လူသားထဲက လူသားများသာဖြစ်သော LGBT တို့သည် လူသားများအားလုံးအတွက် မရှိမဖြစ် လိုအပ်သော ကိုယ်စိတ်နှစ်ပါး ကျန်းမာရေးသုခကို ရရှိခံစားခွင့်ရှိသည်

ယနေ့ ၂၀၁၆ ခုနှစ် မေလ (၁၇) ရက်နေ့သည် လိင်တူချစ်သူများအတွက် ထူးခြားအရေးပါသည့်နေ့ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ( World Health Organization ) မှနေ၍ လိင်တူချစ်ခြင်း (Homosexuality) သည် စိတ်ရောဂါမဟုတ်ကြောင်း ကြေညာပြီး စိတ်ရောဂါစာရင်းမှ တရားဝင် ပယ်ထုတ်ခဲ့သောနေ့ (၂၅) နှစ်ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာတဝှမ်းမှာရှိသော LGBT များက အထိမ်းအမှတ်ပွဲများကို ၁၉၉၁ ခုနှစ်က စတင်လုပ်ဆောင်ခဲ့လာခဲ့ကြပြီး မြန်မာနိုင်ငံတွင်လည်း နှစ်စဉ်ကျင်းပလာခဲ့သည်မှာ (၄) နှစ် ရှိပြီဖြစ်သည်။

ယခုနှစ်၏ နိုင်ငံတကာ ဆောင်ပုဒ်မှာ “Mental Health and Well Being၊ ကိုယ်၊ စိတ်နှစ်ပါး ချမ်းသာခြင်း သုခ” ဖြစ်ပါသည်။

ယခုနှစ်၏ နိုင်ငံတကာ ဆောင်ပုဒ်မှာ “Mental Health and Well Being၊ ကိုယ်၊ စိတ်နှစ်ပါး ချမ်းသာခြင်း သုခ” ဖြစ်ပါသည်။ ကိုယ်စိတ်နှစ်ပါး ချမ်းသာခြင်း သုခသည် လူတိုင်းအတွက် အရေးကြီးလှသည်။ လူတိုင်းအနေဖြင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုအပ်သလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး လိုအပ်ကြသည်။ စိတ်မကျန်းမာလျှင် ကိုယ်ချမ်းသာမှုအား ခံစားနိုင်ခြင်းရန် အလွန်ပင်ခက်ခဲမည် ဖြစ်ပါသည်။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ရရှိရန်အတွက် မိမိကိုယ်ကို မိမိတန်ဖိုးထားနိုင်ပြီး ခွဲခြားမှု၊ အထင်သေး နှိမ့်ချမှု၊ မုန်းတီးခြင်းနှင့် အကြမ်းဖက်ခံရခြင်းတို့မှ ကင်းဝေးမှုတို့ လိုအပ်လှသည်။

အထင်သေးမှု၊ နှိမ့်ကျမှုတို့ကို ရင်ဆိုင်ရလေ့ရှိသော LGBT များအနေဖြင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ရရှိခံစားနိုင်ရန် အခက်အခဲများစွာ ကြုံရသည်ကို တွေ့ရသည်။ ထိုသူများသည် လူသားများထဲက လူသားများ ဖြစ်ပါလျက် သီးသန့်ဖယ်ကြဉ်ထားခြင်းကို နေ့စဉ်နှင့်အမျှ ခံစားနေရသည်။ အထူးသဖြင့် ဆန့်ကျင်ဘက်လိင်ကဲ့သို့ ဝတ်စားဆင်ယင် နေထိုင်တတ်ကြသောသူများ (Transgender) များသည် ပတ်ဝန်းကျင်၏ လှောင်ပြောင်ကဲ့ရဲ့ခြင်း၊ ကြမ်းတမ်းသော စကားလုံးများဖြင့် သုံးနှုန်းပြောဆိုခံရခြင်း၊ ဆဲဆိုခြင်း၊ အော်ဟစ်ခံရခြင်းတို့ကြောင့် စိတ်အားငယ်ခြင်းများ ကြောက်ရွံ့ခြင်းများ၊ မဝံ့မရဲခြင်းများဖြင့် အသက်ရှင်နေကြရသည်။ ထို့ထက် ပိုမိုဆိုးဝါးသည့် အကြမ်းဖက်ခြင်းများကိုလည်း ရင်ဆိုင်ရတတ်သည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် နေထိုင်ရှင်သန်နေရသော သူများအတွက် ကိုယ်စိတ်နှစ်ပါး ကျန်းမာရေးသုခကို ရရှိရန်မှာ မလွယ်ကူလှသောအရာ ဖြစ်သည်။

