Mister Butterfly Myanmar 2018 ကို မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ်ကျင်းပမည်

Mister Butterfly Myanmar 2018 ကို မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပသွားမယ်လို့ ပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးကြည်သာ(ခ) သားကိုက ပြောပါတယ်။

ဒီပြိုင်ပွဲကို Mister Gay World 2018 ပြိုင်ပွဲရဲ့ မြန်မာနိုင်ငံဆိုင်ရာ National Director များဖြစ်တဲ့ ဦးကြည်သာ(ခ)သားကို နဲ့ ဦးအောင်ပြည့်စုံဖြိုး (ခ) PK Ricco တို့မှ တာဝန်ယူကျင်းပသွားမှာဖြစ်ပြီး ပြိုင်ပွဲဝင်များကို မတ်လနောက်ဆုံးပတ်မှာ ရွေးချယ်သွားမယ်လို့ ဆိုပါတယ်။

Mister Gay World Myanmar 2018 ခေါင်းစဉ်အစား Mister Butterfly Myanmar 2018 ဆိုတဲ့ အမည်နဲ့ ကျင်းပမယ့် ဒီပြိုင်ပွဲဟာ ကျင်းပမည့်ရက်အတိအကျကိုတော့ လောလောဆယ် ထုတ်ပြန်မှုမရှိသေးဘူးလို့ သိရပါတယ်။ ဒီပြိုင်ပွဲမှာ ဆုရတဲ့သူကို တောင်အာဖရိကနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် Mister Gay World 2018 ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ စေလွှတ်သွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“ပြိုင်ပွဲရက်ကတော့ ဧပြီလထဲမှာပဲ။ ဒါက မြန်မာနိုင်ငံအနေနဲ့ Mister Gay World ပြိုင်ပွဲကို ဒီနှစ်မှ National Director ထားပြီး လူရွှေးလွှတ်မှာပေါ့လေ။ အရင်နှစ်တွေက ပြိုင်ချင်လို့သာ ကိုယ့်အစီစဉ်နဲ့ ကိုယ်သွားပြိုင်ကြတာပဲ ရှိတယ်။ အခုလိုမျိုးပြိုင်ပွဲကျင်းပပြီး စိစစ်ရွေးချယ်စေလွှတ်မှာက အခုပွဲက ပထမဆုံးပါပဲ” ဟု National Director ဦးကြည်သာ(@)သားကိုက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.