တစ်နေ့ နှစ်ခွက်သောက် ဗိုက်ကအဆီတွေပျောက်

ကျနော်ပြောပြမယ့် ဆေးဖော်စပ်နည်းလေးက ဖော်စပ်ဖို့ အလွန်လွယ်ကူသလို ခန္ဓာကိုယ်အလေးချိန် လျော့ချရာမှာလည်း အလွန်ထိ ရောက် အဆင်ပြေတဲ့ နည်းလမ်းလေးတစ်ခု ဖြစ်ပါတယ်။ ပါ၀င်ပစ္စည်းလေးတွေကို မိနစ်ပိုင်းအတွင်း ရောစပ်အသုံးပြုနိုင်ပြီး ရေခဲသေတ္တာထဲမှာလည်း တစ်နေ့စာအတွက် သိုလှောင်သိမ်းဆည်းနိုင်ပါတယ်။ မနက်စာ မစားခင်လေး ဖော်စပ်လိုက်ပြီး မနက်အတွက် တစ်ခွက်ထား ညနေအတွက် တစ်ခွက်ကို ရေခဲသေတ္တာထဲ ထည့်သိမ်းလို့ ပြောချင်တာပါ။

အရသာအတွက် အခက်တွေ့မလားတွေးမိတဲ့ မိတ်ဆွေတွေအတွက် ပြောပြချင်တာကတော့ ဘယ်လိုအရသာမျိုးရှိတဲ့ ပျားရည်ဖြစ်ပါစေ၊ ဘယ်လိုအမျိုးအစား အစုံရှိနေတဲ့ သစ်ကြံပိုးမှုန့်ဖြစ်နေပါစေ အသုံးပြုနိုင်ပေမယ့် စိတ်ထဲရှိတဲ့ အရသာအတွက် မှန်းဆသလို ရလာဒ် အတွက်လည်း ထည့်တွက်စေချင်ပါတယ်။

ဒါပေမဲ့ အိမ်လုပ်ဖျော်ရည်လေးက ကိုယ်အလေးချိန် လျော့ချရာမှာနဲ့ ဗိုက်ကအဆီတွေ ကျေပျက်ဖို့ လျင်မြန်စေတဲ့ အာနိသင်ရှိနေတာ သေချာပါတယ်။

လိုအပ်တဲ့ပါ၀င်ပစ္စည်းများ

ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း (1 teaspoon = 5ml) ၊ သဘာဝ သစ်ကြံပိုးခေါက်မှုန့် (ground cinnamon) စားပွဲတင်ဇွန်း နှစ်ဇွန်း (1 tablespoon = 15 ml) ၊ ရေ တစ်လီတာ။

ပြင်ဆင်ပြုလုပ်ပုံ

(၁) သစ်ကြံပိုးမှုန့် စားပွဲတင်ဇွန်း နှစ်ဇွန်းနဲ့ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းတို့ကို ပေါင်းစပ်ကာ ရေတစ်လီတာနဲ့ သမလိုက်ပါ။ ပြီးလျှင် အိုးငယ်တစ်ခုထဲ ထည့်လိုက်ကာ မီးဖိုပေါ်သို့ တင်ပါ။

(၂) ခပ်သွက်သွက် ဆူပွက်သည်အထိ တည်ပေးထားရမှာ ဖြစ်ပါတယ်။

(၃) လီတာဝက်ခန့် ဆန့်တဲ့ ခွက်နှစ်ခုထဲ ရေစစ်တစ်ခုကိုသုံးကာ ဆေးရည်ကို အညီအမျှ ခွဲထည့်ပေးလိုက်ပါ။

သောက်သုံးပုံ

ပထမတစ်ခွက်ကို မနက်စာမစားသုံးခင် တစ်နာရီအလိုမှာ သောက်သုံးရမှာဖြစ်ပြီး ဒုတိယတစ်ခွက်ကိုတော့ ညအိပ်ရာဝင်ဖို့ တစ်နာရီအလိုမှာ သောက်သုံးရမှာ ဖြစ်ပါတယ်။

တကယ်လို့ ကိုယ်က ညမအိပ်ခင်မှာ ပထမတစ်ခွက်ကို သောက်ဖြစ်တယ်ဆိုရင် ကျန်နောက်တစ်ခွက်ကို မနက်ခင်းနိုးထချိန်မှာ သောက်ဖို့ သေချာဖုံးအုပ်ကာ သို့မဟုတ် ရေခဲသေတ္တာထဲမှာ ထည့်သိုသိမ်းဆည်းလိုက်ပါ။

ဒီသောက်စရာကို သောက်သုံးရာမှာ လိုအပ်တာကတော့ အစာအိမ်ထဲမှာ အစာမရှိချိန် သောက်သုံးဖို့ပါပဲ။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ မလိုအပ်တဲ့ အရာတွေကို ဖယ်ရှားပေးနိုင်သည်သာမက Diet လုပ်နေတဲ့အတောအတွင်း တစ်ခုခု အပြောင်းအလဲမဖြစ်စေဘဲ ကိုယ်အလေးချိန် လျော့ချရာမှာ အကူအညီရနိုင်တယ် ဆိုတာပါပဲ။

