အမျိုးသမီးများနှင့် တစ်ကိုယ်ရည် သန့်ရှင်းမှု

ယနေ့ ၂၁ ရာစုခေတ်ကြီးမှာ အမျိုးသမီးတကိုယ်ရည် ကျန်းမာသန့်ရှင်းမှုအတွက် လိုးရှင်းတွေ (Lotion)၊ သန့်စင်ရည်တွေဟာ တစ်မျိုးနဲ့ တစ်မျိုး မရိုးရအောင် အပြိုင်အဆိုင် ထွက်ပေါ်လို့ လာနေပါပြီ။ အမျိုးသမီးတွေအတွက် မိန်းမကိုယ် သန့်ရှင်းရေး ဆေးကြောအရည်တွေဟာလည်း စျေးကွက်ထဲမှာ အမျိုးအစားစုံလင်စွာနဲ့ အလွယ်တကူ ဝယ်ယူရရှိနေနိုင်ပါပြီ။

မိန်းကလေးတွေ အများစု ယုံကြည်နေတဲ့အချက်ကတော့ တကိုယ်ရည်သုံး လိုးရှင်း (Lotion) တွေ၊ သန့်စင်ရည်တွေဟာ ကောင်းတဲ့ အလေ့အကျင့်တစ်ခု ဖြစ်တယ်၊ သန့်ရှင်းစင်ကြယ်စေတဲ့ ဖက်ရှင် (Cleaning Fashion) တစ်ခု ဖြစ်တယ်ဆိုတာပါပဲ။ ခန့်မှန်းချက်အရကတော့ United States မှာဆိုရင် အမျိုးသမီး နှစ်ဆယ်မီလီယံလောက်ဟာ Health Care Lotion လို့ခေါ်တဲ့ တကိုယ်ရည်သုံး လိုးရှင်းတွေကို တစ်ခါတစ်ရံ အသုံးပြုကြပြီး အာဖရိကနဲ့ အာရှတွေမှာ ဆိုရင်တော့ အသုံးများပါတယ်။ ဒီလို လိုးရှင်း (Lotion) တွေကို အသုံးပြုကြတာဟာ တကယ်ပဲ အမျိုးသမီး ကျန်းမာရေးကို အထောက်အကူဖြစ်စေသလား ဒါမှမဟုတ် ဆိုးကျိုးတွေကို ဖြစ်စေသလားဆိုတာ ပညာရှင်တွေက ဆေးပညာဆိုင်ရာ လေ့လာစမ်းသပ်မှု Medical Research တွေ ပြုလုပ်နေကြပြီ ဖြစ်ပါတယ်။

သားအိမ်ခေါင်း၊ သားအိမ်အတွင်းပိုင်းနဲ့ Mucosa၊ မိန်းမကိုယ် နံရံတွေမှာရှိတဲ့ Microbes လို့ ခေါ်တဲ့ အဏုကြည့် မှန်ပြောင်းကိရိယာဖြင့်သာ မြင်နိုင်တဲ့ ပိုးမွှားတွေကို Vaginal Flora က ပုံမှန်အတိုင်း သဘာဝအလျောက် သန့်စင် ဆေးကြောပေးပါတယ်။ အမျိုးသမီးတွေရဲ့ သဘာဝ Vaginal Flora မှာ ပြင်ပပိုးမွှားတွေကို ကာကွယ်တိုက်ထုတ်နိုင်တဲ့ လူ့ခန္ဓာကိုယ် အကျိုးပြု ဘက်တီးရီးယား Lactic Acid Bacteria တွေ 80 Million/ml လောက်အထိ ပါဝင်ပါတယ်။ သူ့ရဲ့ အဓိကတာဝန်ကတော့ ပြင်ပကနေ ပိုးမွှားတွေ လွယ်လွယ်ကူကူ ဝင်ရောက်နိုင်ခြင်းကို ကာကွယ်တားဆီးဖို့ဖြစ်ပြီး Lactic Acid Bacteria တွေကို Guardian of Health အဖြစ် တင်စားပြောဆိုကြပါတယ်။ Lactobacillus တွေ များစွာပါဝင်တဲ့ အမျိုးသမီးကိုယ်ထဲက ထွက်တဲ့ အရည်တွေဟာ မိန်းမကိုယ်ကို သဘာဝအလျောက် သန့်ရှင်းစင်ကြယ်စေခြင်း (Self Cleaning Function) ကို လုပ်ဆောင်ပေးပါတယ်။ လေ့လာစမ်းသပ်မှုတစ်ခုရဲ့ အဖြေအရ မျိုးပွားနိုင်စွမ်းရှိတဲ့ အသက် (၄၀) အရွယ် အမျိုးသမီးတွေမှာ Lactobacillus ၉၂.၅ ရာခိုင်နှုန်းပါဝင်ပြီး အသက် (၆၀) အရွယ်များတော့ ၆၀ ရာခိုင်နှုန်းသာ ပါဝင်ပါတော့တယ်။ ဒါကြောင့် မိန်းမကိုယ်မှာ အမျိုးသမီး သန့်စင်ဆေးရည်တွေကို ပုံမှန်အသုံးပြုခြင်းဟာ Lactobacillus ပါဝင်မှုပမာဏကို လျော့နည်းသွားစေနိုင်ပါတယ်။

