Gluten Free diet အကြောင်း

(ဒီအကြောင်းလေးကို မေးထားတဲ့သူကလည်း အစ်မကြီး အဖြူရောင်နတ်သမီး ဖြစ်ပါတယ် ။ Facebook မှာမေးထားခြင်းပဲ ဖြစ်ပါတယ်။ လက်လှမ်းမီသလောက် စုစည်းရှာဖွေ တင်ဆက်ပေးလိုက်ပါတယ်။)

Gluten free diet ဆိုတာကတော့ gluten မပါတဲ့ အစားအသောက်တွေကို ခေါ်ခြင်းဖြစ်ပါတယ် ။ Gluten ဆိုတာ ကတော့ ဂျုံစေ့ ၊ မုယောစပါး ၊ ဘာလီ ၊ ရိုင်းဂျုံ၊ မုယောခြောက်စသည်တို့မှာ တွေ့ရတဲ့ ပရိုတိန်းတစ်မျိုး ဖြစ်ပါတယ် ။ Gluten ကို အစားအသောက်တွေမှာ အနံ့ကောင်းစေဖို့ ၊ ကြာရှည်ခံဖို့နဲ့ ထူထဲစေဖို့ တခါတရံ dextrin အနေနဲ့ သုံးကြတာ ရှိပါတယ်။ Gluten free အစားအစာတွေဟာ Celiac disease နဲ့ ဆက်နွယ်နေတဲ့ အခြေအနေတွေဖြစ်တဲ့ dermatitis herpetiformis (အရေပြားရောင်ရမ်းနာတစ်မျိုး ) နဲ့ ဂျုံအလာဂျီ တို့ကို ကုသဖို့အတွက် ဆေးပညာအရ လက်ခံထားတဲ့ တစ်ခုတည်းသော ကုသချက် ဖြစ်ပါတယ် ။

Celiac disease ဆိုတာကတော့ gulten intolerance လို့ အသိများပြီး အမေရိကန် ၁၃၃ ယောက်မှာ ၁ ယောက်ဖြစ်လေ့ရှိတဲ့ မျိုးရိုးဗီဇ ( genetic) ရောဂါတစ်ခု ဖြစ်ပါတယ်။ Celiac disease ရဲ့ လက္ခဏာတွေကတော့ ဝမ်းသွားခြင်း ၊ ကိုယ် အလေးချိန်ကျခြင်း၊ အာဟာရဓါတ်ချို့တဲ့ခြင်း စတာတွေ ဖြစ်ပါတယ်။ European တွေမှာအဖြစ်များပြီး လတ်တလော လေ့လာစမ်းသပ်မှု အဖြေတွေအရတော့ လူမည်းတွေနဲ့ အာရှလူတွေမှာလည်းဖြစ်တယ်လို့ သိရပါ တယ် ။