ထပ်မံပြောကြားလိုသည်များ

အချို့သောသူများရဲ့ အကြံပြု ထောက်ခံချက်အချို့ကတော့ မီးဖိုပေါ်မှာ ရေတွေ ဆူပွက်နေချိန်မှာ သဘာဝ အော်ဂဲနစ်ပျားရည်ကို ထပ်ထည့်လိုက်မယ်ဆိုရင် ပထမလုပ်ထားတဲ့ ပါ၀င်ပစ္စည်းတွေထဲက အာဟာရကို ပိုထိန်းပေးရာရောက်သလို ပျားရည်ထဲမှာပါတဲ့ အကျိုးကျေးဇူး များကိုလည်း ထိရောက်စေပါသတဲ့။

သုံးစွဲဖူးသူအချို့ရဲ့ပြောစကားအရ သူ သို့မဟုတ် သူမတို့အနေနဲ့ ကိုယ်ကာယလေ့ကျင့်ခန်း အထူးအထွေ ပြောင်းလဲလုပ်ဆောင်တာမျိုး diet plan ပြောင်းလဲတာမရှိဘဲ ရက်သတ္တပါတ် တပတ်အကြာ ၃-၅ပေါင်အထိ လွယ်လွယ်ကူကူ လျော့ကျသွားပါတယ်တဲ့။ အသုံးပြုမိတဲ့ သစ်ကြံပိုးအပေါ်မူတည်ပြီး ရလာဒ်အခြေအနေက ကွာခြားနိုင်တယ်လို့ ပြောပါတယ်။ သစ်ကြံပိုးကလည်း ပြောရမယ်ဆိုရင် သုံးမျိုးလောက် ရှိနေတတ်တာကိုး။ အဲဒီ့သုံးမျိုးကတော့ Indonesian Cinnamon, Ceylon Cinnamon and Cassia Cinnamon တို့ ဖြစ်ပါတယ်။

ပြောခဲ့တဲ့ သုံးမျိုးထဲမှာ Cassia အမျိုးအစားကို စျေးကွက်ထဲမှာ ဟင်းခတ်အမွှေးအကြိုင်တစ်ခုအဖြစ် ရောင်းချတတ်ကြသော်လည်း အခြား ဟင်းခတ်အမွှေးအကြိုင် သစ်ကြံပိုးတွေကို အသုံးပြုတဲ့ရလာဒ်နဲ့တော့ အတော်ကွာခြားပါတယ်။ Cassia အမျိုးအစားကို သုံးစွဲမည်ဆိုလျှင်တော့ ကာလကြာရှည် သုံးစွဲသောက်သုံးဖို့ မသင့်သလို လိုအပ်တဲ့ အတိုင်းအတာလောက်သာ သုံးစွဲသောက်သုံးသင့်တာကိုတော့ သတိပြုရပါမယ်။

ကိုယ်ခန္ဓာအတွင်း ဘယ်လို အကျိုးသက်ရောက်သလဲ

အချို့သော လေ့လာမှုစစ်တမ်းများ၊ ဆောင်းပါးများအရ သစ်ကြံပိုးမှုန့်နဲ့ ပျားရည်အရောကို diet လုပ်ရာမှာသုံးဖို့ အကြံပြု ညွှန်းဆိုတတ် ကြပြီး ကိုယ်တွင်းအဆီများ ပိုမိုတိုးပွားမှုကို ရပ်တန့်စေတဲ့ အာနိသင်ရှိကြကြောင်း ဆိုပါတယ်။

အခြားရှင်းပြချက်ကတော့ ပျားရည်ဆိုတာ antioxidant တစ်မျိုးဖြစ်ပြီး ကိုယ်ခန္ဓာအတွက် ကောင်းကျိုးများစွာ ဖြစ်စေပါတယ်လို့ ပြောပါ တယ်။ သစ်ကြံပိုးကတော့ သွေးတွင်းသကြားဓာတ်ကို မျှတစေပြီး ကိုယ်တွင်းရှိ အဆီဓာတ်တွေကို ခြေဖျက်ဖို့ အခွင့်အလမ်းပိုများစေတဲ့ သဘောရှိပါတယ်။

သောက်သုံးသူအချို့ကလည်း ပြောပါတယ်။ သစ်ကြံပိုးရဲ့ အာနိသင်အရ သူတို့ဗိုက်အဆီတွေကြောင့် အသက်ရှူမဝတဲ့သဘော ဖြစ်နေတာတွေကို သက်သာစေသလို ကိုယ်အလေးချိန် လျော့ချတဲ့အစီအစဉ် လုပ်ဆောင်နေတာတွေကိုလည်း အဆင်ပြေစေတာ လက်တွေ့ပါဆိုပဲ။

Alex Aung

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.