လေ့လာစမ်းသပ်မှုတစ်ခုရဲ့ အဖြေအရ မျိုးပွားနိုင်စွမ်းရှိတဲ့ အသက် (၄၀) အရွယ် အမျိုးသမီးတွေမှာ Lactobacillus ၉၂.၅ ရာခိုင်နှုန်းပါဝင်ပြီး အသက် (၆၀) အရွယ်များတော့ ၆၀ ရာခိုင်နှုန်းသာ ပါဝင်ပါတော့တယ်။ ဒါကြောင့် မိန်းမကိုယ်မှာ အမျိုးသမီး သန့်စင်ဆေးရည်တွေကို ပုံမှန်အသုံးပြုခြင်းဟာ Lactobacillus ပါဝင်မှုပမာဏကို လျော့နည်းသွားစေနိုင်ပါတယ်။

လွန်ခဲ့သော နှစ်ပေါင်း ၃၀ က ပြုလုပ်ခဲ့ကြတဲ့ အမျိုးသမီး မိန်းမကိုယ် ဆေးကြောရည် စမ်းသပ်မှု (Women’s Vaginal Washing the Report) အရ တစ်ပတ်ကို တစ်ကြိမ်ဆေးကြောခြင်း သို့မဟုတ် ဒီထက်ပိုပြီး အကြိမ်အရေအတွက်များစွာ ဆေးကြောခြင်းဟာ တင်ပဆုံအတွင်းပိုင်း ပိုးမွှားဝင်ရောက်မှု (Pelvic Infection) ကို ပိုများစေခြင်း၊ နေရာလွှဲမှား သန္ဓေသား ပြဿနာ (Ectopic Pregnancy) ကို များပြားစေခြင်း၊ ပိုးမွှားဝင်ရောက်စေမှု များပြားစေခြင်း စသည်တို့ကို တွေ့ရှိခဲ့ရပါတယ်။ American Journal of Public Health မှ Report အရ မိန်းမကိုယ်ထဲမှာ အရည် Vaginal Fluid မရှိတဲ့ အမျိုးသမီးတွေဟာ ပုံမှန်မိန်းမကိုယ်ထဲ အရည်ရှိတဲ့ အမျိုးသမီးတွေထက် Pelvic Infection ဖြစ်ပွားစေတဲ့ နှုန်းကို ၇၃ ရာခိုင်နှုန်းအထိ ပိုများတယ်လို့ သိရပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုရင် အမျိုးသမီး မိန်းမကိုယ်အရည်ရဲ့ မိမိဘာသာ သန့်ရှင်းစင်ကြယ်စေခြင်းဆိုတဲ့ Self Cleaning Function ပျက်စီးသွားပြီး သားအိမ်ခေါင်း၊ သားအိမ်၊ Fallopian Tube (သားအိမ်နှင့် သားဥအိမ် ဆက်သွယ်ထားသော လမ်းကြောင်း) စသည်တို့မှတဆင့် ရောဂါပိုးမွှားတွေကို ဝင်ရောက်စေပြီး Pelvic Infection ကို ဖြစ်ပွားစေပါတယ်။