Gluten free diet သည် အုတ်ဂျုံ ( မြင်းစားဂျုံ) ကိုဖယ်ထုတ်ထားခြင်းပဲ ဖြစ်ပါတယ် ။ ဆရာဝန်တွေကတော့ မြင်းစား ဂျုံ (oats) ဟာ celiac ရောဂါခံစားရသူတွေအတွက် allergen တစ်ခုလား သို့မဟုတ် သူတို့ဟာ တခြား အလာ့ဂျင်တွေကြောင့် ဖြစ်ရတာလားဆိုတာ ( ဂျုံကြိတ်ခွဲတဲ့ နေရာမှာ တခြားအလာ့ဂျင်တွေနဲ့ ရောစပ်ခြင်း cross contamination ) ဆိုပြီး ၂ ပိုင်း ခွဲခြားထားပါတယ်။ Gluten free ဆိုတာဟာ ဂလူတန် လုံးဝမပါတာထက်စာရင် အန္တရာယ်မရှိလောက်တဲ့ ပမာဏပါဝင်နေခြင်းကို ရည်ညွှန်းခြင်းပဲ ဖြစ်ပါတယ် ။ ဘယ်လောက် ပမာဏလောက်ပါရင် အန္တရာယ်မရှိဘူဆိုတာကိုတော့ အတိအကျမသိရပါဘူး။ လတ်တလော စနစ်တကျပြုလုပ်ထားတဲ့ review တစ်ခုအရတော့ နေ့စဉ် gluten 10mg အောက်စားသုံးခြင်းဟာ ဆိုကျိုးတွေကို မဖြစ်စေပါဘူးလို့ ဆိုပါတယ်။ Gluten free လို့ တံဆိပ်ကပ်ထားတာတွေဟာလည်း နိုင်ငံတစ်ခုချင်းစီအပေါ် မူတည်ပြီးတော့ ကွဲပြားခြားနားမှု ရှိနေပါတယ်။ United States မှာဆိုရင် ၂၀၀၇ စံသတ်မှတ်ချက်အရ Gluten free ဆိုတာဟာ gluten 20 ppm ထက်နည်းတဲ့ အစားအသောက် ကုန်ပစ္စည်းတွေ ဖြစ်တယ်လို့ FDA က သတ်မှတ်ခဲ့ပါတယ်။ လတ်တလော အပြည်ပြည်ဆိုင်ရာ စံသတ်မှတ်ချက်ကတော့ 20 ppm gluten လောက် ပါဝင်တဲ့အစားအစာကို Gluten free foods လို့ ခေါ်ပါတယ်။

လတ်တလော အပြည်ပြည်ဆိုင်ရာ စံသတ်မှတ်ချက်ကတော့ 20 ppm gluten လောက် ပါဝင်တဲ့အစားအစာကို Gluten free foods လို့ ခေါ်ပါတယ်။

အမျိုးမျိုးသော ဂျုံနဲ့ ကစီဓါတ်ပါတဲ့ စားဖွယ်တွေကို gluten free diet တွေအဖြစ် စဉ်းစားကြပါတယ်။ အသုံးအများဆုံးကတော့ ပြောင်းဖူး၊ အာလုံး၊ ဆန်နဲ့  ကလောပီနံတို့ပဲ ဖြစ်ပါတယ်။ ပဲအမျိုးမျိုး ၊ ပဲပုပ်၊ မြေပဲ စသည်တို့ကိုလည်း တခါတရံမှာ gluten free အစားအသောက်အဖြစ် အသုံးပြုကြပြီး ပရိုတိန်းနဲ့ dietary fiber အဖြစ် ထည့်သွင်းအသုံးပြုကြပါတယ်။ ပန်းဂျုံ  (buckwheat) ဟာ ဂျုံနဲ့ ဆက်နွယ်မှု မရှိပါဘူး။ ပန်းဂျုံကို gluten-free diet အဖြစ် လက်ခံအသုံးပြုနိုင်ပါတယ်။ ဂလူတန်ကို အစားအစာတွေမှာ နည်းလမ်းပေါင်းစုံနဲ့ အသုံးပြုကြပါတယ်။ ဥပမာအားဖြင့် အစားအသောက်တွေ ရေရှည်တည်မြဲစေရန် သို့မဟုတ် ရေခဲမုန့်လိုမျိုး၊ စားမြိန်စေဖို့အတွက် thickener အဖြစ်လည်း အသုံးပြုကြပါတယ်။ Gluten free အစားအစာကိုပဲ စားမယ်လို့ ကြံရွယ်ထားတဲ့ လူတွေအတွက်ကတော့ ဆေးတွေနဲ့ ဗီတာမင်တွေကအစ ပါဝင်တဲ့ ingredient (ပါဝင်မှု အမျိုးအစား) တွေကို သေချာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ နှုတ်ခမ်းနီလိုမျိုး ၊ နှုတ်ခမ်းမှာသုံးတဲ့ အမွှေးဆီ စတာတွေမှာလည်း gluten ပါဝင်နိုင်ပါတယ်။ ဒါကြောင့် မသုံးခင် သေချာစစ်ဆေးဖို့ လိုပါတယ်။ စာရွက်တွေမှာ ကပ်တဲ့ ကော်မှာလည်း gluten ပါပါတယ်။ အစားအစာ အများစုမှာ gluten ပါဝင်နေပေမယ့်လည်း သူတို့ဟာ ingredient list မှာတော့ အမြဲပါဝင်လေ့ မရှိပါဘူး။ ဘာလို့ မပါသလဲဆိုတော့ ထုတ်ကုန်တစ်ခု စထုတ်စဉ်မှာ gluten ကို အသုံးမပြုတဲ့အတွက်ဖြစ်ပါတယ်။ ဒါပေမယ့် ပြင်ဆင်တဲ့အခါ (preparation or manufacturing ) မှာတော့ ပါဝင်လာပါတယ်။ Natural flavoring လို့ ဆိုပေမယ့်လည်း gluten ပါဝင်နိုင်တဲ့အတွက် သတိထား ရမှာ ဖြစ်ပါတယ်။

