ရမ္မက်ခြွေပန်း

အရိုင်းပန်းလေးတွေရနံ့ ကြိုင်သင်းလို့ လောကဥယျာဉ်ကြီးထဲ ပျော်မြူးခဲ့ကြတယ် ရောင်စုံလိပ်ပြာတွေအားခဲလို့ မြူဆွယ်နေလေရဲ့ အမြင်မတူသူတွေကြား မနက်ဖန်များစွာအတွက် ခက်ခဲမှုတွေ များတယ် အလှမက်ပန်းဖူးတို့စေရာမှာ အသပြာတစ်ထပ်က လက်ယပ်ခေါ်နေတယ် အိတ်ကပ်မှာလက်နှိုက်လို့ ရှေ့ဆက်ရက်တွေအတွက် အိပ်မက်တွေ မက်ခဲ့တယ် အနှိုင်းမဲ့ပန်းချီကားတစ်ချပ် ငွေတစ်ထပ်ကြောင့် သက်ဝင်လှပခဲ့ဖူးတယ်

Read more