လူအများစုကတော့ လိင်ဆက်ဆံမှုများတဲ့ အမျိုးသမီးတွေဟာ ကိုယ်ဝန်ကို တားဆီးနိုင်ဖို့ တကိုယ်ရည်သုံး သန့်စင်ဆေးရည်တွေကို သုံးစွဲကြတယ်လို့ မှားယွင်းယုံကြည်နေကြပါတယ်။ နောက်တစ်ခုကတော့ အမျိုးသမီး သန့်စင်ဆေးရည်တွေကို အသုံးပြုတာ ပိုးမွှားဝင်ရောက်တာကို ကာကွယ်နိုင်ဖို့၊ လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများကို ကာကွယ်နိုင်ဖို့ စတဲ့ရည်ရွယ်ချက်များအနေနဲ့ သုံးစွဲကြပါတယ်။ ဒါပေမဲ့ ဆေးပညာ လေ့လာစမ်းသပ်မှု အဖြေအရတော့ အားလုံးဟာ ဆန့်ကျင်ဖက်တွေပါပဲ။ အင်ဒိုနီးရှားမှ ဆရာဝန်တွေဟာ မီးမဖွားခင် ကိုယ်ဝန်ဆောင်သည် ၅၉၉ ယောက်ကို စမ်းသပ်ခဲ့တဲ့အခါမှာတော့ မိန်းမကိုယ် သန့်စင်ဆေးရည်တွေကို လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများကို ကာကွယ်ဖို့အတွက် ရည်ရွယ်ချက်နဲ့ သုံးစွဲခဲ့ပေမယ့် တကယ်တမ်းမှာ ဖြစ်ပွားနိုင်မှု Risk ကို ပိုများစေပါတယ်။ ဒါပေမယ့်လည်း သာမန်မိန်းမကိုယ်ကို ရေနဲ့ ဆေးကြောခြင်းကတော့ အန္တရာယ် မရှိစေပါဘူး။ လေ့လာမှု ဆာဗေးတွေရဲ့ အဖြေအရတော့ မိန်းမကိုယ်ရဲ့ အက်ဆစ်ဓာတ် PH မျှခြေ ပျက်စီးသွားခြင်းဟာ လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများကို ပိုများစေပါတယ်။ ရေကတော့ မိန်းမကိုယ်ရဲ့ အက်ဆစ်မျှခြေကို မပြောင်းလဲစေပါဘူး။ ဒါအပြင် ပုံမှန် Vaginal Flora ကိုလည်း မပျက်စီးစေပါဘူး။

American Scholars တွေဟာ လက်ထပ်ပြီးသားစုံတွဲ ၈၄၈ ယောက်ကို စမ်းသပ်ခဲ့တဲ့အခါ မိန်းမကိုယ် သန့်စင်ဆေးရည်နဲ့ သုံးစွဲခြင်းဟာ တစ်လမှာ ကိုယ်ဝန်ဆောင်မှုကို ၃၀ ရာခိုင်နှုန်းအထိ လျော့နည်းသွားစေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Vaginal Acidity ပြောင်းလဲသွားခြင်း Micro-ecological ပတ်ဝန်းကျင်ပြောင်းလဲသွားခြင်း၊ ရောဂါပိုးမွှားများ ပေါက်ဖွား ကြီးထွားရန် သင့်တော်ခြင်း၊ ဒါ့အပြင် ရောဂါတစ်ခုခု ဖြစ်စေဖို့လည်း ဦးတည်နိုင်ပြီး နောက်ဆုံး Infertility လို့ ခေါ်တဲ့ မျိုးမပွားနိုင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ယေဘုယျကြည့်မယ်ဆိုရင် မိန်းမကိုယ်ဟာ သူ့ဘာသာသူ အလိုအလျောက် သန့်စင်စေခြင်း Self Cleaning Feature ပါရှိတဲ့အတွက် မိန်းမကိုယ် သန့်စင်ဆေးရည်တွေ သုံးစွဲဖို့ မလိုအပ်ပါဘူး။

မိန်းမကိုယ်ထဲမှ ထွက်တဲ့အရည်ဟာ အစိမ်းရောင်ဖက်သမ်းနေပြီး အနံ့ဆိုးတွေလည်း ရှိမယ်၊ ပမာဏကလည်း နည်းလိုက်၊ များလိုက် ဖြစ်မယ်ဆိုရင်တော့ ဒါဟာ Vaginitis လို့ခေါ်တဲ့ မိန်းမကိုယ်ရောင်ရမ်းခြင်း ဖြစ်နိုင်ပါတယ်။

မိန်းမကိုယ် သန့်စင်ဆေးရည်တွေကို ဘယ်အချိန်တွေမှာ သုံးစွဲဖို့ လိုအပ်သလဲ

ရောဂါတစ်ခုခုကို ဆေးကုသဖို့အတွက် ဆရာဝန်နဲ့ ညွှန်ကြားချက်အတိုင်း သန့်စင်ဆေးကြောဆေးရည်ကို လိုအပ်သလို ရွေးချယ် သုံးစွဲနိုင်ပါတယ်။ ရေရှည်တော့ မသင့်တော်ပါဘူး။ မိန်းမကိုယ်ဟာ ပိုးမွှားဝင်ပြီး PH မျှခြေ ပျက်နေမယ်၊ အနံ့တွေ ဘာတွေ ဆိုးရွားစွာ နံနေမယ်ဆိုရင်တော့ PH Level 5 အဆင့်ရှိတဲ့ ပါဝင်တဲ့ မိန်းမကိုယ် သန့်စင်ဆေးကြောရည်တွေကို ရွေးချယ် သုံးစွဲနိုင်ပါတယ်။

