တာဝန်ယူမှုတွေကိုပါ သင်ကြားပေးဖို့ LGBT အဖွဲ့တွေကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

မတ်လ(၇)ရက်နေ့မှာ ကျင်းပခဲ့တဲ့ တရားဥပဒေစိုးမိုးရေးအတွက် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညိုနှိုင်းရေးညီလာခံ (Conference On Justice Sector Coordination For Rule Of Law ) မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ “အခွင့်အရေးတွေချည်းပဲ သင်ပေးနေတာမဟုတ်ဘဲ တာဝန်ယူမှုတွေကိုပါ သင်ကြားပေးဖို့ ” တိုက်တွန်းသွားတယ်လို့ ဆိုပါတယ်။

အဆိုပါ ညီလာခံမှာ Kings N Queens အဖွဲ့ကလည်း ပါဝင်တက်ရောက်ခဲ့ပြီး လူငယ်နှင့် ထိခိုက်ရှလွယ်သော အုပ်စုဝင်များအကြောင်းကို အဓိကထား ဆွေးနွေးခဲ့ပါတယ်။ ညီလာခံမှာ My Justiceနဲ့ လက်တွဲအလုပ်လုပ်နေတဲ့ Kings N Queens အဖွဲ့အပါအဝင် မိတ်ဖက်အဖွဲ့အစည်းတွေ၊ အခြားတိုင်းနှင့် ပြည်နယ်အသီးသီးက အဖွဲ့အစည်းတွေကလည်း သက်ဆိုင်ရာကဏ္ဍအလိုက် အဖွဲ့များခွဲပြီး ဆွေးနွေခဲ့ကြပါတယ်။

“ကျွန်တော်တို့ အဓိကဆွေနွေးတာက ကိုယ်နဲ့သက်ဆိုင်တဲ့ ‘လူငယ်နဲ့ ထိခိုက်ရှလွယ်သော အုပ်စုဝင်များ’ ဆိုတဲ့ကဏ္ဍကနေ ဝင်ဆွေးနွေးခဲ့တယ်။ တရားဥပဒေစိုးမိုးရေး ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့မှာ ရှိထားပြီးသား လုပ်ငန်းစဉ်တွေထဲမှာ ပြန်ပြီးနည်းလမ်းတကျဖြစ်အောင် ဘယ်လိုမျိုး ပေါင်းစပ်ညှိနှိုင်းပြီး လုပ်ကြမလဲဆိုတဲ့ ပုံစံမျိုးပေါ့”ဟု Kings N Queens အဖွဲ့မှ ကိုတင်ကိုကိုက ပြောသည်။

အဖွဲ့များရဲ့ သက်ဆိုင်ရာကဏ္ဍအလိုက် အနှစ်ချုပ်ဆွေးနွေးချက်အရ ဦးစားပေးလုပ်ဆောင်သင့်တဲ့ အကြောင်းအရာတွေကို ခွဲခြားစီစစ် သုံးသပ်ပြီးမှသာ လုပ်ဆောင်သွားမယ်လို့ တရားသူကြီးချူပ်က ပြောကြားလိုက်တယ်လို့ ဆိုထားပါတယ်။

“အဆင့်ဆင့် လုပ်သွားမယ်လို့ပါပေမယ့် ကျွန်တော်တို့က စောင့်တော့ကြည့်ရမှာပေါ့။ အခွင့်လမ်းနည်းပါးသော ကလေးသူငယ်နှင့် ထိခိုက်ရှလွယ်သောအုပ်စုလို့ ပြောတာကိုး။ အဲဒီမှာ ဘယ်လိုအုပ်စုမျိုးကို ပြောတာလဲ။ အဓိပ္ပါယ်ပြန်ဖွင့်ခိုင်းရတဲ့ သဘောမှာရှိတယ်။ ကျွန်တော်တို့ကတော့ ကိုယ့် LGBT ပါဖို့၊ ကလေးတွေ ပါဖို့၊ ရွှေ့ပြောင်းလုပ်သားကလေးတွေ ပါဖို့၊ နောက်ပြီးHIV ပိုးနဲ့ အသက်ရှင်နေထိုင်နေတဲ့ မိဘတွေရဲ့ ကလေးတွေပါဖို့၊ သက်ကြီးရွယ်အိုတွေပါဖို့ ထောက်ပြခဲ့တယ်။ နောက်ပိုင်း အလုပ်လုပ်တဲ့အချိန် ပါမလားဆိုတာ စောင့်ကြည့်ရမဲ့ သဘောပါ”ဟု ကိုတင်ကိုကိုက ဆိုပါတယ်။

မြန်မာတစ်နိုင်လုံးရှိ တိုင်းနယ်ပြည်နယ်အသီးသီးရှိ ကိုယ်စားလှယ်(၄၅၀)ခန့် တက်ရောက်ခဲ့ပြီး ယခုနှစ်မှ စတင်ကျင်းပခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.