ပြောမထွက်ခဲ့သူ

ပြောမထွက်ခဲ့သူ

အဖြူအစိမ်းတွေကို စတေး
ခေါင်းလောင်းသံကို ကျောခိုင်း
ဆရာများရဲ့ စေတနာလောင်းရိပ်ကို
စွန့်ခွာနေရစ်လေအုံး စာဥ၊ ခွေးပု၊ ငညို…..

မငိုပါနဲ့တော့ ကျောင်းအိုရယ်
ဖြစ်တည်မှုတစ်ခု ရင်မှာပိုက်
စိန်ပန်းတွေနဲ့ ဝေးရာအရပ်
ပြေးထွက်ပါရစေအုံး…..

မလိုက်ခဲ့ပါနဲ့ ပုခုံးထက်က လွယ်အိတ်ငယ်
သွားခွင့်ပြုပါ ကတ္တီပါဖိနပ်ညို
သူတို့ နားမလည်ပေးနိုင်တဲ့ ဖြစ်တည်မှုတစ်ခု
စုတ်ပြတ်ခဲ့ရတဲ့ ငါ့ရင်ထဲ
ခွဲခြားခံ ဒဏ်ရာဗရပွ
မခံစားနိုင်တော့တဲ့ အခေါ်အဝေါ်နာမ်စား….

သြော်… ဒါတွေကြောင့်
မဟူရာလမ်းမမှာ နတ်ကတော်ဖြစ်လေမလား
မိတ်ကပ်မာမီ လုပ်ရမလား
ဒီအတွေးလေးနဲ့
ဝေဝေဝါးဝါး ပြုံးရယ်မပျက်
ရင်မှာငိုကြွေး ဘယ်သူ့ကိုမှ အန်မတုဝံ့
ပြောမထွက်နိုင်ခဲ့ နှုတ်ဆက်စကား

Thurean (Lashio)

One thought on “ပြောမထွက်ခဲ့သူ

  • May 9, 2016 at 7:20 am
    Permalink

    အရမ်းဖက်လို့ကောင်းတာပဲ …… ငယ်ဘဝလေးကိုသတိရမိတယ်

    Reply

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.