ကဲ ဒါဆိုရင် မိန်းမကိုယ်မှ ထွက်တဲ့ အရည် Vaginal Discharge အကြောင်းကို အနည်းငယ် လေ့လာကြည့်ရအောင်။ မျိုးပွားနိုင်တဲ့ အရွယ်တွေဖြစ်တဲ့ အသက် (၁၆) နှစ်မှ (၄၅) နှစ်အတွင်းမှာ ပုံမှန်မိန်းမကိုယ်ထဲက Vaginal Discharge တွေ ဆင်းလေ့ရှိပါတယ်။ ပမာဏ၊ အရောင်ပါဝင်မှုနဲ့ အနံ့တွေ ပြောင်းလဲသွားတဲ့အခါမှာတော့ ဒါဟာ ရောဂါတစ်ခု ဖြစ်နိုင်ပါပြီ။ ဒီလို ပြောင်းလဲခြင်းဟာ Internal Factors တွေဖြစ်တဲ့ ဟော်မုန်းပြောင်းလဲခြင်း၊ စိတ်ဖိစီးမှုများခြင်း စတာတွေကြောင့် ဖြစ်နိုင်သလို External Factors တွေဖြစ်တဲ့ ပိုးဝင်ခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းခြင်း စတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

မိန်းမကိုယ်ထဲမှ ထွက်တဲ့အရည်ဟာ အစိမ်းရောင်ဖက်သမ်းနေပြီး အနံ့ဆိုးတွေလည်း ရှိမယ်၊ ပမာဏကလည်း နည်းလိုက်၊ များလိုက် ဖြစ်မယ်ဆိုရင်တော့ ဒါဟာ Vaginitis လို့ခေါ်တဲ့ မိန်းမကိုယ်ရောင်ရမ်းခြင်း ဖြစ်နိုင်ပါတယ်။ Vaginal Discharge ရဲ့ လက္ခဏာတွေကတော့-

– ယားယံခြင်း၊
– အနီကွက်များ ထွက်ခြင်း၊
– တင်ပဆုံရိုးအတွင်းပိုင်း နာခြင်း၊
– အနံ့ ဆိုးရွားခြင်း၊
– ဆီးသွားစဉ် နာကျင်ခြင်း၊ ပူခြင်း၊
– အဖျားတက်ခြင်း၊
– ကြွက်နို့ကဲ့သို့ အဖုလေးများ ပေါက်ခြင်း၊
– ရာသီမဟုတ်သော မူမှန် သွေးဆင်းခြင်း စသည်တို့ ဖြစ်ပါတယ်။

အိမ်သာတက်ပြီးတဲ့အခါတိုင်း ဆေးကြောတဲ့အခါ အရှေ့မှ အနောက်သို့သာ ဆေးကြောပါ။ သို့မှသာ စအိုအတွင်းမှ ပိုးမွှားများ မိန်းမကိုယ်အတွင်းသို့ ဝင်ရောက်ခြင်းကို တားဆီးပေးနိုင်မှာပါ။

မိန်းမကိုယ်ထဲ ပိုးမဝင်အောင် အောက်ပါအချက်များကို လိုက်နာခြင်းအားဖြင့် ကာကွယ်နိုင်ပါတယ်။

၁။ သင်ဟာ Diaphragm လို့ခေါ်တဲ့ အမျိုးသမီးသုံး ကွန်ဒုံး၊ သုတ်ပိုးသတ်သော ဆပ်ပြာ သို့မဟုတ် ဂျယ်လီ ဒါမှမဟုတ် ကွန်ဒုံးတစ်ခုခု သုံးစွဲတဲ့အတွက် မိန်းမကိုယ်ထဲ ခဏခဏ ပိုးဝင်နေပြီဆိုရင်တော့ သင့်ဆရာဝန်နဲ့ တိုင်ပင်ပြီး သားဆက်ခြား နည်းလမ်း Birth Control Options တွေကို ပြန်လည်ဆွေးနွေးဖို့ လိုနေပါပြီ။

၂။ အိမ်သာတက်ပြီးတဲ့အခါတိုင်း ဆေးကြောတဲ့အခါ အရှေ့မှ အနောက်သို့သာ ဆေးကြောပါ။ သို့မှသာ စအိုအတွင်းမှ ပိုးမွှားများ မိန်းမကိုယ်အတွင်းသို့ ဝင်ရောက်ခြင်းကို တားဆီးပေးနိုင်မှာပါ။