လူသားများထဲက လူသားများသာဖြစ်သော LGBT တို့သည် လူသားများအားလုံးအတွက် မရှိမဖြစ် လိုအပ်သော ကိုယ်စိတ်နှစ်ပါး ကျန်းမာရေးသုခကို ရရှိခံစားခွင့်ရှိသည်မှာ အမှန်ပင်ဖြစ်ပါသည်။ ထိုသို့ရရှိနိုင်အောင် လုပ်ဆောင်ရန်မှာ LGBT များ လုပ်ဆောင်ရမည့်အရာ ဖြစ်သလို အစိုးရနှင့် လူမှုအသိုင်းအဝိုင်းများကလည်း လေးစား ကာကွယ်ပေးရမည့်အချက် ဖြစ်သည်။

လူသားများထဲက လူသားများသာဖြစ်သော LGBT တို့သည် လူသားများအားလုံးအတွက် မရှိမဖြစ် လိုအပ်သော ကိုယ်စိတ်နှစ်ပါး ကျန်းမာရေးသုခကို ရရှိခံစားခွင့်ရှိသည်မှာ အမှန်ပင်ဖြစ်ပါသည်။ ထိုသို့ရရှိနိုင်အောင် လုပ်ဆောင်ရန်မှာ LGBT များ လုပ်ဆောင်ရမည့်အရာ ဖြစ်သလို အစိုးရနှင့် လူမှုအသိုင်းအဝိုင်းများကလည်း လေးစား ကာကွယ်ပေးရမည့်အချက် ဖြစ်သည်။ မည်ကဲ့သို့သော ဖိနှိပ်ခွဲခြားဆက်ဆံမှုများ ရှိသည်ဖြစ်စေ LGBT များအနေဖြင့် မိမိတစ်ဦးချင်း၏ ကိုယ်စိတ်နှစ်ပါး ကျန်းမာရေးသုခကို ရရှိနိုင်အောင် မိမိတို့၏ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ ချမ်းသာရေးကို ထိမ်းသိမ်းရန်လိုသည်။ လူသားတယောက်၏ ဂုဏ်သိက္ခာများကို အထိခိုက်မခံဘဲ မိမိ၏ဖြစ်တည်မှုများကို ရဲရဲဝ့ံဝံ့ ဂုဏ်ယူတတ်ရန် အထူးအရေးကြီးလှသည်။

ထို့အတူပင် ရပ်ရွာလူမှုအသိုင်းအဝိုင်းအတွင်း ခွဲခြားသော၊ မုန်းတီးသော၊ အထင်သေးသော၊ အကြမ်းဖက်လိုသော စိတ်ဓာတ်များ ပပျောက်ပြီး လူကိုလူလိုမြင်သည့် ဗြဟ္မစိုရ်တရားများ ထွန်းကားအောင် လုပ်ဆောင်ရန် လူတိုင်း တာဝန်ရှိသည်။ အစိုးရအနေဖြင့်လည်း လိင်တူချစ်သူများအပေါ် မုန်းတီးမှုကို အားပေးသည့် ဥပဒေများ၊ ပေါ်လစီများကို အမြန်ဆုံးဖျက်သိမ်း၍ လိင်စိတ်ခံယူမှုမရွေး နိုင်ငံသားတိုင်းကို ကာကွယ်မှုပေးရန် လိုအပ်သည်။ သို့မှသာလျှင် လိင်တူချစ်သူများအပါအဝင် လူတိုင်းလူတိုင်း ကိုယ်စိတ်နှစ်ပါး ကျန်းမာရေးသုခကို ခံစားနိုင်မည် ဖြစ်ပေသည်။ ထိုကြောင့် ကိုယ်စိတ်နှစ်ပါး ချမ်းသာခြင်းသုခအား LGBT များအနေဖြင့် အခြားသူများနည်းတူ ခံစားခွင့်ရှိသည့် အခွင့်အရေးများ အပြည့်အဝ ရရှိရန်အတွက် ဝိုင်းဝန်းလက်တွဲ လုပ်ဆောင်သွားရန် တိုက်တွန်းအပ်ပါသည်။

LGBT အခွင့်အရေးဆိုင်ရာ ကွန်ရက်-မြန်မာ
၁၇ မေလ၊ ၂၀၁၆ ခုနှစ်

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.