Gluten free လို့ ကပ်ထားတဲ့ label တွေရဲ့ မှန်ကန်မှု

Codex Alimentarius မှ သတ်မှတ်ထားတဲ့စံအရ gluten free ကို သတ်မှတ်ထားပါတယ်။ ဒါပေမယ့် ဒီစံညွှန်းဟာ gluten မပါတဲ့ သဘာဝ အစာတွေကိုတော့ မရည်ညွှန်းပါဘူး။ လတ်တလော စမ်းသပ်ထားတဲ့ အဖြေတွေအရ cloeliac disease ရှိတဲ့ လူတစ်ယောက်အတွက် အမြင်ဆုံး လုံခြုံစိတ်ချမှု၊ အန္တရာယ်မပေးနိုင်မှု ရှိတဲ့ အစားအစာဟာ 0.02% ( 200 parts per million ) လောက်ပဲ ရှိပါတယ်။ မူလ ဂျုံစေ့မှာ gluten 12 % ပါဝင်ပါတယ်။ သေးငယ်တဲ့ပမာဏ ဖြစ်ပေမယ့်လည်း cross contaminate ဖြစ်နိုင်တဲ့အတွက် ကိုယ်ပိုင်အစားအသောက် ပြုလုပ်တဲ့အခါမှာရေ့ာ စီးပွားဖြစ် ထုတ်လုပ်တဲ့အခါမှာရော သတိထားဖို့တော့ လိုပါတယ်။ United States မှာတော့ gluten ကို တချို့သောအစားအစာတွေမှာ label ကပ်ထားလေ့ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ US FDA ဟာ gluten ကို GRAS – Generally Recognized As Safe (ယေဘုယျအားဖြင့် အန္တရာယ်မရှိပါ) လို့ သတ်မှတ်ထားတဲ့အတွက် ဖြစ်ပါတယ်။ အခုနောက်ဆုံးမှာတော့ အစားအသောက်တွေ မဟုတ်တဲ့ ဆေးဝါးတွေနဲ့  ဗီတာမင်ဆေးလုံးတွေမှာ အထူးသဖြင့် ဆေးတောင့် ပုံစံတွေမှာတောင်မှ gluten ဟာ binding agent အနေနဲ့ ပါဝင်တာကို တွေ့ရပါတယ်။

လတ်တလော စမ်းသပ်ထားတဲ့ အဖြေတွေအရ cloeliac disease ရှိတဲ့ လူတစ်ယောက်အတွက် အမြင်ဆုံး လုံခြုံစိတ်ချမှု၊ အန္တရာယ်မပေးနိုင်မှု ရှိတဲ့ အစားအစာဟာ 0.02% ( 200 parts per million ) လောက်ပဲ ရှိပါတယ်။ မူလ ဂျုံစေ့မှာ gluten 12 % ပါဝင်ပါတယ်။ သေးငယ်တဲ့ပမာဏ ဖြစ်ပေမယ့်လည်း cross contaminate ဖြစ်နိုင်တဲ့အတွက် ကိုယ်ပိုင်အစားအသောက် ပြုလုပ်တဲ့အခါမှာရေ့ာ စီးပွားဖြစ် ထုတ်လုပ်တဲ့အခါမှာရော သတိထားဖို့တော့ လိုပါတယ် ။

