YOU ARE HERE: Home သတင်းဆောင်းပါး သတင်းများ လိင်တူချစ်သူ မားကပ်စ်ကောလင်းရဲ့ တေးအယ်လ်ဘမ် အင်္ဂလန်မှာ နံပါတ် (၉)ချိတ်

လိင်တူချစ်သူ မားကပ်စ်ကောလင်းရဲ့ တေးအယ်လ်ဘမ် အင်္ဂလန်မှာ နံပါတ် (၉)ချိတ်

သက်တံ့အယ်ဒီတာအဖွဲ့။ မတ်လ ၁၄ ရက်နေ့၊ ၂၀၁၂ ခုနှစ်။

gem-logo

 

ပွင့်ပွင့်လင်းလင်း လိင်တူချစ်သူ အမျိုးသားတဦးဖြစ်တဲ့ မားကပ်စ်ကောလင်းရဲ့ Seven Nation Army ဆိုတဲ့အမည်နဲ့ တေးသီချင်း အယ်လ်ဘမ်ဟာ အင်္ဂလန်နိုင်ငံရဲ့ အခုလောလောဆယ် ပရိသတ်အကြိုက်ဆုံး၊ အအောင်မြင်ဆုံး တေးသီချင်းများ (၁၀)ခု စာရင်းမှာ နံပါတ် (၉) နေရာ ချိတ်နေပါတယ်။

မားကပ်စ်ကောလင်း (Marcus Collins) အနေနဲ့ White Stripes အဖွဲ့ရဲ့ Seven Nation Army ဆိုတဲ့ သီချင်းကို ဆန်းသစ်သော ဖန်တီးမှု၊ မြူးကြွတဲ့ ပုံစံအသစ်တွေနဲ့ ပြန်လည်သီဆိုထားတာ ဖြစ်ပါတယ်။

Seven Nation Army ဆိုတဲ့သီချင်းကို ပြီးခဲ့တဲ့ မတ်လ (၅) တနင်္လာနေ့မှာ ဖြန့်ချီခဲ့တာဖြစ်ပြီး တေးသီချင်း ဝေဖန်သူများနဲ့ သီချင်းဝါသနာအိုးတွေရဲ့ကြားထဲမှာ ဟိုးလေးတကျော် ဝေဖန်မှုတွေကို ဖြစ်စေခဲ့ပါတယ်။

Seven Nation Army သီချင်းကို White Stripes အမေရိကန် ရောခ့် (Rock) တေးဂီတအဖွဲ့က ပထမဦးဆုံး သီဆိုထားတာဖြစ်ပြီး သူတို့ရဲ့ လေးခုမြောက် အယ်လ်ဘမ်ဖြစ်တဲ့ Elephant တေးစီးရီးထဲက  သီချင်းတပုဒ် ဖြစ်ပါတယ်။ Elephant အယ်လ်ဘမ်ကို ၂၀၀၃ ခုနှစ်မှာ ဖြန့်ချိခဲ့တာဖြစ်ပြီး အဲဒီအယ်လ်ဘမ်ထဲမှာ ပါဝင်ခဲ့တဲ့ Seven Nation Army သီချင်းဟာ အအောင်မြင်ဆုံး ဖြစ်ခဲ့ပါတယ်။ White Stripes အဖွဲ့ဟာ အမေရိကန်နိုင်ငံ၊ မီချီဂန် (Michigan) ပြည်နယ်၊ Detroit မြို့မှာ တည်ရှိပြီး ၁၉၉၇ ခုနှစ်မှာ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

မားကပ်စ်ကောလင်း (Marcus Collins)ဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က အင်္ဂလန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ X Factor သီချင်းပြိုင်ပွဲမှာ ဒုတိယဆုကို ရရှိထားခဲ့သူဖြစ်ပြီး တေးရေးသူတဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဆံပင်အလှပြင်မှုဘက်မှာ ကျွမ်းကျင်သူတဦးလည်း ဖြစ်ပါတယ်။

ဒါပေမယ့် အရင် X Factor မှာ ဆုရခဲ့ဖူးသူတွေ ထုတ်ဝေတဲ့ တေးစီးရီးသီချင်းတွေရဲ့ အောင်မြင်မှုတွေနဲ့ နှိုင်းယှဉ်ရင် မားကပ်စ်ကောလင်း (Marcus Collins) ရဲ့ အောင်မြင်မှုဟာ မပြောပလောက်ဘူးလို့ ဝေဖန်သူတွေက ထောက်ပြကြပါတယ်။

သူ့လိုဘဲ X Factor မှာ ဝင်ပြိုင်ခဲ့ပြီး ၂၀၀၈ ခုနှစ် ပြိုင်ပွဲရဲ့ ဒုတိယဆုရှင်ဖြစ်တဲ့ JLS လို့ခေါ်တဲ့ အဖွဲ့ရဲ့ တေးအယ်ဘမ်ဟာ ၂၀၀၉ ခုနှစ် ရောင်းအကောင်းဆုံး စာရင်းမှာ နံပါတ် (၁) ဖြစ်ခဲ့ပါတယ်။ အဲလိုဘဲ ၂၀၀၉ ခုနှစ်မှာ ဒုတိယရခဲ့တဲ့ Olly Murs ဟာလည်း Please Don’t Let Me Go သီချင်းနဲ့ ၂၀၁၀ ခုနှစ်ရဲ့ ရောင်းတမ်းစာရင်းမှာ နံပါတ် (၁)နေရာမှာ ရှိခဲ့ပါတယ်။

မားကပ်စ်ကောလင်း (Marcus Collins) အနေဖြင့် ကိုယ်ပိုင်နာမည်တင်ထားတဲ့ တေးအယ်လ်ဘမ်တခုကို ၂၀၁၂၊ မတ် (၁၂) မှာ ထုတ်ဝေဖြန့်ချီဖို့ ရှိပါသေးတယ်။ အဲဒီအယ်လ်ဘမ်ထဲမှာ တေးသီချင်းပေါင်း (၁၂) ပုဒ်ပါဝင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မားကပ်စ်ကောလင်းရဲ့ အခုအယ်လ်ဘမ်ဖြစ်တဲ့ Seven Nations Army ဟာ အင်္ဂလန်နိုင်ငံသာမကဘဲ စကော့တလန်မှာလည်း အလားတူ နံပါတ် (၉)နေရာမှာ ချိတ်ခဲ့တယ်လို့ ဆိုပါတယ်။

 

Add comment


Security code
Refresh

Networking Links

mymgedulogoMyanmar Gay Education
သူငယ်ချင်းတွေ အားလုံး တစ်ဦးနှင့် တစ်ဦး ဆက်သွယ် ရင်းနှီးမှု လွယ်ကူ စေရန် ပြုလုပ် ပေးထားခြင်း ပဲဖြစ်ပါတယ်။

mplusMplus Thailand
Chiang Mai-based Mplus unveils its mision and ponders the challenges ahead

mhsMyanmar Homosexual Society
Welcome Boy Homo created this network with SocialGO.

Colors Rainbow Facebook

လာရောက်ကြည့်ရှုသူများ

Reference

Myanmar Gay Education
Myanmar Gay Education Website www.mymgedu.com
IGLHRC
International Gay and Lesbian Human Rights Commision
Out Magazine
Opinion for the Modern Gay Man

ADVOCATE.com
LGBT News site