၃။ မိန်းမကိုယ်တဝိုက်ကို ရေသန့် သို့မဟုတ် အနံ့မပါတဲ့ ဆပ်ပြာပျော့ပျော့နဲ့ တစ်နေ့တစ်ကြိမ်လောက် ဆေးကြောပေးဖို့ လိုပါတယ်။ ရေချိုးခန်းသုံး ဆပ်ပြာ မသုံးပါနဲ့။ သေချာဆေးကြောပြီး ခြောက်သွေ့အောင် သုတ်ပါ။

၄။ သွေးဆင်းချိန် ကာလအတွင်းမှာ Tampons ကို တစ်နေ့ သုံးကြိမ် အနည်းဆုံး လဲပါ။ သင့်ရဲ့ ကာလပြီးဆုံးသွားရင် နောက်ဆုံးအသုံးပြုတဲ့ Tampons ကို စွန့်ပစ်ဖို့ မမေ့ပါနဲ့။

၅။ တင်းကျပ်တဲ့ အဝတ်အစားတွေကို ဝတ်ခြင်းကို တတ်နိုင်သမျှ ရှောင်ပါ။ Cotton Underwear ကိုသာ ဝတ်ဆင်ပါ။ Cotton Underwear နဲ့ ချောင်ချိတဲ့ အဝတ်အစားတွေဟာ သင့်ရဲ့ မိန်းမကိုယ်နေရာကို Yeast Cell တွေ ကြီးထွားခိုးအောင်းစေတဲ့ ပူနွေးစွတ်စိုခြင်းမှ ကာကွယ် တားဆီးပေးပါတယ်။ အကျပ်တွေ ဝတ်ဆင်ခြင်းဟာလည်း အရေပြားကို မသက်မသာဖြစ်စေပြီး Rash တွေ ထွက်ပေါ်စေပါတယ်။

၆။ စပရေးတွေနဲ့ တခြား အမွှေးနံ့တွေပါတဲ့ အရာတွေကို သုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။ ဒါတွေဟာ အရေပြားမှာ Irritation ဖြစ်ပေါ်စေပြီး ဓာတ်မတည့်ခြင်းတွေ ဖြစ်စေပါတယ်။

၇။ သင်ဟာ လိင်ဆက်ဆံမှုများတဲ့ Multiple Sex Partners ရှိတယ်ဆိုရင်တော့ ကွန်ဒုံးလည်း မသုံးဘူးဆိုရင် STD လို့ခေါ်တဲ့ လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများ ဖြစ်စေနိုင်ပါတယ်။ မိန်းမကိုယ်ထဲ ပိုးဝင်ဖို့လည်း လွယ်ကူပါတယ်။

၈။ အမျိုးသားနဲ့ အတူနေပြီးတဲ့အခါမှာလည်း ဆီးသွားပါ။ ပြီးတဲ့အခါ မိန်းမကိုယ်နေရာကို ရေအေးအေးနဲ့ ဆေးကြောပေးဖို့ လိုပါတယ်။

၉။ စက်ဘီးစီးခြင်း၊ မြင်းစီးခြင်း စတာတွေဟာ မိန်းမကိုယ်ကို ထိခိုက်စေနိုင်တဲ့အတွက် အကန့်အသတ်ဖြင့်သာ ပြုလုပ်သင့်ပါတယ်။

၁၀။ သင့်မှာ ဆီးချို၊ သွေးချိုရောဂါ ရှိတယ်ဆိုရင်လည်း သွေးတွင်းသကြားဓာတ်ကို ကောင်းစွာ ထိန်းထားဖို့ လိုပါတယ်။ လိုအပ်မယ်ဆိုရင်တော့ ပိုးသတ်ဆေးသောက်သင့်ပြီး မလိုအပ်ပဲ ပိုးသတ်ဆေးသောက်ခြင်းကို ရှောင်ရှားရပါမယ်။ ဆရာဝန်နဲ့ သေချာပြသပြီး သင့်ရဲ့ ရောဂါရာဇဝင်ကအစ သေချာစမ်းသပ် စစ်ဆေးကာ ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။

 

Ref : http://vaginal-health.50webs.com/
wikipedia
Vaginal cleaning Fluid in Internet

သက်တန့်ချို
7 July 2010

မှတ်ချက်။             ။ http://publichealthinmyanmar.blogspot.com/ မှ ကူးယူဖော်ခြင်း ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.