LGBT တွေကို နှိပ်ကွပ်တဲ့နေရာမှာ နာမည်ကြီးတဲ့ ကင်နွန်အရာရှိကို အမေရိကန်က ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေး

ကင်ညာနိုင်ငံက LGBT တွေအပေါ် ဖိနှိပ်မှုတဲ့အတွက် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကိုယ်ကျင့်တရား ထိန်းသိမ်းမှု ကြီးကြပ်ရေး အရာရှိတစ်ယောက်ကို အမေရိကန်နိုင်ငံက ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးလိုက်ပါတယ်။

Ezekiel Mutua လို့ အမည်ရတဲ့ ကင်ညာနိုင်ငံသား အရာရှိဟာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားမှာ ဂူးဂဲလ် (Google) ကနေ ကမကထပြုပြီး ကျင်းပပြုလုပ်မယ့် Web Rangers Summit လို့ အမည်ပေးထားတဲ့ အွန်လိုင်း လုံခြုံမှုဆိုင်ရာ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ဖို့ ဗီဇာလျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

Ezekiel Mutua ရဲ့ ဗီဇာလျှောက်ထားမှုကို အမေရိကန်သံရုံးက ပယ်ချလိမ့်မယ်လို့ လူတော်တော်များများက ခန့့်မှန်းခဲ့ကြပါတယ်။ ဒါပေမဲ့လည်း အားလုံးရဲ့ အထင်နဲ့အမြင်တွေ လွဲသွားအောင် အမေရိကန်သံရုံးက သူ့ကို သံတမန်ဗီဇာအဖြစ် ထုတ်ပေးခဲ့ပါတယ်။

လူအများ မထင်တဲ့ကြားက အမေရိကန်ပြည်ဝင်ခွင့် ဗီဇာရခဲ့တဲ့အတွက်လည်း Ezekiel Mutua က လူမှုကွန်ယက် စာမျက်နှာပေါ်ကနေ အောက်ပါအတိုင်း ချေပရေးသားခဲ့ပါတယ်။

“လူတွေက ကျွန်တော်ရဲ့ အလုပ်ကြောင့်ကော၊ နောက်ပြီး ကင်ညာယဉ်ကျေးမှုနဲ့ မကိုက်ညီတဲ့ LGBT အကြောင်း ရေးသားဖော်ပြမှုတွေကို တားမြစ်မှုတွေ လုပ်ခဲ့တာတွေကြောင့် ကျွန်တော့်ကို အမေရိကန်သံရုံးက ဗီဇာထုတ်ပေးမှာ မဟုတ်ဘူးလို့ ရေးနေကျ၊ ပြောနေကြတယ်။ အခုတော့ အားလုံးရဲ့ အထင်နဲ့အမြင်တွေ တက်တက်စင်အောင် လွဲသွားပြီ။ ကျွန်တော်က ရခဲ့တာက ရိုးရိုးဗီဇာ မဟုတ်ဘူး၊ သံတမန်ဗီဇာတောင် ရခဲ့တာ။ နောက်ပြီး သံရုံးကို သွားစရာတောင် မလိုခဲ့ဘူး၊ ဗီဇာကြေးလည်း ပေးစရာတောင် မလိုခဲ့ဘူး” လို့ Ezekiel Mutua က သူ့ရဲ့ Facebook စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။

ceo-kenya-film

Ezekiel Mutua နဲ့ ဆက်ဆံမှုတွေ ပြုလုပ်နေတဲ့အတွက် ဂူးဂဲလ် (Google) ကော်ပရေးရှင်းဟာလည်း လူအများရဲ့ ပြစ်တင်ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ကင်ညာနိုင်ငံမှာ ယဉ်ကျေးမှု၊ ဘာသာရေးနဲ့ မကိုက်ညီတဲ့ အချက်အလက်တွေကို ရှာဖွေလို့ မရနိုင်အောင် လုပ်ဆောင်ဖို့ကိုလည်း ဂူးလဲ (Google) ကုမ္ပဏီနဲ့ သဘောတူညီမှု ရခဲ့ကြောင်း Ezekiel Mutua က ထုတ်ပြန်ခဲ့ပါတယ်။

LGBT အခွင့်အရေးကို ကင်ညာနိုင်ငံမှာ ယဉ်ကျေးမှု၊ ဘာသာရေး၊ ကိုယ်ကျင့်တရားစံတွေနဲ့ လွဲချော်နေတဲ့ ကိစ္စကြီးတစ်ရပ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ထားပြီး လိင်တူချင်း ဆက်ဆံပေါင်းသင်းမှုကိုလည်း ရာဇဝတ်မှုအဖြစ် သတ်မှတ်ပြီး အရေးယူမှုတွေ ပြုလုပ်လျက်ရှိတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။
ရုပ်သံသတင်းဌာန၊ ဆိုရှယ်မီဒီယာတွေကနေတဆင့် LGBT အခွင့်အရေး လှုပ်ရှားမှုတွေ၊ ရိုက်ကူးတင်ပြမှုတွေ ကိုလည်း တားမြစ်ပိတ်ပင်မှုတွေ ပိုမိုလုပ်ဆောင်နေပါတယ်။

ဂူဂဲလ် (Google) ဟာ မကြာသေးခင်ကပဲ LGBT အခွင့်အရေးကြောင်း လှုပ်ရှားတောင်းဆိုထားတဲ့ ရုပ်သံသီချင်း တစ်ပုဒ်ကိုလည်း ကင်ညာနိုင်ငံ ရုပ်သံဘုတ်အဖွဲ့ရဲ့ ကန့်ကွက်မှုကြောင့် ကင်ညာနိုင်ငံမှာ ကြည့်ရှုခွင့်မရအောင် ပိတ်ပစ်ခဲ့ပါတယ်။ သို့သော်လည်း နောက်ပိုင်းမှာ ဂူဂဲလ် (Google) အနေနဲ့ အဆိုပါ ရုပ်သံသီချင်းဟာ ကြည့်ရှုရန် မသင့်လျော်တဲ့ သီချင်းဖြစ်တယ်ဆိုတဲ့ သတိပေး စာတမ်းကို ထည့်သွင်းပြီး အကန့်အသတ်နဲ့ ပြန်လည် ခွင့်ပြုခဲ့ပါတယ်။
Ezekiel Mutua ကတော့ ကင်ညာနိုင်ငံအနေနဲ့ သူ့ပြည်သူတွေကို ခေတ်သစ် ဆိုဒွမ်နဲ့ ဂိုမာရ်အဖြစ် ရောက်ရှိ မခံနိုင်ဘူးလို့ ပြောဆိုထားပါတယ်။

မှတ်ချက်။ ။ ဆိုဒွမ်နဲ့ ဂိုမာရ်ဟူသည် လိင်မှုကိစ္စ အလွန်အကျူး ကျူးလွန်ဖောက်ပြန်ကြသောကြောင့် ဘုရားသခင် အပြစ်ပေးခံခဲ့ရ၍ လောင်မီးမိုးကြိုးတို့ဖြင့် ပျက်စီးခဲ့ရသော သမ္မာကျမ်းစာဟောင်းလာ မြို့အမည်များ ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.