ဘင်္ဂလားဒေ့ရှ်က လိင်တူချစ်သူ အခွင့်အရေး လှုပ်ရှားသူ အသတ်ခံရ

ဘင်္ဂလားဒေ့ရှ် နိုင်ငံ မှာ လိင်တူ ချစ်သူတွေ ရဲ့ အခွင့်အရေးကို ကာကွယ် မြှင့်တင် ရေးသားတဲ့ တစ်ခုတည်းသော မဂ္ဂဇင်း ရဲ့ အယ်ဒီတာ ဇူလ်ဟတ်ဇ် မဲန်နန် တစ်ယောက် ဓားနဲ့ မသေမချင်း ထိုးသတ် ခံလိုက်ရပါတယ်။

မြို့တော် ဒက္ကာ မှာ ရှိတဲ့ နေအိမ် တိုက်ခန်းကို စာထုပ် ပစ္စည်း သယ်ယူပို့ဆောင် သူတွေ အဖြစ် ဟန်ဆောင် ထားတဲ့ လူတစ်စု ဝင်ရောက် တိုက်ခိုက် ခဲ့တာ ဖြစ်ပြီး ဇူလ်ဟတ်ဇ် မဲန်နန် နဲ့အတူ မိတ်ဆွေ တစ်ဦးပါ အသတ်ဖြတ် ခံခဲ့ရတာ ဖြစ်ပါတယ်။

အမေရိကန် အစိုးရကလည်း ဇူလ်ဟတ်ဇ် မဲန်နန် နဲ့ မိတ်ဆွေတစ်ဦး ကို သတ်ဖြတ် ခဲ့တဲ့ လုပ်ရပ်ဟာ အရိုင်းအစိုင်း တွေရဲ့ လုပ်ရပ် ဖြစ်ပြီး ဘယ်လို ဆင်ခြေမျိုးမှ ပေးလို့ မရနိုင်တဲ့ အပြုအမူ ဖြစ်တယ် ဆိုပြီး အပြင်းအထန် ရှုတ်ချ ပြောဆို ခဲ့ပါတယ်

ဘင်္ဂလားဒေ့ရှ် နိုင်ငံ မှာ ပြီးခဲ့တဲ့ စနေတုန်းကလည်း တက္ကသိုလ် ပါမောက္ခ တစ်ဦး အလားတူ ဓားနဲ့ တိုက်ခိုက် သတ်ဖြတ်တာ ခံခဲ့ရသလို၊ ဘာသာရေးနဲ့ နိုင်ငံရေး ခွဲခြားမှုကို လိုလားတဲ့ စာရေးဆရာ တွေ နဲ့ လှုပ်ရှားသူတွေ ဆက်တိုက် ဆိုသလို တိုက်ခိုက် သတ်ဖြတ်တာ ခံနေကြရပါတယ်။

ကျူးလွန်သူတွေဟာ အစ္စလာမ် ဘာသာရေး အစွန်းရောက် တွေ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် ရဲတွေ က ပြောထား ပါတယ်။

ဇူလ်ဟတ်ဇ် မဲန်နန် ဟာ အမေရိကန် သံရုံးက ဝန်ထမ်း ဖြစ်ပြီး သူ့ကို သတ်ဖြတ် ခဲ့သူတွေ ကို ဥပဒေကြောင်း အရ အမြန်ဆုံး အရေးယူ ဖမ်းဆီးပေးဖို့ ဘင်္ဂလားဒေ့ရှ် ဆိုင်ရာ အမေရိကန် သံအမတ် က ဘင်္ဂလားဒေ့ရှ် အစိုးရကို တောင်းဆို ခဲ့ပါတယ်။

အမေရိကန် အစိုးရကလည်း ဇူလ်ဟတ်ဇ် မဲန်နန် နဲ့ မိတ်ဆွေတစ်ဦး ကို သတ်ဖြတ် ခဲ့တဲ့ လုပ်ရပ်ဟာ အရိုင်းအစိုင်း တွေရဲ့ လုပ်ရပ် ဖြစ်ပြီး ဘယ်လို ဆင်ခြေမျိုးမှ ပေးလို့ မရနိုင်တဲ့ အပြုအမူ ဖြစ်တယ် ဆိုပြီး အပြင်းအထန် ရှုတ်ချ ပြောဆို ခဲ့ပါတယ်။

BBC

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.