနဲ့ယူကေအကြား အနုပညာကဏ္ဍ ရေရှည်ဖွံဖြိုးတိုးတက်ရေး နည်းလမ်းဗျူဟာတွေကို ဆွေးနွေးခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.