YOU ARE HERE: Home သတင်းဆောင်းပါး သတင်းများ လိင်တူချစ်သူနှစ်ဦးကို ဖမ်းဆီးပြီး ထောင်ချအပြစ်ပေးခဲ့တဲ့ ကင်မရွန်းနိုင်ငံကို အမေရိကန်၊ အီးယူနဲ့ လိင်တူချစ်သူအရေး အခြားတက်ကြွလှုပ်ရှားသူများက ကန့်ကွက်ရှုတ်ချ

လိင်တူချစ်သူနှစ်ဦးကို ဖမ်းဆီးပြီး ထောင်ချအပြစ်ပေးခဲ့တဲ့ ကင်မရွန်းနိုင်ငံကို အမေရိကန်၊ အီးယူနဲ့ လိင်တူချစ်သူအရေး အခြားတက်ကြွလှုပ်ရှားသူများက ကန့်ကွက်ရှုတ်ချ

သက်တံ့အယ်ဒီတာအဖွဲ့၊ အောက်တိုဘာလ (၁၇)၊ ၂၀၁၂

cameroon

လိင်တူချစ်သူနှစ်ယောက်ကို ဖမ်းဆီးပြီး ထောင်ဒဏ်အဖြစ် ပြစ်ဒဏ်ပေး ချမှတ်ခဲ့တဲ့ ကင်မရွန်းနိုင်ငံ တရားရုံးရဲ့ဆုံးဖြတ်ချက် နဲ့ ပတ်သက်ပြီး အမေရိကန်၊ အီးယူနဲ့ အခြား လိင်တူချစ်သူများဆိုင်ရာ အခွင့်အရေး လှုပ်ရှားသူတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်ကြပါတယ်။

၂၀၁၁ ခုနှစ် ဂျူလိုင်လက ကင်မရွန်းနိုင်ငံ၊ မြို့တော် Yaounde’ ရဲ့ နိုက်ကလပ်အပြင်ဖက်မှာ Francky နှင့် Jonas ဆိုသူ (၂)ဦးကို ရဲက ဖမ်းဆီးခဲ့ပြီး အရက်သေစာ သောက်စားမှု၊ ဆန့်ကျင်ဖက်လိင်လို ဝတ်စားဆင်ယင်မှု၊ ဂေးအမူအရာ ပေါ်လွင် အောင် နေထိုင်မှုတွေနဲ့ တရားစွဲဆိုခဲ့ပါတယ်။

အဆိုပါ စွဲချက်တွေနဲ့ သူတို့နှစ်ဦးကို တရားရုံးက ထောင်ဒဏ် ငါးနှစ် ချမှတ်ခဲ့ပါတယ်။ မူလ တရားရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ် သက်ပြီး အယူခံဝင် လျှောက်ထားခဲ့တဲ့အတွက် ၂၀၁၂၊ အောက်တိုဘာလ ၁၉ ရက်နေ့မှာ အထက်တရားရုံးက ထပ်မံကြားနား စစ်ဆေးပြီး စီရင်ချက်ချမှာ ဖြစ်ပါတယ်။

Francky နှင့် Jonas တို့ရဲ့ အယူခံဝင် လျှောက်ထားချက်အပေါ် တရားရုံးအနေနဲ့ အဆုံးသတ် ဆုံးဖြတ်ချက် ချမှတ်မှုမတိုင်မီ အမေရိကန်၊ အီးယူးနဲ့ အခြား လိင်တူချစ်သူများအရေး တက်ကြွလှုပ်ရှားသူတွေက အခုလို ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချ လိုက်တာ ဖြစ်ပါတယ်။

AllOut.org ဆိုတဲ့ အဖွဲ့အစည်းရဲ့ အမှုဆောင်ဒါရိုက်တာဖြစ်ပြီး ပူးတွဲတည်ထောင်သူ တဦးလည်းဖြစ်သူ Andre Banks ကတော့ “အမျိုးသမီးဆန်ဆန် ဝတ်စားဆင်ယင်၊ ပြောဆိုနေထိုင်ပြီး အရက်သေစာ သောက်စားခဲ့တဲ့ ပြစ်မှုတွေနဲ့ Francky နဲ့ Jonas တို့နှစ်ဦးကို တရားရုံးက အမြင့်ဆုံးဖြစ်ဖွယ်ရှိတဲ့ ပြစ်ဒဏ်ကို ချမှတ်ခဲ့တယ်” လို့ ပြောဆိုခဲ့ပါတယ်။