Gluten free ပေါင်မုန့်

ပေါင်မုန့်ဟာ အနောက်တိုင်းသားတွေအတွက် မရှိမဖြစ် အစားအစာတစ်ခု ဖြစ်ပါတယ်။ wheat လိုမျိုး ဂျုံစေ့နဲ့ ပြုလုပ်ထားပြီး gluten ပါဝင်ပါတယ်။ Wheat gluten ဟာ အထူးသဖြင့် ပေါင်မုန့်ကို ဆွဲဆန့်လို့ရအောင် ပေါင်မုန့်ကို ညက်သွားအောင် ပေါင်းစပ်ထည့်ဝင်ရတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ Gluten free ပေါင်မုန့်ကိုတော့ ဆန်နဲ့ပြုလုပ်ပြီး ဆန်ပေါင်မုန့်၊ ပြောင်းမျိုး နှံစားပင် ပေါင်မုန့်၊ ပြောင်းနှင့် ပြုလုပ်ထားသော ပေါင်မုန့် ပဲပေါင်မုန့်စသဖြင့် အမျိုးမျိုးရှိပါတယ်။ ဒါပေမယ့် gluten မပါဝင်တဲ့အတွက် ရေရှည်မှာ ပုံသဏ္ဍာန်ကို ထိန်းနိုင်ဖို့တော့ မလွယ်ပါဘူး။ ဒါကြောင့် ဂလူတန်အစား xanthum gum , hydroxypropyl methylcellulose (HPMC), corn starch နဲ့ ဥတွေကို အသုံးပြုကြပါတယ်။

Gluten free beer

Gluten free အစားသောက်တွေမှာ Gluten free beer ကိုလည်း နောက်ပိုင်း တွင်ကျယ်စွာ ထုတ်လုပ်လာကြပြီ ဖြစ်ပါတယ်။ ကဲဒါဆိုရင် Gluten free diet တွေကို စားသုံးခြင်းဖြင့် ဘာတွေ ဖြစ်နိုင်သလဲဆိုတာကို ဆက်လက်လေ့လာကြည့်ရအောင်။

ဂလူတန်မပါဝင်တဲ့ စားသောက်ကုန် အများစုမှာ ဖောလစ်ဓါတ် ၊ သံဓါတ်နဲ့ အမျှင်ဓါတ်တွေ နည်းပါးစွာ ပါဝင်တာကို တွေ့ရပါတယ်။ ဒါ့အပြင် gluten free diet ကို အမြဲ မရရှိနိုင်တဲ့အတွက် GSE လို့ခေါ်တဲ့ Gluten-Sensitive Enteropathy လူနာတွေဟာ သတ်မှတ်ထားတဲ့ တစ်နေ့တာ ဂျုံစပါး စသည်တို့ကို စားလေ့ မရှိကြပါဘူး။ စံသတ်မှတ်ထားတဲ့ gluten free diet ဟာလည်း တစ်နေ့တာ လိုအပ်တဲ့ အမျှင်ဓါတ်၊ ဘီဝမ်း၊ ဘီတူး၊ ဖောလစ်၊ သံဓါတ်နဲ့ ကယ်လ်စီယမ်တွေကို လိုက်မမှီပဲ လျော့နည်းနေပါတယ်။ နီရဲနေတဲ့ အသားတွေ၊ ငါးတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာတော့ လိုအပ်တဲ့ အာဟာရတွေအတွက် ပြီးပြည့်စုံတဲ့အရာတွေ ဖြစ်ပါတယ် ။

Ref : http://en.wikipedia.org/wiki/Gluten-free_diet
http://www.celiac.com/

သက်တန့်ချို

18 July 2010

မှတ်ချက်။             ။ http://publichealthinmyanmar.blogspot.com/ မှ ကူးယူဖော်ခြင်း ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.