လိင်တူချစ်သူတွေဟာလည်း လူသားတွေသာ ဖြစ်ပြီး အခြားလူသားတွေ ပြုမူဆက်ဆံခံရသလို ပြုမူဆက်ဆံခံရပိုင်ခွင့် ရှိသင့် ကြောင်း ကင်မရွန်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဖြစ်သူ Robert Jackson က အခုလို ပြောဆိုခဲ့ပါတယ်။

“ဂေးတွေ၊ လယ်စဘီယံတွေဆိုတာလည်း လူသားတွေထဲက လူသားတွေပဲ ဖြစ်ပါတယ်။ ဒီကိစ္စကို လူသားတယောက်ရဲ့ ရပိုင် ခွင့်ဆိုင်ရာ လူ့အခွင့်အရေးရှုထောင့်ကနေ ချဉ်းကပ်တာမျိုး ကျနော့်အနေနဲ့ ပိုမိုလိုလား နှစ်သက်ပါတယ်။ ကင်မရွန်းနိုင်ငံဟာ စီးပွားရေးနဲ့ ငွေကြေးဆိုင်ရာ ဗဟိုအာဖရိကနိုင်ငံများ (CEMAC:Central African Economic and Monetary Community) အဖွဲ့ကြီးထဲမှာ လိင်တူချင်း ချစ်တာကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ပြီး အရေးယူတဲ့ တခုတည်းသော အဖွဲ့ဝင်နိုင်ငံ ဖြစ်ပါတယ်” Robert Jackson က ပြောဆိုခဲ့ပါတယ်။

ဥရောပသမဂ္ဂ (အီးယူ) ကလည်း ကင်မရွန်းနိုင်ငံရဲ့ လိင်တူချစ်သူတွေအပေါ် ဖိနှိပ်အရေးယူနေမှုတွေကို အမြန်ဆုံး ရပ်တန့်ဖို့ ထပ်မံတောင်းဆိုခဲ့ပါတယ်။

ကင်မရွန်းနိုင်ငံဆိုင်ရာ အီးယူအဖွဲ့ရဲ့ ကိုယ်စားလှယ်တွေအနေနဲ့ ကင်မရွန်းနိုင်ငံမှာ လူ့အခွင့်အရေးတွေ အပြည့်အဝထွန်းကား ပြီး လိင်တူချစ်သူတွေအပေါ် ခွဲခြားဖိနှိပ်ဆက်ဆံမှုတွေ ပပျောက်ဖို့ကို အထူးလိုလား နှစ်သက်ပြီး လုပ်ဆောင်သွားမယ်လို့ လည်း အီးယူအဖွဲ့တာဝန်ရှိသူက ပြောဆိုခဲ့ပါတယ်။

ကင်မရွန်းနိုင်ငံမှာ လိင်တူချစ်သူတွေအပေါ် ကန့်သတ်ဖိနှိပ်တဲ့ ဥပဒေတွေ ပယ်ဖျက်ပေးရေးနဲ့ အဆိုပါ လိင်တူချစ်သူတွေ အပေါ် ဖိနှိပ်တဲ့ ဥပဒေတွေအရ ဖမ်းဆီးအပြစ်ပေးခံနေရတဲ့ သူတွေကို လွှတ်ပေးဖို့အရေး ကင်မရွန်း သမ္မတထံကို AllOut. org အဖွဲ့ကနေ ဦးဆောင်ပြီး လူပေါင်းတသိန်းက လက်မှတ်ထိုး တောင်းဆိုခဲ့ကြပါတယ်။

Source: www.pinknews.co.uk

 

Add comment


Security code
Refresh

Networking Links

mymgedulogoMyanmar Gay Education
သူငယ်ချင်းတွေ အားလုံး တစ်ဦးနှင့် တစ်ဦး ဆက်သွယ် ရင်းနှီးမှု လွယ်ကူ စေရန် ပြုလုပ် ပေးထားခြင်း ပဲဖြစ်ပါတယ်။

mplusMplus Thailand
Chiang Mai-based Mplus unveils its mision and ponders the challenges ahead

mhsMyanmar Homosexual Society
Welcome Boy Homo created this network with SocialGO.

Colors Rainbow Facebook

လာရောက်ကြည့်ရှုသူများ

Reference

Myanmar Gay Education
Myanmar Gay Education Website www.mymgedu.com
IGLHRC
International Gay and Lesbian Human Rights Commision
Out Magazine
Opinion for the Modern Gay Man

ADVOCATE.com
LGBT News site